ဒေသခံရခိုင်တိုင်းရင်းသားများ၏ သဘောထားဆန္ဒကို ဆန့်ကျင်လျက် ဘင်္ဂါလီများအား ပြန်လည်နေရာ ချထားခြင်းသည် တတိယအကျော့ ဘင်္ဂါလီ အကြမ်းဖက်မှုများဆီသို့ ပြန်လည်ဦးတည် သွားစေနိုင်ကြောင်း ရခိုင်ပြည်နယ် ဆယ့်ရှစ်မြို့န
ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်တို့မှ လူမှုအဖွဲ့အစည်းများကို ချိတ်ဆက်ထားသည့် ရခိုင်လူမှုကွန်ရက်ကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ စေတျာရာမကျောင်းတိုက်တွင် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် လူမှုကွန်ရက် ညီလာခံကို ကျင်းပခဲ့ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်လူမှုကွန်ယက်ကို ရခိုင်တိုင်းရင်းသားတို့၏ လူမှုစီးပွားအရေးအရာ ကိစ္စအရပ်ရပ်တို့ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် အားဖြည့်ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ပါဝင်ပေးရာတွင် လက်တွဲဆောင်ရွက်သွားကြရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ မြို့ ၁၈ မြို့မှ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းကျင်းပခဲ့သည့် ညီလာခံတွင် ရခိုင်ပြည်နယ်၏ အခြေအနေ အရပ်ရပ်ကို သုံးသပ်ခဲ့ရာ လတ်တလော ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူမှုများသည် တရားမ၀င် ကျူးကျော်ဝင်ရောက်သူ ဘင်္ဂါလီတို့က ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် နယ်မြေလု အကြမ်းဖက်မှုသာလျှင် ဖြစ်ကြောင်းဟု သုံးသပ်ခဲ့ကြသည်။ ရခိုင်လူမှုကွန်ရက်က သဘောထားထုတ်ပြန်မှုတွင် ရခိုင်အရေးနှင့် ပတ်သက်သော ပြဿနာများအား ဖြေရှင်းရာတွင်လည်း ဒေသခံ တိုင်းရင်းသားတို့၏ ဆန္ဒသဘောထားကို အလေးမထားဘဲ ဖြေရှင်းရန် ကြိုးစားခြင်းသည် မှန်ကန်သော ဖြေရှင်းနည်းမဟုတ်ဟု ကျွန်ုပ်တို့ အခိုင်အမာ ခံယူသည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာ ထောက်ပံ့ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ UN၊ INGO၊ NGO အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် ရခိုင်တိုင်းရင်းသားတို့အား အင်အားနည်းစေပြီး တစ်ဖက် လူ့အဖွဲ့အစည်းကို အင်အားကောင်းသထက် ကောင်းအောင် လုပ်ဆောင်နေခြင်း ရှိမရှိ စောင့်ကြည့်ရာတွင်လည်း ကွန်ရက်မှ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်းရှိ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ရခိုင်ပြည်သူလူထုအား ပွင့်လင်းမြင်သာသော ထုတ်ပြန်ချက်များကို ချပြပြီး ဒေသခံပြည်သူများ၏ သဘောတူညီမှုဖြင့် ထုတ်ယူခွဲဝေသုံးစွဲမှသာ မျှတမှုရှိမည်ဖြစ်ပြီး ထိုကဲ့သို့ ထုတ်ယူခွဲဝေသုံးစွဲမှု အရေးအတွက် ကြိုးပမ်းရာ၌ ရခိုင်ကွန်ရက် အနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းပါဝင် သွားမည်ဖြစ်ကြောင်းလည်း သဘောထား ထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီသပိတ်စခန်းနှင့် ပတ်သက်၍ ရဟန်းရှင်လူ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအား အင်အားသုံး အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကိုလ
Eleven
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။