Ads (728x90)

မြန်မာပြည်မှာ မူဆလင်နဲ့ ဖြစ်တဲ့ အရေးအခင်းတွေကို အပေါ်ယန်လေ့လာကြည့်တာ။ မြန်မာပြည်သူတရပ်လုံး အာဏာရှင်ရဲ့ဖိနိပ်မှု့ အမျိုးမျိုးခံနေရချိန်မှာ မြန်မာပြည်က မူဆလင်ဘာသာဝင်တွေဟာ သူတို့ဘာသာဝင်တွေ မြန်မာပြည်မှာ များပြားလာအောင် ဘယ်လောက်ကျိတ်ပြီး စနစ်တကျ လုပ်ဆောင်ခဲ့သလဲဆိုတာကို သတိထားမိလာတယ်။ အဓိကအားဖြင့်မြို့နဲ့ အလှမ်းဝေးတဲ့နေရာတွေနဲ့ အုပ်ချုပ်မှု့ယန္ဒယား အားနဲပြီး ပညာနဲ့ ငွေကြေးချို့တည့်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး စည်းရုံးထားတာတွေ့ရတယ်။ တစ်ချို့နေရာတွေမှာဆို မြန်မာလူမျိုးတွေ ဦးထိပ်မှာထားတဲ့ ဘုန်းတော်ကြီးတွေကိုတောင် ပေါ်ပေါ်တင်တင် စော်ကားနေကြတာတွေ တွေ့နေရတယ်။ တစ်ချို့ကတော့ ပြဿနာတွေဖြစ်မှ ဟ ပြဿနာတွေဖြစ်ပြန်ပြီဟဆိုပြီး ဖြစ်တဲ့ ပြဿနာလောက်ကိုသာ ဦးတည်ပြီး မှတ်ချက်ပြုကြတယ်။ အဲ့ဒီလို မှတ်ချက်ပြုကြတာ မလုံလောက်ဘူးလို့ ကျွန်တော် ယူဆတယ်။ ဘာကြောင့်လဲဆိုရင် ပြည်ပက ရိုဟင်ဂျာ လှုံ့ဆော်မှု့နဲ့ ပြည်တွင်း မူဆလင်တွေရဲ့ လှုပ်ရှာမှု့တွေဟာ စပ်ဆက်မှု့တွေရှိနေတာ တွေ့နေရလို့ဖြစ်တယ်။ ဒါကြောင့် မြန်မာလူငယ်တွေအနေနဲ့ မြန်မာပြည်အဝှမ်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ရှု့မြင်တတ်ဖို့ လိုနေပြီလို့ အကြံပြုပါရစေ။

မြန်မာပြည်ကနိုင်ငံရေးရောင်ရောင် အမျိုးသားရေးရောင်ရောင် လူ့အခွင့်အရေးရောင်ရောင် အစိုးရဆန့်ကျင်ရေးရောင်ရောင် ကောင်တွေပြောနေ ထင်နေသလောက် လက်ရှိမြန်မာပြည်က အစိုးရအဖွဲ့ဝင်တွေ မမိုက်ကြဘူးလို့ ကျွန်တော်ထင်တယ်။
ဘာကြောင့်လဲဆိုရင် တိုင်ပြည်အာဏာက စစ်အာဏာရှင်တဖြစ်လဲ လက်ရှိဒီမိုကရေစီအစိုးရလက်ထဲမှာ အဲ့ဒီအစိုးရအဖွဲ့ထဲကလူတွေဘဲ စစ်အာဏာရှင်ပုံစံနဲ့ တိုင်းပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်ခဲ့တယ် ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး နောက်ဆုံးမရတဲ့အဆုံးမှာ ရှေ့မျက်နှာနောက်ထား စစ်ယူနီဖေါင်းတွေ ပေါ်ပေါ်တင်တင်ချွတ်ပြီး သူတို့ဘဲ ဒီမိုကရေစီအစိုးရပုံစံနဲ့ တိုင်းပြည်ကို ဆက်ပြီးအုပ်ချုပ်တယ် အထိုက်အလျှောက် အောင်မြင်မှု့တွေရလာသလို သူတို့ကို ကမ္ဘာကရော မြန်မာပြည်က အတိုက်အခံတွေကပါ အသိအမှတ်ပြုမှု့တွေရလာတယ်။ အဲ့ဒီအချိန်မှာ မူဆလင်နဲ့ မြန်မာလူ့အသိုင်းအဝန်းကြားမှာ ဝိရောဓိတွေဖြစ်လာပြီး တိုင်းပြည်ရဲ့တည်ငြိမ်မှု့ကိုပါ ထိပါးလာတယ်။ အဲ့ဒီလို ဖြစ်လာတာရဲ့တရားခံဟာ လက်ရှိအစိုးရဖြစ်တယ်လို့ မြန်မာပြည်ကနိုင်ငံရေးရောင်ရောင် အမျိုးသားရေးရောင်ရောင် လူ့အခွင့်အရေးရောင်ရောင် အစိုးရဆန့်ကျင်ရေးရောင်ရောင် ကောင်တွေက ပြောနေကြတယ်။ ကျွန်တော်တကယ်အံ့သြမိတယ်ဗျာ ! ဘာကြောင့်လဲဆိုရင် ဘယ်လိုလူသတ္တဝါမှ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ အလုပ်ကို လုပ်မှာမဟုတ်ဘူးဆိုတာ သေချာနေလို့ဘဲ။ အဲ့ဒီထဲမှာ လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရလဲပါတယ်။ မြန်မာပြည်ကို တည်ငြိမ်ဖွံ့ဖြိုးမှု့ အရှိချင်ဆုံး အုပ်စုကိုပြပါဆိုရင် လက်ရှိအစိုးရကိုဘဲ ပြရမှာဘဲ ဘာကြောင့်လဲဆိုရင် သူတို့ နှစ်ပေါင်းများစွာ အိမ်မက်မက်ခဲ့တဲ့ မြန်မာပြည်ရဲ့ အခြေအနေဟာ လက်ရှိအခြေအနေဘဲလေ အဲ့ဒီအခြေအနေကြီးကို ပျက်စီးသွားအောင် သူတို့ကိုယ်တိုင် လုပ်ပါ့မလား ? ဒါမှမဟုတ် သူတို့ အုပ်ချုပ်နေတဲ့ ကာလမှာ သူတစ်ပါးက လက်ရှိအခြေအနေကြီးကို ပျက်စီးသွားအောင် လုပ်တာကိုရော သူတို့ လက်ပိုက်ကြည့်နေပါ့မလားဆိုတာ ဦးနောက်ရှိသူတိုင်း စဉ်းစားတတ်မှာပါ။ ဒါပေမဲ့ မြန်မာပြည်က ရောင်ရောင်ကောင်တွေရဲ့ ဦးနောက်ကတော့ တိုင်းပြည်မှာ ပြဿနာလေးတစ်ခု ဖြစ်ပြီဆိုတာနဲ့ အစိုးရလက်ချက်ဘဲ ဆိုတဲ့ အတွေးကလွဲပြီးဆက်မတွေးတတ်ကြဘူးဆိုတာကတော့ တိုင်ပြည်ရော လူမျိုးပါ မိအေးနှစ်ခါနာ ဖြစ်ရတယ်ဗျာ !

အောင် မင်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...