ပွဲကြိုက်တတ်တဲ့သူတွေကို အပြစ်ပြောတာမဟုတ်ပါဘူး။ကျနော်အခ
ုလို
ပြောနေလို့လည်း မမုန်းကြပါနဲ့နော်။ ကျနော်လည်း ပွဲကြိုက်တဲ့သူပါ။
အပျော်အပါးမက်တဲ့သူပါ။ ဒါပေမဲ့တိုင်းပြည်ရှေ့ရေးအတွက်
အလွန်တရာကြောက်စရာကောင်းတဲ ယဉ်ကျေးမှုတွေနဲ့ နယ်ချဲ့လာသလို
အကျင့်ပိုပျက်စီးအောင် လုပ်နေကြတာကို တွေ့နေလို့ပါ။DVBကပြဖူးတဲ့
ရေနံထွက်တဲ့ နိုင်ငံတစ်ခုမှာ
ညနေတိုင်းဆို အပျော်အပါးတွေ၊ ပွဲတော်တွေနေ့တိုင်းလုပ်ပေးပြီး ပြည်သူတွေအကျင့်စရိတ္တပျက်စီးအော င်
လမ်းပျော်မလေးတွေ၊ လမ်းပျော်လေးတွေဖြစ်အောင် ဖျက်ဆီးထားတာကို တွေ့ရလို့
အလွန်အမင်း တုန်လှုပ်ခြောက်ခြားမိပါတယ်။ မြန်မာလူမျိုးတွေက နဂိုကတည်းကမှ
ပွဲကြိုက်တဲ့လူမျိုးတွေ အခုဆို နေရာတကာမှာ ပွဲတွေကို ဆက်တိုက်ဆိုသလို
လုပ်ပေးနေတာကို ထူးထူးခြားခြားတွေ့နေရလို့ပါ။ မနေ့ကဆို ရှိုးပွဲ မှာ
ပျော်လိုက်ကဲလိုက်ကြတဲ့ ကလေးတွေတအားပျော်နေကြတာ။ လှိုင်သာယာမှာဆို ဘုရားပွဲ၊
ဘာပွဲညာပွဲတွေနဲ့ အပျော်အပါးအသောက်အစားတွေနဲ့
အကျင့်စရိတ္တတွေပျက်စီးနေကြတာကို
ကြည့်ပြီး ငါတို့တိုင်းပြည်ကြီး ဆင်းရဲမွဲတေနေတာ မဟုတ်ဘူးဆိုတာကို
အတုအယောင်တွေလုပ်ပေးပြီး ပြချင်လို့လား။ ဒါမှ မဟုတ်ရင်
ငါတို့တိုင်းပြည်ကြီးက လူတွေ ဆင်းရဲမွဲတေနေပါပြီ။
ခေတ်မီဖွံ့ဖြိုးတိုးတက်မှုမရှိသေးပါဘူးဆိုတာကို
ဖုံးကွယ်ထားချင်လို့ ပွဲတော်တွေ အပျော်အပါးတွေနဲ့ လူငယ်တွေကို
မှိုင်းတိုက်ပေးနေကြတာလား။ လူငယ်တွေကို လမ်းမှားကို ရောက်အောင်
ပို့ပေးနေကြတာလား။ ပွဲတော်လုပ်ပြီး တိုင်းပြည်ကို
ကျွန်ပြုခဲ့တဲ့ကိုလိုနီတွေရဲ့ လုပ်ရပ်တွေကို ပြည်သူအများ သတိထားမိစေရန်
နှိုးဆော်လိုက်ပါသည်။ အခုမှ ဒီမိုကရေစီခြေလှမ်းစလှမ်းတဲ့တို င်းပြည်မှာ
အပျော်အပါးတွေထက် အရည်အချင်း၊ အရည်အသွေးတွေနဲ့ပြည့်ဝနေတဲ့
ဥာဏ်အမြော်အမြင်ရှိပြီး လုပ်ရည်ကိုင်ရည်ရှိကြတဲ့ တို့တိုင်းသူပြည်သားတွေ
အထူးကို အရေးတကြီး လိုအပ်နေတာပါ။ အရေးပါအရာရောက်တဲ့ နေရာတွေမှာ
တို့လူမျိုးတွေ မရရှိထားဘူးဆိုရင်တော့ ဒီတသက် ကျွန်ဘ၀နဲ့
ဇာတ်သိမ်းဖို့ပဲရှိပါတော့တယ်။ ခွင့်လွှတ်ကြပါဗျာ။
ပွဲတော်တွေအဆက်မပြတ်များအောင် လုပ်နေကြသူတွေကို တွေ့နေရလို့ပါ။
အောင်ကျော်ဦး
အောင်ကျော်ဦး
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။