Ads (728x90)

Photo: မန်ယူ Vs ချယ်လ်ဆီး ပွဲကြို အချက်အလက်များ

မန်ယူအသင်းနှင့် ချယ်လ်ဆီး အသင်းတို့သည် လာမည့် တနင်္လာနေ့ည အင်္ဂါနံနက် (၁)နာရီခွဲတွင် အိုးထရက်ဖို့ဒ်၌ ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ အဆိုပါ ထိပ်တိုက် တွေ့ဆုံမည့် ပွဲအတွက် သိသင့်သည့် ပွဲကြို အချက်အလက်များကို စာဖတ်သူများ အတွက် မျှဝေ ဖော်ပြအပ်ပါသည်။ ။
……………. …………… ……………
နှစ်ဖက်အသင်းတို့၏ အနေအထား

မန်ယူ
ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမယ့် မိုရက်စ်ရဲ့ ပထမဦးဆုံး အိမ်ကွင်း ပွဲစဉ်မှာ ရွန်နီကို ပထမလိုင်းအပ်မှာ စတင်ပွဲထွက် စေမှာဖြစ်ပြီး၊ ရာဖာရဲလ်ကတော့ ဒူးကောက်ကြော ဒဏ်ရာကြောင့် (၄)ပတ်လောက် အနားယူရဦးမှာပါ။ နာနီ(ပေါင်ခြံ ဒဏ်ရာ)၊ ယန်း (ခြေကျင်းဝတ် ဒဏ်ရာ) ၊ ဟာနန်ဒက်ဇ် (ဒူးကောက်ကြော ဒဏ်ရာ) တို့ ဒဏ်ရာမှ ပြန်လည် သက်သာလာပြီး ဖြစ်ပေမယ့် ကြံ့ခိုင်မှူ့ အနေအထားအရ ပွဲထွက် ကစားခွင့် ရရေးတော့ မသေချာသေးပါဘူး။ ။

ချယ်လ်ဆီး
ချယ်လ်ဆီး၏ ရာသီအဖွင့် ပွဲစဉ် (၂)ပွဲလုံးကို ဒူးကောက်ကြော ဒဏ်ရာ ပြသနာကြောင့် လွဲချော်ခဲ့ရသော နောက်တန်း ကစားသမား လူးဝဇ် အနေဖြင့် မန်ယူနဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ ပါဝင်ခွင့် ရရေး မသေချာပါဘူး။ ရှေ့တန်းမှာ Romelu နဲ့ လူကာကူတို့ဖြင့် မော်ရင်ဟို ပွဲထွက်စေဖွယ် ရှိပါတယ်။ ။
……………. …………… ……………
နှစ်ဖက်နည်းပြတို့၏ ပြောစကားများ

မိုရက်စ်
“ကျွန်တော် ယူနိုက်တက် အသင်းကို ရောက်လာခဲ့တာက အဆင့်ရှိတဲ့ ကစားပွဲတွေကို ပုံဖော်ပေးမလို့ပါ။ ဆုဖလားတွေ အောင်မြင် ရယူဖို့ ရောက်လာတာပါ။ ချယ်လ်ဆီးလို အသင်းမျိုးကို အနိုင်ရယူဖို့ လုပ်ဆောင်သွားမှာပါ။ ပွဲစဉ်(၂)က ကျွန်တော့်အတွက်တော့ ကြီးကျယ်တဲ့ အိမ်ကွင်း အဖွင့်ပွဲစဉ်ကို ပထမဦးဆုံး ကိုင်တွယ်ခွင့် ရမယ့် ပွဲ(၁)ပွဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ အင်အားတောင့်တင်းစွာနဲ့ ရာသီသစ်ကို စတင်လာခဲ့ပါတယ်၊ သူတို့မှာ ကစားသမားကောင်းတွေ ရှိနေသလို အသင်းကောင်း တစ်သင်းလည်း ဖြစ်ပါတယ်၊ ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် ကစားပွဲမှာ (၂)သင်းလုံးဟာ အခွင့်အရေး ကြီးကြီးမားမားတော့ မရှိပါဘူး။ သူတို့အသင်းဟာ ကျွန်တော် တို့ အသင်းလိုပဲ နည်းပြသစ်နဲ့ ရာသီသစ်ကို စတင်နေတဲ့ အသင်းဖြစ်ပါတယ်”

မော်ရင်ဟို
“ကစားသမား အသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အချိန်မရောက်ခင် စကားတွေ ကြိုပြောနေရတာကို ကျွန်တော် မကြိုက်ပါဘူး၊ ဘာကြောင့်လို့လည်း ဆိုတော့ ဘောလုံးလောကမှာ အဖြစ်အပျက်တွေက ရှူးသွပ်သွားနိုင်စေလို့ပါ။ ကစားသမားတွေ ဘာလိုချင်သလည်း ဆိုတာကို ကျွန်တော် သိတာပေါ့”
……………. …………… ……………
ပွဲကြိုအချက်အလက်များ

• မန်ယူအသင်းနှင့် ချယ်လ်ဆီး အသင်းတို့ သမိုင်းတစ်လျောက် ပြိုင်ပွဲစုံ၌ စုစုပေါင်း (၁၆၈)ပွဲ ယှဉ်ပြိုင် ကစားခဲ့ရပြီး၊ မန်ယူအသင်းက (၇၂)ပွဲနိုင် (၄၉)ပွဲသရေနှင့် ချယ်လ်ဆီးအသင်းက (၄၇)ပွဲ အနိုင်ရရှိခဲ့သည်။ ။

• ရော်ဘင်ဗန်ပါစီသည် ပရီးမီးယားလိဂ် နောက်ဆုံး (၈)ပွဲ ကစားခဲ့ရာတွင် ယခုအခါ (၉)ဂိုးထိ့ သွင်းယူထားနိုင်ခဲ့သည်။ ။ (ပြီးခဲ့သည့် ရာသီကုန်ခါနီးမှ ယခုရာသီ ဆွမ်ဆီးနှင့် ပွဲထိ့ပါဝင်)

• ပြီးခဲ့သည့် ရာသီက (05.05.2013) ပရီးမီးယားလိဂ်၌ အိုးထရက်ဖို့ဒ်တွင် ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းကို အနိုင်ရရှိခဲ့သောကြောင့် အကယ်၍ ယခုယှဉ်ပြိုင်မည့် ပွဲစဉ်၌လည်း ချယ်လ်ဆီး အသင်းကသာ မန်ယူအသင်းကို အနိုင်ရခဲ့ပါက (၂၀၁၃) တစ်နှစ်ထဲတွင် အိုးထရက်ဖို့ဒ်ကွင်း၌ မန်ယူအသင်းကို (၂)ကြိမ် အနိုင်ရသည့် အသင်းအဖြစ် မှတ်တမ်းဝင်လိမ့်မည် ဖြစ်သည်။ ။

• မန်ယူအသင်းသည် ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် ပြိုင်ဖက်အသင်းများနှင့် ယှဉ်ပြိုင် ကစားခဲ့ရာတွင် အခြားသော ပြိုင်ဖက် အသင်းများထက် ရှူံးနိမ့်ခဲ့ရမှူ့ အများဆုံး အသင်းမှာ ချယ်လ်ဆီး အသင်း ဖြစ်နေပြီး၊ မန်ယူအသင်း ချယ်လ်ဆီးကို (၁၄)ကြိမ် ရှူံးနိမ့်ထားခဲ့သည်။ ။

• အချိုးကျ တွက်ချက်မှူ့အရ မန်ယူအသင်းသည် ချယ်လ်ဆီး အသင်းနှင့် ပရီးမီးယားလိဂ် ယှဉ်ပြိုင်ရာ၌ အနိုင်ရနိုင်ချေမှာ (၃၁%) သာရှိကြောင်း သိရသည်။ ။

• ပြီးခဲ့သည့် ရာသီ (၂၀၁၂-၂၀၁၃) ရာသီက မန်ယူနှင့် ချယ်လ်ဆီးတို့ ပြိုင်ပွဲစုံ၌ တစ်ရာသီထဲတွင် (၅)ကြိမ် တွေ့ဆုံခဲ့ကြပြီး ချယ်လ်ဆီးက (၃)ပွဲနိုင် (၁)ပွဲသရေ မန်ယူက (၁)ကြိမ်သာ အနိုင်ရခဲ့သည်။ ။

• ဟာနန်ဒက်ဇ်သည် ချယ်လ်ဆီးအသင်းနှင့် ပြိုင်ပွဲစုံ၌ နောက်ဆုံး (၉)ပွဲ ရင်ဆိုင် ကစားခဲ့ရာတွင် (၆)ဂိုးထိ့ သွင်းယူထားနိုင်ခဲ့သည်။ ။

• မော်ရင်ဟိုသည် ပြိုင်ပွဲစုံ၌ အိုးထရက်ဖို့ဒ်သို့ လာရောက် ရင်ဆိုင်နည်းပြခဲ့သည့် (သူကိုင်တွယ်သည့်) (၇)ပွဲတွင် (၂)ပွဲသာ ရှူံးနိမ့်ထားသည်။ ။ {(၃)ပွဲနိုင် (၂)ပွဲသရေ (၂)ပွဲရှူံး}

• ၀ိန်းရွန်နီသည် ပရီးမီးယားလိဂ် ပွဲစဉ်(၁)၌ မန်ယူအသင်းအတွက် ဒုတိယပိုင်းမှ လူစားဝင် ကစားခွင့် ရခဲ့ပေမယ့် သူပါဝင်လာပြီးနောက် ရရှိခဲ့သည့် ဂိုး(၂)ဂိုးလုံးအား ဂိုးရရှိနိုင်စေရန် အတွက် ရွန်နီက (၂)ကြိမ်လုံး အထောက်အပံ့ ပေးနိုင်ခဲ့သည်။ ။

• ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ် နောက်ဆုံး (၅)ရာသီတွင် (၄)ရာသီမှာ အဖွင့်ပွဲ (၃)ပွဲလုံး အနိုင်ရရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့သည့် အသင်းအဖြစ် မှတ်တမ်း ရှိထားသည်။ ။

• မန်ယူအသင်းနှင့် ချယ်လ်ဆီး အသင်းတို့ ပရီးမီးယားလိဂ် နောက်ဆုံး (၃)ပွဲ ရင်ဆိုင် ကစားခဲ့ရာတွင် မာတာသည် ပွဲတိုင်း ဂိုးသွင်းယူနိုင်ခဲ့သည်။ ။
……………. …………… ……………
MATCH ODDS
Man Utd 29/20, Chelsea 21/10, Draw 12/5.
ယူနိုက်တက်နဲ့ ချယ်လ်ဆီး ဘယ်သူ အသာစီးရသွားမလဲ ကြည့်ရအောင်

မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီး အသင်းတို့ရဲ့ ယခုနှစ်ဘောလုံးရာသီအစ ထိပ်တိုက်တွေ့ဆုံမှုကို စောင့်ကြည့် ရင်ခုန်ကြရအောင်။

ဘယ်အသင်း အသာရပြီး အနိုင်ယူသွားမယ်လို့ ပရိသတ်ကြီး ထင်ပါသလဲ?
comment ပေးပြီ ခန့်မှန်းကြည့်ပါအုံး။

ပွဲစဉ်တိုက်ရိုက်ကြည့်ရှုနိုင်မယ့် လင့်ခ်တွေကို ထပ်မံစုစည်းဖော်ပြထားပါတယ်။

http://atdee.net/64989/watch-manchester-united-vs-chelsea
http://atdee.net/64990/watch-manchester-united-vs-chelsea
http://atdee.net/64991/watch-manchester-united-vs-chelsea
http://www.livecricketstreamin.com/channel4
http://www.livecricketstreamin.com/channel5
http://www.livecricketstreamin.com/skys1
http://www.atdhe24.net/football/14/56/536192/manchester-united-vs-chelsea-live-stream-online.html
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...