Ads (728x90)

အခုတလော မြန်မာမော်ဒယ် တွေ သရုပ်ဆောင် တွေ ရဲ့ အဖော်အချွတ်ပုံတွေချည်းဘဲတွေ့ နေရတယ်။

 မြန်မာမိန်းကလေးတွေ ဆိုတာ သနပ်ခါးနဲ့ ရိုးရာဝတ်စုံ လေးနဲ့ ကျက်သရေရှိတယ် ဆိုတာ မသိကြဘူးလား။ မသိချင်ယောင်ဘဲဆောင်နေကြပြီ မဟုတ်တတ်ဘက်ကနေ နာမည်ကြီးအောင် လုပ်နေကြတာလား ။

နိုင်ငံခြားသူတွေက မြန်မာ့ရိုးရာဝတ်စုံကို နှစ်သက်နေကြတဲ့အချိန်မှာ သူတို့ က အဖော်အချွတ်တွေနဲ့ နိုင်ငံခြားတိုင်းပြည်ရဲ့ ဝတ်စုံတွေကို အထင်ကြီးနေကြတယ် မင်းတို့ လေးတွေရဲ့ ဓါတ်ပုံတွေကြောင့် မင်းတို့ မိဘ ဆွေမျိုးတွေ က ဂုဏ်ယူဝင့်ကြွားနေကြမယ် မင်းတို့ ထင်သလား။

 ပြီးတော့ အဲဒီပုံတွေ နိုင်ငံခြားသားတွေ မြင်ပြီး မင်းတို့  မြန်မာမိန်းကလေးတွေ အဲဒီလိုတွေ ဖြစ်ကုန်ကြပြီးလားလို့ မေးကြရင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ တခြားမြန်မာကလေးတွေ မင်းတို့ လေးတွေကြောင့် ၀ါးလုံးရှည်နဲ့ သိမ်းကြုံးအရိုက်ခံရတဲ့အဖြစ်မျိုးအဖြစ်ခံနိုင်မလား ??။

 မြန်မာ့ရိုးရာဝတ်စုံကို မ၀တ်ချင်နေပါ လုံလုံခြုံခြုံရှိတဲ့ အ၀တ်အစားလေးကိုတော့ ၀တ်စေချင်ပါတယ်။ မင်းတို့ လူနည်းတွေကြောင့် တခြားမြန်မာမိန်းကလေး အထင်အသေးခံရတာမျိုးမဖြစ်စေပါနဲ့ ။

Gunner Cross

https://www.facebook.com/photo.php?fbid=537501256304347&set=a.254024474652028.66646.100001334329490&type=1&relevant_count=1&ref=nf

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...