Ads (728x90)

ဆင်းရဲချမ်းသာကွာဟမှုကြောင့် အစိုးရကော ပြည်သူတွေဆီကနေ အမြတ်ထုတ်ခံနေရသော ဖြစ်ရပ်တချို့ကို တင်ပြချင်ပါသည်။ မည်သူ့ကိုမျှ စော်ကားလို နစ်နာလိုသော ဆန္ဒမပါဘူးဆိုတာတော့ ကြိုတင် မေတ္တာရပ်ခံပါရစေ...
ကားဟောင်းပါမစ်တွေ သိန်း၄၀အောက်ကျသွားတာကိ
ု လူတိုင်း သိကြမှာပါ။ အခုတော့ ပါမစ်ဈေးတွေပြန်မာလာပြီး ၇၅နဲ့ ၈၀ကျော်အထိဖြစ်သွားပ
ါတယ်။ အဲဒီလိုဖြစ်ရတာကတော့ ဓနအင်အားကြီးတွေရဲ့ ပေါင်းစည်းမှုကို ပြသနေတာပါ။ သိန်း၆၀ကျော်နဲ့ ပါမစ်တော်တော်များများ ပိုက်ဘောမိသလို ၀ယ်မိလို့ ခံရသူတွေမနည်းပါဘူး။ တယောက်တယောက်မှာဆို အစောင်၁၀၀၀ကျော်အထိရှိတဲ့သူတွေလည်း ရှိကြပါတယ်။ အဲလိုတာ ဈေးတွေကျနေရင် လိုသလောက် ကားပါမစ်တွေ ဈေးကွက်ထဲပြန့်နေရင် ကားပါမစ်ဈေးတွေ ဒီထက်မက ပိုနိမ့်သွားမှာကို ကစားသူတွေက မလိုလားကြပါဘူး။ အဲဒါကြောင့်လည်း ပါမစ်ဈေးကွက်ထဲဝင်ပြီး ကြိုက်ဈေးထက် ပိုပြီး ပေးဝယ်ကြတော့တာပါပဲ။ သိန်း၄၀၀ကျော်တန်ကားဝယ်စီးချင်သူတွေဟာ ပါမစ်တစောင်ကို သိန်း၃၀လောက်ကွာလည်း ဂရုမစိုက်ပါဘူး။ ပါမစ်ကစားသူတွေ သိန်း၄၀အောက် ပါမစ်ဈေးဖြစ်သွားရင် သူတို့အတွက် ၁၅သိန်းရှူံးမှာပါ။ အဲဒါကြောင့် ဈေးကွက်ဖျက်တယ်လို့ဆိုနိုင်တဲ့၊ မိုနိုပိုလီအသေးစားလုပ်ရပ်တွေနဲ့ ကားပါမစ်ဈေးကို မြှင့်တော့တာပါပဲ။ တပည့်တွေမွေးပြီး ပါမစ်ရမည့် ကားဟောင်းမှန်သမျှကို ဈေးကြီးကြီးပေးပြီး လိုက်ဝယ်ပြီး ဈေးကွက်ကို ထိန်းတော့တာပါပဲ။ ငွေပေါ်ငွေရင်းပြီး ကားဈေးကွက်မှာ အမြတ်ထုတ်လိုက်တာ အခုဆို အဲဒီကစားသူတွေအရင်က သိန်း၃၀လောက်အရှူံးခံပြီး ရောင်းရမည့် စလစ်တွေဆို သိန်း၂၀လောက်ပြန်မြတ်ကုန်ပါပြီ။ အစိုးရရဲ့ ပေါ်လစီတွေကို လက်တစ်လုံးခြားလုပ်နိုင်တဲ့ ကြောက်စရာကောင်းလှတဲ့ စီးပွားရေးအသေးစားလေးကို လုပ်ပြသွားကြတာပါ။ မြေဈေးတွေဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်နေရာတွေမှာ စီမံကိန်းလုပ်တော့မှာလဲ။ ဘယ်နေရာတွေမှာ ဖွံ့ဖြိုးနေပြီလည်း ငွေအလုံးအရင်းနဲ့ ၀င်လာပြီး ဈေးကွက်ကို ချုပ်ကိုင်ထားပြီး ဈေးမတက်တက်အောင် ဈေးကစားတော့တာပါပဲ။ အဲဒါကြောင့်လည်း အရင်က လှည်းတန်းနားက မြေဈေးတွေဟာ သိပ်မတက်ပေမဲ့ အခုဆို တချို့အကွက်တွေဆိုရင် တစ်စတုရန်းပေဆိုရင် တသိန်းခွဲကျော်ဈေးတောင် တက်သွားတာကို တအံ့တသြကြားသိရမှာပါ။ နိုင်ငံတော်ကြီးဆီက စီးပွားရေး မတည်မငြိမ်ဖြစ်အောင် တိုင်းတစ်ပါးနိုင်ငံတွေဆီက ငွေမည်းတွေနဲ့ အဲဒီလို လာရောက်ရင်းနှီးမြုပ်နှံမှုတွေလုပ်ပြီး အမြတ်ထုတ်နေကြရင် အစိုးရကော ပြည်သူတွေအတွက်ပါ အလွန်တရာကို ထိခိုက်နစ်နာစေပါတယ်။ တိုင်းပြည်ကို စီးပွားရေးနဲ့ ကျူးကျော်နယ်ချဲ့ပြီး တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေကြသည်မှာ သိသာထင်ရှားလှပါတယ်။ ကျနော်သည် စီးပွားရေးပညာရှင်မဟုတ်သဖြင့် ကိုယ်မြင်နေရသော အမြင်သည် မှားယွင်းနိုင်ပါသည်။ ကျနော်ပြောတာတွေ အမှားပါနေရင်လည်း ကားဈေးတွေ၊ မြေဈေးတွေ၊ အိမ်ဈေးတွေဘာလို့ အဆမတန်ပြန်တက်သွားရခြင်းအကြောင်းကို နားလည်သူများက ရှင်းပြဖို့ လေးလေးစားစား တောင်းပန်အပ်ပါသည်။

အောင်ကျော်ဦး
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...