Ads (728x90)

 Rakhine Citizen Journalists

“ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို သုံးတာရယ်၊ ဂျီနီဆစ်တို့ ဘာတို့ ကို သုံးတာကြည့်လို့ရှိရင် ရည်ရွယ်ချက်ကြီးကြီးမားမား ရှိနိုင်တယ်။ အင်မတန်ကြောက်စရာကောင်းတဲ့အဖြစ်အ ပျက်တွေ ဖြစ်လာခဲ့ရင် အယ်ဂျာဇီးယားမှာလည်း တာဝန် ရှိတယ်။“

အောက်တွင်ဖော်ပြထားသော တွေ့ဆုံမေးမြန်းခန်းမှာ Messenger News Journal တွင်ဖော်ပြသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံမေးမြခန်းဖြစ်ပြီး မှုရင်း အတု
ိင်းပြန်လည်ဖော်ပြခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်းနှစ်ခ
ု ယုံကြည်မှုတစ်ခု တည်ဆောက်ဖိုလိုပါတယ်

Messenger News Journal

အယ်ဂျာဇီးယားသတင်းဌာန၏ ရခိုင်ပဋိပက္ခသတင်းထုတ်လွှင့်မှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများရှိခဲ့ပြီး ယင်းသတင်းဌာန၏ စွပ်စွဲချက်တစ်ခုဖြစ်သော လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုသော အသုံး အနှုန်း အပေါ် နယ်ပယ်အသီးသီးမှ အပြင်းအထန်ကန့်ကွက်မှုများရှိခဲ့ပါသည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌဦးအေးမောင်အား The Messenger ဂျာနယ်မှ တွေ့ဆုံ မေးမြန်း ခဲ့ပါသည်။

မေး။ ။ အယ်ဂျာဇီးယားသတင်းဌာနက ရခိုင်ကိစ္စထုတ်လွှင့်မှုကို မြန်မာအစိုးရကန့်ကွက်မှုအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ထုတ်လွှင့်ချက်မှာ မြန်မာအစိုးရတားတာ ဘာ ကြောင့်လဲဆိုတာ ကျွန်တော်ယူဆနိုင်တာ၊ သူတို့က ဖုံး ကွယ်ထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းလို့ ပြောတာကိုး၊ hiding Genocide ခေါ်တယ်၊ ဖုံးကွယ်ရင် ဘယ်သူဖုံး ကွယ်မလဲ၊ လူထုက ဖုံးကွယ်လို့ ရချင်မှ ရမယ်လေ၊ အစိုးရမှာ တာဝန်ရှိတဲ့ သဘောပေါ့၊ ဂျီနိုဆိုဒ်လို့ သုံးနှုန်း တဲ့အခါကျတော့ မျိုးသုဉ်းအောင် သတ်ဖြတ်တယ်လို့ သုံးတယ်လေ၊ ဒါနဲ့ပတ်သက်ပြီး မျိုးသုဉ်းအောင် သတ်ဖြတ် တယ်ဆိုရင် ဗိုလ်ချုပ်သိန်းဌေးတို့၊ ဗိုလ်ချုပ်လှမင်းတို့၊ ဝန်ကြီးဦးခင်ရီတို့ ပြောတဲ့အထဲမှာလည်း ပါတယ်လေ။ ပွားနှုန်းတွေကိုကြည့်ရင် အဲဒီအထဲက ဒီလောက်ပွားလာ တာကို ကြည့်ရင် ဖြစ်နိုင်ပါ့မလားဆိုတာ မေးခွန်းလေး တောင် ပြန်မေးတယ်လို့ကြားတယ်၊ ခေါင်းစဉ်လေးကိုက အစိုးရက ကန့်ကွက်မယ်ဆို ကန့်ကွက်လောက်တဲ့ အသုံး အနှုန်းဗျ၊ ဝေါဟာရ ရွေးချယ်မှုပေါ့၊ အဲဒါကို ကန့်ကွက် တာတော့ ကျွန်တော်တို့ လက်ခံတယ်။ လူမျိုးသုဉ်းသတ် ဖြတ်တယ်ဆိုတာ မဟုတ်ဘူး။ နိုင်ငံတကာ သတင်းဌာန ကြီးတစ်ခုက တစ်ဖက်သတ်စွပ်စွဲတာမျိုးက နိုင်ငံတော် အစိုးရကလည်း ငြင်းရမှာဖြစ်သလို၊ ဒေသခံပါတီဖြစ်တဲ့ ကျွန်တော်တို့ပါတီကလည်း ပြင်းပြင်းထန်ထန်ကန့်ကွက် ပါတယ်။

မေး။ အွန်လိုင်းစာမျက်နှာတချို့မှာ ဒေါက်တာအေးမောင်က လည်း လူမျိုးသုဉ်းသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုရှိ တယ်ဆိုတဲ့ရေးသားမှုမျိုးကို ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေဆိုတာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝင်လာကြတာကိုး။ ခွင့်ပြုချက်ထားခဲ့တာတို့၊ ဘာတို့ မယုံသင်္ကာကြားထဲက ကျွန်တော်တို့ထူထောင်ခဲ့ကြတာ။ ကျွန်တော်တို့ပါတီမှာ အစိုးရကိုယ်၌ကိုက ယုံကြည်မှုရှိချင်မှရှိမယ်။ ကျွန်တော် တို့တွေ ဖြတ်သန်းရတာက ဘေးကျပ်နံကျပ်ပါ။ အစိုးရက လည်း မလုံခြုံဘူး။ ပြည်ပကလာတဲ့ အဖွဲ့အစည်းတွေ ကလည်း မလုံခြုံဘူး။ ကျွန်တော်တို့တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ အမျိုးသားရေးစိတ်ဓာတ်က ထားသင့်ထား အပ်တဲ့ အမျိုးသားရေးစိတ်ဓာတ် ကျွန်တော်တို့မှာရှိတယ်။ ထားနေတဲ့ အမျိုးသားရေးစိတ်ဓာတ်က လူများလူမျိုးစု၊ ဘာသာခြားတွေကို စော်ကားဖို့မဟုတ်ဘူး။ ကျွန်တော်တို့ ရေရှည်တည်တံ့ဖို့ကို ဝံသာနုရက္ခိတတရားနဲ့နေတာ။ပွင့်ပွင့်လင်းလင်းပြောရင် တစ်ရာမှာ ငါးယောက်ခြောက် ယောက် ရှိရင် ရှိမယ်။ ကျွန်တော်တို့ဒေသတည်မြဲဖို့ အတွက်ပါ။ အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးတဲ့အခါ ကျတော့ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ ပြည်ပမှာသွား မယ် မဟုတ်ရင် နောက်နိုင်ငံတွေ ထိုင်းနိုင်ငံတို့ဘာတို့ သွားအလုပ်လုပ်ကြတယ်။ ကချင်တို့ ဘာတို့မှာသွားပြီး အလုပ်လုပ်ကြတယ်။ ဒီဘက်မှာ ရခိုင်လူဦးရေက တ ဖြည်းဖြည်းလျော့လျော့သွားတယ။် ဒါပေမဲ့ ကျွန်တော်တို့ မှာ စိတ်ဓာတ်တစ်ခုတော့ရှိတယ်။ကိုယ့်နေရာကိုယ့်ဒေသ ကိုမခွာဘူး။ တစ်ချိန်ချိန်မှာပြန်ထူထောင်မယ်ဆိုတဲ့ စိတ် ဓာတ်ရှိတယ်။ ကျွန်တော်တို့မြေကို ဘယ်သူ့ကိုမှမပေး ဘူး။ အဲလိုလုပ်တဲ့အခါ တရားသဖြင့်ပဲ ကျွန်တော်တို့ ရပ်တည်တယ်။ ဘာသာခြားတွေလာတဲ့အခါ တရားသ ဖြင့် ထားပေးတာရှိတယ်။ မည်သည့်ဘာသာကိုမှ မစော် ကားဘူး။ ဒီကိစ္စဖြစ်သွားတဲ့ကာလမှာလည်း ကျွန်တော် တို့က တည်ငြိမ်အောင် ကြိုးစားခဲ့ပါတယ်။

မေး ။ ။ အခု စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီတွေ နေထိုင်တာမတွေ့ တော့ဘူး။ ဈေးမှာလည်း ဘင်္ဂါလီတွေ မရှိတော့ဘူးလို့ သိရပါတယ်။ ရေရှည်မှာ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ဒါကတော့ လူထုက ဆုံးဖြတ်တာဗျ၊ ဒီမိုကရေစီမှာ လူထုက အဓိကပဲ။ ဥပမာ လူထုနဲ့ အာဏာပိုင်နဲ့၊ လူထု နဲ့ ပါတီနဲ့ ကွဲသွားတဲ့တစ်ချိန်မှာ ပါတီကျဆုံးမှာပဲ။ အာ ဏာပိုင်ကျဆုံးမှာပဲ။ လူထုက အရာရာကို ပိုင်စိုးတာကိုး။ ဘင်္ဂါလီလူထုရှိမယ်။ ရခိုင်လူထုရှိမယ်။ လူထုနှစ်ခုသင့် မြတ်ဖို့က အင်မတန်လိုအပ်တယ်။ သင့်မြတ်မှလည်း အတူယှဉ်တွဲနေထိုင်လို့ရမှာကိုး။ သင့်မြတ်ဖို့အတွက် သူ တို့ ကြိုးစားခဲ့ကြတဲ့ ကာလတွေ ရှိတယ်။ ရခိုင်ပြည်နယ် ရဲ့ သမိုင်းကို မေ့ပစ်လို့မရဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ သမိုင်း ကိုလည်း မေ့ပစ်လို့မရဘူး။ ၁၉၄၂ က ဖြစ်ခဲ့တဲ့ဟာကို လည်း ပြန်လည်သုံးသပ်ဖို့လိုမယ်။ အဲဒီကာလက အခု ဇွန်လမှာ မဖြစ်ခင်ကာလအထိ အခုလိုဖြစ်စဉ်မျိုး ဘယ် နှစ်ကြိမ်ဖြစ်ခဲ့သလဲ။ ဘယ်ဘယ်လိုလူသားတွေကို ရက် ရက်စက်စက်သတ်ဖြတ်ပြီးကာမှ မနေနိုင်အောင် ရခိုင် တွေကို အတွင်းကို မောင်းသွင်းခဲ့သလဲ။ တစ်ခုချင်း တစ်ခုချင်း လေ့လာဖို့လိုတယ်။ အင်မတန်ကြီးမားတဲ့ ဖြစ်စဉ်တွေဟာ ၁၉၄၂ နောက်ပိုင်းမှာရှိခဲ့တယ်။ ကျွန်တော် တို့ ဒေသကို ဘင်္ဂလားဒေ့ရှ်ဖြစ်အောင် ပါကစ္စတန်ဖြစ် အောင် လုပ်ခဲ့တာတွေရှိတယ်။ ယခုတော့ ယုံကြည်မှုတွေ ပြိုပျက်နေကြပြီ။ ပြန်ပြီးတော့ အတူယှဉ်တွဲနေထိုင်ဖို့ဆို တာ ဖြစ်နိုင်ခြေမရှိဆိုတာ အစိုးရကပဲ။ စဉ်းစားရမှာ။ မီးလောင်းပြင်နေရာတွေမှာ ပြန်ထားမယ်။ မထားဆိုတာ ကလည်း ဒီအစိုးရကပဲ လုပ်ရမယ့်ကိစ္စ။ ကျွန်တော်တို့က ထားပါလို့လည်း မပြောဘူး။ မထားနဲ့လည်း မပြောဘူး။ ဒါပေမဲ့ ထားခြင်းအားဖြင့် ဖြစ်လာမယ့် အကျိုးဆက်ရေ ရှည်တည်ငြိမ်အေးချမ်းမှုဆိုတဲ့ကဏ္ဍကို ဘယ်လိုအနှောင့် အယှက်ပြုမလဲဆိုတာ သုံးသပ်ဖို့လိုမယ်။ အဲဒီကိစ္စက လူထုနှစ်စုရဲ့ သင့်မြတ်မှုပဲ။ ယုံကြည်မှုကို သူတို့တည် ဆောက်နိုင်ရမယ်။ ရေရှည်သွားဖို့လိုမယ်။ ဒီနေ့မီးလောင် မယ်။ အဆောက်အဦးပြန်ဆောက်မယ်။ အတူနေပါဆိုတာ မျိုးဖြစ်ခဲ့လို့ရှိရင် သန်ဘက်ခါမီးလောင်ရင် အစိုးရရဲ့ တာဝန်ဖြစ်တယ်။

မေး ။ ။ ပဋိပက္ခတွေ ပြီးသွားခဲ့တာကြာမှ အယ်ဂျာဇီးယားကအခု လိုထုတ်လွှင့်တာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒါပေါ့ဗျ၊ တတိယအကြိမ်ဖြစ်ဖို့ ကျွန်တော်တို့စိုး ရိမ်ပါတယ်။ အိုဘားမားလာတုန်းကလည်း ကျွန်တော်တို့ ပြောတယ်။အိုဘားမားက ရိုဟင်ဂျာဆိုတာကို သုံးသွားတဲ့ အခါကျတော့ ငါတို့ဘက်က ထောက်ခံတယ်။ အမေရိ ကန်ဆိုတာ ဒီမိုကရေစီဆိုတဲ့ အသိ ဝင်သွားလို့ရှိရင် ရိုဟင်ဂျာလို့ ထပ်သုံးပြီးကာမှ အဲဒီကာလမှ ရိုဟင်ဂျာ လို့ နာမည်မပေးလို့ရှိရင် လက်မှတ်မထိုးတာတို့၊ အခုလည်း အယ်ဂျာဇီးယားက အာရပ်ဘာသာစကားနဲ့လည်း လွှင့် တယ်ဆိုတဲ့အခါကျတော့ အာရပ်ပြည်သူလူထုကို အသိပေး ချင်သလိုဖြစ်မှာပဲ။ ဒါပေမဲ့ ဒီဟာကို ကြည့်တဲ့အခါ အခြေအမြစ်မရှိဘူးဗျ၊ လုပ်ကြံဖန်တီးထားတာဖြစ်တယ်။ လုပ်ကြံဖန်တီးထားတာဆိုတော့ မီးလောင်ပြင်ကို ပြတယ်။ မောင်တောက လူတွေနဲ့ ပြတာများတယ်။ စစ်တွေကဆို လူတစ်ယောက်ရှိတယ်။ အဲဒီလူကလည်း အင်မတန် ရုပ်ပျက်ဆင်းပျက် RNDP ကို စွပ်စွဲတာပဲ။ ဒါမျိုးစွပ်စွဲ တယ်ဆိုတာ အခြေအမြစ်ခိုင်ခိုင်မာမာ ကိုယ့်မှာ ရှိဖို့လို တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လူပုဂ္ဂိုလ်တစ်ဦးရဲ့ ဂုဏ်သရေကို စော်ကားသလိုဖြစ်တယ်။ နိုင်ငံတကာမှာ တရားစွဲတောင်ခံရတယ်။ ကျွန်တော်တို့ကတော့ ပြန်လည် သုံးသပ်ဖို့ လိုဦးမှာပေါ့လေ။ ပါတီတစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်ကို စွပ်စွဲတယ်ဆိုတာမျိုးက ကိုယ့်ဘက်က မခိုင်လုံရင် ကြီးမားစွာ တုံ့ပြန်မှုကို သူတို့ခံရနိုင်တယ်။ မီးလောင်ပြင်ဟာ မောင်တောမှာ လောင်တယ်။ ဗလီတွေ ပိတ်ထားတာကို ပြတယ်။ ဗလီနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ် တွေကျတော့ မျက်လုံး မမှတ်မိအောင်လုပ်ထားတယ်။ မောင်တောဘက်မှာ မီးလောင်တာက ရခိုင်အိမ်တွေလောင် တာဗျ။ လူတွေကိုသတ်တယ်။ မီးတိုက်ထဲကိုသွင်းတယ်။ ထွက်ဆိုသွားတဲ့အရာအားလုံးဟာ ကျွန်တော်ထင်ပါတယ်၊ ဒါက စတီဒီယိုထဲမှာ ရိုက်တာပါ။ ဘာလုပ်တယ် ညာ လုပ်တယ်ခံရအောင် လုပ်တယ်ဆိုတဲ့ အမျိုးသမီးဟာလည်း ပဲ နောက်ဆုံးတော့ ဇာတ်လမ်းအရ သူသေသွားပြီပေါ့ဗျာ၊ ဒီလို ယုတ်တိယုတ်တန်မဲ့တဲ့ သတင်းတစ်ခုကို ဒီလိုနာ မည်ကြီးသတင်းဌာနတစ်ခုက ထုတ်လွှင့်တာကိုက တစ်ခုခုကို ဖန်တီးသလားဆိုတာ ကျွန်တော်တို့တွေးတာ ပေါ့ဗျ။ အဲဒါနဲ့ပတ်သက်ပြီး မလှုံ့ဆော်ဖို့ အစိုးရက ကန့် ကွက်ခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ်။ အာရပ်ဘာ သာနဲ့ လွှင့်တာမို့လို့ အာရပ်ကမ္ဘာကို လှုံ့ဆော်သလို ဖြစ် တယ်လေ။ OIC နိုင်ငံတွေရဲ့နောက်ကို တစ်စုံတစ်ခုသော မက်ဆေ့စ်ကိုပို့ချင်တာလည်း ဖြစ်နိုင်ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို သုံးတာရယ်၊ ဂျီနီဆစ်တို့ ဘာတို့ ကို သုံးတာကြည့်လို့ရှိရင် ရည်ရွယ်ချက်ကြီးကြီးမားမား ရှိနိုင်တယ်။ အင်မတန်ကြောက်စရာကောင်းတဲ့အဖြစ်အ ပျက်တွေ ဖြစ်လာခဲ့ရင် အယ်ဂျာဇီးယားမှာလည်း တာဝန် ရှိတယ်။ သတင်းထောက်တွေမှာလည်း တာဝန်ရှိတယ်။ ဖြေဆိုပေးတဲ့လူတွေမှာလည်း တာဝန်ရှိတယ်ဆိုတာကို ပြောချင်ပါတယ်။

မေး ။ ။ ဘင်္ဂါလီနဲ့ ရခိုင်နဲ့ အတူယှဉ်တွဲနေထိုင်ဖို့အတွက် အဓိကလို အပ်ချက်က ဘာဖြစ်နိုင်မလဲ။

ဖြေ။ ။ လိုအပ်ချက်တွေကတော့ အများကြီးရှိမှာပဲ။ လူ့ အဖွဲ့အစည်းနှစ်ခု ယုံကြည်မှုတစ်ခု တည်ဆောက်ဖို့လိုပါ တယ်။ အတူယှဉ်တွဲနေထိုင်ဖို့က ခက်လိမ့်မယ်ဗျ။ မယုံ ကြည်မှုပေါ့ဗျာ။ ဥပမာ ဒီဘက်ကို ဟိန္ဒူဟန်ဆောင်ပြီး မြို့ထဲကို အမျိုးသမီးတစ်ဦးဝင်တယ်လို့ သတင်းရတယ်။ အဲဒီအမျိုးသမီးမှာ အဆိပ်ထုပ်တွေတွေ့တယ်လို့ပြောတယ်။ ဟုတ်တယ်၊ မဟုတ်တယ်မပြောဘူး။ စွပ်စွဲတာကိုပြော တာ။ အဲဒီလို ပြောတာကိုက မယုံကြည်မှုပဲ။ မယုံကြည် မှုဆိုတာက မျိုးနွယ်တစ်စုမှာ လူမျိုးတစ်မျိုးရောလာလို့ရှိ ရင် ဒီဘက်ကို တစ်ယောက်လာရင် ဟိုဘက်က စွဲချက် တင်မယ်၊ ဟိုဘက်ကို တစ်ယောက်သွားရင် ဟိုဘက်က စွဲချက်တင်မယ်။ ယုံကြည်မှုမှမရှိတာ၊ ယုံကြည်မှုတည် ဆောက်ဖို့ အချိန်ကာလတစ်ခုလိုပါတယ်။

မေး။ ။ အစိုးရကပြောတဲ့ နှစ်ဖက်စလုံးက လှုံ့ဆော်နေတဲ့ သူတွေ ကို ဘာပြောချင်လဲ။

ဖြေ။ ။ လှုံဆော်တယ်ဆိုတာမျိုးက တစ်ဖက်က ရိုးရိုးသား သားလှုံ့ဆော်တာမျိုးလည်းရှိမယ်။ မိမိဘာသာ တည်တံ့ ဖို့အတွက် မိမိလူမျိုး မပျောက်ဖို့အတွက် မိမိနယ်မြေတည် တံ့ဖို့အတွက် လူကြီးတွေက ဆုံးမမယ်။ သာသနာရေး နဲ့ပတ်သက်တဲ့ ဘုန်းကြီးတွေက ဆုံးမမယ်။ ကိုယ့်လူမျိုး ကို ဆုံးမမယ်။ ကိုယ့်လူမျိုးကို လက်ထပ်ယူကြပါ။ ဘယ်နေရာပဲရောက်ရောက် ကိုယ့်ဒေသကို ပြန်လာကြ ပါ ဆိုတာမျိုးကတော့ မှာကြမှာပဲလေ။ ဒါကို လှုံ့ဆော် တယ်လို့ ပြောလို့မရဘူး။ လိုသည်ထက်ပိုပြီးလုပ်တယ် လို့ပြောလို့မရဘူး။ ဒါက လိုအပ်လို့လုပ်တာ။ တစ်ဖက် ကလာတဲ့ အင်အားစုကို ကာကွယ်ဖို့လုပ်တာ။ အဲဒါကို လူမျိုးခွဲခြားတယ်၊ ဘာသာခွဲခြားတယ်လို့ စွဲချက်တင်ရင် တိုင်းပြည်ပျောက်သွားမှာပေါ့ဗျာ။

ဖြေ။ ။ လှုံဆော်တယ်ဆိုတာမျိုးက တစ်ဖက်က ရိုးရိုးသား သားလှုံ့ဆော်တာမျိုးလည်းရှိမယ်။ မိမိဘာသာ တည်တံ့ ဖို့အတွက် မိမိလူမျိုး မပျောက်ဖို့အတွက် မိမိနယ်မြေတည် တံ့ဖို့အတွက် လူကြီးတွေက ဆုံးမမယ်။ သာသနာရေး နဲ့ပတ်သက်တဲ့ ဘုန်းကြီးတွေက ဆုံးမမယ်။ ကိုယ့်လူမျိုး ကို ဆုံးမမယ်။ ကိုယ့်လူမျိုးကို လက်ထပ်ယူကြပါ။ ဘယ်နေရာပဲရောက်ရောက် ကိုယ့်ဒေသကို ပြန်လာကြ ပါ ဆိုတာမျိုးကတော့ မှာကြမှာပဲလေ။ ဒါကို လှုံ့ဆော် တယ်လို့ ပြောလို့မရဘူး။ လိုသည်ထက်ပိုပြီးလုပ်တယ် လို့ပြောလို့မရဘူး။ ဒါက လိုအပ်လို့လုပ်တာ။ တစ်ဖက် ကလာတဲ့ အင်အားစုကို ကာကွယ်ဖို့လုပ်တာ။ အဲဒါကို လူမျိုးခွဲခြားတယ်၊ ဘာသာခွဲခြားတယ်လို့ စွဲချက်တင်ရင် တိုင်းပြည်ပျောက်သွားမှာပေါ့ဗျာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...