Ads (728x90)




ဇက်ကာဘာ့ဂ်၏ Facebook Account Hack ကိုလုပ်၍ လုံခြုံရေး သတိပေး
Facebookတွင် လုံခြုံရေး အားနည်းချက်များ ရှိနေကြောင်း ဝေဖန်မှုများစွာ ထွက်ပေါ်နေချိန်တွင် ပါလက်စတိုင်းသား ခါလီရှာရက်တာက ယခုလို လက်တွေ့ပြသသွားခြင်း ဖြစ်သည်။ 
Facebookတွင် လုံခြုံရေး ပြဿနာများ ရှိနေကြောင်းကို Facebook၏ အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘာ့ဂ်၏ Accountအား Hackခြင်းဖြင့် ပါလက်စတိုင်း နည်းပညာ ကျွမ်းကျင်သူ တစ်ဦးက သက်သေပြခဲ့သည်။ Facebookတွင် လုံခြုံရေး အားနည်းချက်များ ရှိနေကြောင်း ဝေဖန်မှုများစွာ ထွက်ပေါ်နေချိန်တွင် ပါလက်စတိုင်းသား ခါလီရှာရက်တာက ယခုလို လက်တွေ့ပြသသွားခြင်း ဖြစ်သည်။ အစောပိုင်းက မိမိသည် Facebook၏ လုံခြုံရေး ဝန်ဆောင်မှု အဖွဲ့ကို သတိပေးမှုများ ပြုလုပ်ဖူးသော်လည်း အလေးအနက် မထားခဲ့သည့်အတွက် ယခုလို ထောက်ပြခြင်းဟုလည်း ရှာရက်တာက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဇက်ကာဘာ့ဂ်၏ Accountကို ထိုးဖောက် ဝင်ရောက်ပြီးနောက် ရှာရက်တာက မိမိ၏ လုပ်ဆောင်မှုကို Wallပေါ်တွင် စာရေးသား အသိပေးသွားခဲ့သည်။



"ပထမဆုံး ခင်ဗျားရဲ့ Privacyကို ချိုးဖောက်မိတာကို တောင်းပန်ပါတယ်။ ခင်ဗျားရဲ့ Wallပေါ်မှာ စာရေးမိတာရောပေါ့။ ကျွန်တော့် အနေနဲ့ Facebookရဲ့ လုံခြုံရေး ဝန်ဆောင်မှု အဖွဲ့ကို စာရေးသား အကြံပေးခဲ့ပေမယ့် ဂရုမစိုက်တာကြောင့် ဒီနည်းကလွဲပြီး တခြားထောက်ပြစရာ မရှိတော့ဘူးလေ"ဟု ရှာရက်တာက ရေးသားခဲ့သည်။ ရှာရက်တာက မိမိသည် သတင်းအချက်အလက် စနစ်အတွက် ဘွဲ့ရထားသော်လည်း လက်ရှိ အလုပ်အကိုင် မရသေးသည့် လုံခြုံရေး သုတေသန တစ်ဦးအဖြစ်လည်း မိတ်ဆက်ထားသည်။



၎င်းက Facebook၏ လုံခြုံရေး စနစ်ပိုင်းအရ မိမိသည် မည်သူ့Accountကိုမဆို အသုံးပြုကာ Postများ တင်နိုင်သည့် ယိုပေါက်မျိုး တွေ့ရှိထားပြီး ယင်းအခြေအနေသည် မိမိ၏ Friend Listထဲတွင် မပါရှိသူများတွင်ပါ လုပ်ဆောင်နိုင်စွမ်း ရှိနေကြောင်း မှတ်ချက်ပြုထားသည်။ အဆိုပါ ယိုပေါက်မျိုးသည် Spammerများနှင့် အခြားသော ဆိုင်ဘာ ရာဇဝတ်သားများအတွက် အမြတ်ထုတ်စရာ အနေအထား ဖြစ်လာနိုင်ကြောင်းလည်း ရှာရက်တာက ဆိုသည်။ Facebookသည် လက်ရှိ ကမ္ဘာပေါ်တွင် သုံးစွဲသူ (၁)ဘီလျံမျှ ရှိနေသည့် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီး ဖြစ်သည်။

Free Download PDF: http://www.planet.com.mm/evening
Planet Myanmar Network.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...