Ads (728x90)


NEJ |




red Ruby ကုမ္မဏီ အနေနဲ့ ဝန်ထမ်း တွေကိုသေခြာလေး ကြပ်မတ်သတိပေးမှုတွေ သင်ကြားပေးမှုတွေပြုလုပ်ဖို့ လိုနေပြီလို့ ထင်လို့ ဒီပို့ စ်လေးကို ပေးစာကဏ္ဍအနေနဲ့ 
ပါတင်ပေးလိုက်ပါတယ် သူငယ်ချင်းတစ်ယောက်က လ္ဘက်ရည်ဆိုင်ဖွင့် ထားပါတယ် သူ့ ဆိုင်ဘေးအနီးအနားပါတ်ဝန်းကျင်မှာလဲ ဆိုင်တွေဆိုင်တွေဆိုတာလဲအများကြီးပါပဲ တစ်ရက်က ကုမ္မဏီဝန်ထမ်းတွေ ဆေးလိပ်ဘူးတွေကိုလာပို့ တော့  ကျန်တဲ့ အခြားသောဆိုင်တွေကို ကုမ္မဏီက ကျေးဇူးတုံ့ ပြန်တဲ့ အနေနဲ့ ပေးတဲ့ လက်ဆောင်တွေ ( ဆေးလိပ်ဘူးထည့် တဲ့ စင် ,ဆေးလိပ်ထည့် တဲ့ ဘူး အခြားသော ပစ္စည်းတွေကို လက်ဆောင်အနေဲ့ ပေးခိုင်းထားတာတွေ ) ပေးသွားပါတယ် သူ့ ဆိုင်ကိုကျတော့ မပေးပဲ အခြားဆိုင်တွေအားလုံးကိုတော့ ပေးသွားတယ်လို့ ဆိုပါတယ် သူကပြောပါတယ် "ငါကလိုချင်နေလို့  ပြောတာမဟုတ်ဘူးကွာ သူတို့ ခွဲခြားပြီးဆက်ဆံသွားတာကို စိတ်ထဲမှာမကျေနပ်ဘူးဖြစ်နေတာ အခြားဆိုင်တွေအားလုံးတော့ ပေးပြီးတော့ ငါ့ ဆိုင်ကိုကျတော့ မပေးပဲချန်သွားတယ် မနေ့ တနေ့ ကမှသူတို့ ဆီကဖောက်သည်ယူတာလဲမဟုတ်ဘူး ငါဆိုင်စဖွင့် ကတည်းကယူနေတာ အားလုံးကိုပေးပြီးတော့ ငါ့ ကိုကျတော့ မသိသလိုလုပ်သွားတယ် နည်းနည်းတော့ ခံပြင်းတာပေါ့ ကွာတကယ်ဆိုရင် ပေးရင်အားလုံးကိုပေးရမှာပေါ့  ဘာလို့ အခြားဆိုင်တွေကိုတော့ ပေးပြီးတော့ ငါ့ ဆိုင်ကိုကျတော့ မပေးတာလဲ ငါ့ ဆိုင်မှာကလူမကျလို့ လား မင်းလဲသိနေတာပဲ ငါ့ ဆိုင်မှာလူဒီလောက်ကျတာ အမြဲတမ်း ငါအဲ့ ဆေးလိပ်ကိုပဲအားပေးနေတာ ဒီလို အနေအထားမျိုးနဲ့ ကို ဒီလိုလုပ်သွားတာ သိပ်ပြီးတော့ မကျေနပ်နိုင်ဘူး အဲ့ တော့ မင်းဆိုဒ်မှာ ဒီအကြောင်းကိုတင်ပေးကွာ "  လို့ ပြောတာကြောင့် ကျွန်တော် တင်ပေးလိုက်တာပါ  ဟုတ်ပါတယ် တကယ်တော့  ကုမ္မဏီဝန်ထမ်းတွေဆိုတာ သူတို့ ရဲ့ ဖောက်သည်တွေကိုလေးစားရပါမယ် ကိုယ့် ရဲ့ ဖောက်သည်တွေဟာ ကိုယ့် ရဲ့ ထမင်းရှင် ကိုယ့် သူဌေးရဲ့ ထမင်းရှင်ဆိုတာကိုလဲသိထားပြီးအလေးထား ပြီးဆက်ဆံပေးရမှာပါ  ဒီလိုပုံစံမျိုးလုပ်သွား လို့ ဒီလိုဖြစ်သွားရတယ်ဆိုတာ ၀န်ထမ်းတွေရဲ့ အားနည်းချက်တွေအများကြီးရှိနေပါတယ် ၀န်ဆောင်မှုညံ့ ဖျင်းတယ်လို့ သတ်မှတ်လို့ ရသလိုအလုပ်အပေါ်မှာတာဝန်မကျေပြန်
မှုလဲဖြစ်စေပါတယ် ကုမ္မဏီက ဒါလေးတွေကိုငါတို့ ရဲ့ ဖောက်သည်ယူနေကျသူတွေကိုလက်ဆောင်အဖြစ်ပေးခဲ့ လိုက်ပါလို့ 
မှာတော့ မှာထားမယ်ဆိုတာသေချာပါတယ်ဒါတောင်မှကိုယ့် ဟာပေးရတာလဲမဟုတ်
ပါပဲနဲ့ ဘာလို့ များ ဒီလိုလုပ်သွားကြပါလိမ့် စဉ်းတော့ စဉ်းစားစရာပဲ  ဒါမျိုးတွေကို အထက်လူကြီးတွေသိထားဖို့ လိုမယ်ထင်တယ် အဲ့ ဒါကြောင့် နောက်ဒါမျိုးတွေမဖြစ်ရလေအောင် ပြုပြင်ပေးထားပါ သေချာသင်ကြားပေးပါလို့ 
red Ruby ကုမ္မဏီကလူကြီးမင်းများကိုအသိပေးအကြောင်းကြားလိုက်ရပါတယ်  ( ဒါကကျွန်တော်သိတဲ့ အကြောင်းအရာလေးပါ ဒီလိုအဖြစ်မျိုးတွေ ဆိုင်ပိုင်ရှင်ဖောက်သည်တွေ ဘယ်လောက်များကြုံနေရလဲမသိဘူး )
ဒီတော့ ပြင်ဆင်သင့် တာပြောင်းလဲသင့် တာ နည်းစနစ်လေးတွေမှန်ကန်စေဖို့ နှိုးဆော်တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ
ကျွန်တော် ဒီ(ရန်ကုန်မြို့တွင်ဆေးလိပ်ရောင်းအားကျဆင်းခြင်းမရှိ)ဆိုတဲ့ ပို့ စ်လေးကိုတွေ့ လို့
ဒါလေးကိုရေးလိုက်ရတာပါ အရင်ပို့ စ်လေးက အောက်ပါအတိုင်းတင်ထားတာပါ ဆေးလိပ်နဲ့ ပါတ်သက်လို့ ဗဟု
သုတရအောင် ပြန်လည်တင်ပေးလိုက်ပါတယ်>>>>>>>>


   မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်း တိုးတက် အောင်မြင်နေပြီး ဆေးလိပ်သောက်သုံးမှု လျော့ကျသွားသည်ဟု စစ်အစိုးရ ကျန်းမာရေး ၀န်ကြီးဌာနမှ ကြေညာနေသော်လည်း ရန်ကုန်မြို့တွင် ဆေးလိပ် ရောင်းအား ကျဆင်း မသွားကြောင်း ဆေးလိပ် အရောင်းဆိုင်များက ပြောသည်။

အထူးသဖြင့် ဆေးလိပ် အရောင်းသွက်သည့် ဆိုင်များမှာ ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်များ ဖြစ်ပြီး ယင်းဆိုင်တိုင်းတွင် ဆေးလိပ် အမျိုးစား အမျိုးမျိုး ရောင်းချ လျက်ရှိသည်။

တာမွေရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက "တာမွေက လက်ဖက်ရည်ဆိုင်တွေအားလုံး ဆေးလိပ် မရောင်းတဲ့ ဆိုင်ဆိုတာ မရှိဘူး။ ကျနော်တို့ဆိုင်မှာတော့ စီးကရက် အမျိုးအစားတွေ အများကြီးပဲ။ အရောင်းရဆုံး ကတော့ ရက်ရူဘီ (red ruby) ပေါ့။ အဲဒီ စီးကရက်က တလိပ်ကို (၅၀) ကျပ် ပဲရှိတာလေ။ လန်ဒန် ကတော့ ရောင်းအား ကျမသွားဘူး။ ဒါပေမယ့် ဈေးမြင့်တယ်။ စားသောက် ဆိုင်ကြီးတွေမှာ ဆိုရင်တော့ ရောင်းအား ကောင်းတယ်ဗျာ" ဟု ပြောသည်။

ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင် အများစုတွင် ရောင်းအား အကောင်းဆုံး စီးကရက်မှာ ရက်ရူဘီစီးကရက်ဖြစ်ပြီး လူတန်းစာမရွေး သောက်နိုင်သော ဈေးနှုန်းကြောင့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များတွင် ရောင်းချလျက်ရှိသည်။

သိမ်ကြီးဈေး ဒီရုံတွင် မြန်မာတနိုင်ငံလုံးသို့ စီးကရက် ဖြန့်ဖြူးရောင်းချနေသည့် အရောင်းဒိုင်တခုမှ တာဝန်ခံတဦးက အများဆုံး ဖြန့်ချိ ရောင်းချရသော ပြည်နယ်နှင့် တိုင်းများမှာ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ် တို့ ဖြစ်သည်ဟု ပြောသည်။

၎င်းက "စီးကရက် ကတော့ အရောင်းထိုင်း တယ်ဆိုတာ မရှိဘူး။ ဘယ်လိုလူမျိုးတွေ အသောက်များတယ် ဆိုတာတော့ မသိဘူး။ ကျနော့်ဆိုင်မှာ တနေ့တနေ့ စီးကရက်လာဝယ်တဲ့သူတွေ အများကြီး။ ရန်ကုန်က လက်ဖက်ရည်ဆိုင် ဖောက်သည်တွေ၊ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေက အမြဲလာဝယ်လေ့ ရှိတယ်။ သောက်သူတွေ ရှိနေလို့ ရောင်းနေရတာပဲလေ" ဟု ပြောသည်။

အဆိုပါ အရောင်းဆိုင်တွင် စီးကရက်အမျိုးပေါင်း (၅၀) ကျော်ရှိကာ ဈေးအမြင့်ဆုံးမှာ မာဘိုရို စီးကရက်ဖြစ်ပြီး ရန်ကုန်တွင် ဖောက်သည်ဈေး တတောင့်လျှင် (၁၈,၃၀၀) ကျပ်ဝန်းကျင်ရှိကြောင်း၊ ရန်ကုန်ပရိသတ်ကြိုက် စီးကရက်များမှာ လန်ဒန်၊ ရက်ရူဘီ၊ ဗီးဂက်စ်၊ ဗွီအနီတို့ဖြစ်ပြီး ရက်ရူဘီနှင့် ဗီးဂက်စ် တတောင့်လျှင် (၄,၈၀၀) ကျပ် ၀န်းကျင်၊ ဗွီအနီတတောင့်လျှင် (၄,၃၀၀) ကျပ်ဝန်းကျင် အသီးသီးရှိကြောင်း သိရသည်။

နအဖက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးထိန်းချုပ်ဥပဒေကို ၂၀၀၆ ခု မေလ (၄) ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၇ ခု မေလ (၄) ရက်တွင် ယင်းအာဏာ စတင်တည်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အာဏာတည်သည့်နေ့မှစ၍ ရန်ကုန်မြို့ရှိ မည်သည့်နေရာတွင်ဖြစ်စေ ဆေးလိပ်ကြော်ငြာခြင်းများကို ခွင့်မပြုတော့ကြောင်း ရန်ကုန်စည်ပင်က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်းတွင် ဆေးလိပ်နှင့် ပတ်သက်သော ကြော်ငြာများ လုံးဝ မကြော်ငြာရသည့် အပြင် လက်ကမ်း ကြော်ငြာ ပေးဝေခြင်း၊ တနည်းနည်းဖြင့် ကြော်ငြာခြင်း တို့ကိုလည်း အဆိုပါ ဥပဒေအရ အရေး ယူမည်ဟု ပါရှိသည်။

ဆိုင်းဘုတ်နှင့် ကြော်ငြာများကို အရေးယူမည်ဟု ပြောသော်လည်း စီးကရက် ကုမ္ပဏီများက ရန်ကုန် ဈေးကွက် အတွင်းတွင် အမျိုးသား အမျိုးသမီးငယ်များကို တူညီဝတ်စုံများ ၀တ်ဆင်စေပြီး မားကက်တင်း ဆင်းကာ စီးကရက် ရောင်းအား မြှင့်တင်မှုများ လုပ်နေကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှ ကျောင်းဆရာ တဦးကမူ ဆေးလိပ်သောက် သူများတွင် ဆယ်ကျော်သက် အရွယ်ကျောင်းသား အများအပြား ပါဝင်နေသဖြင့် အစိုးရအနေဖြင့် ဆေးလိပ်သောက်သုံးမှုအန္တရာယ် လျော့ပါးရေး အတွက် လက်တွေ့ကျကျ ကျန်းမာရေး ပညာပေးမှုများကို ကျောင်းများနှင့် ပြည်သူ လူထုကြားမှာပါ ကျယ်ကျယ် ပြန့်ပြန့် ပိုမို လုပ်ဆောင် သင့်သည်ဟု ပြောသည်။

source by : ခေတ်ပြိုင်

Post a Comment

Blogger Disqus
  1. စစ်တွေတွင် ဆေးလိပ်ကုမ္ပဏီဝန်ထမ်းများကဈေးဆိုင်ငယ်များကို ကိုယ်စားလှယ်မပေး
    ============================
    စစ်တွေမြို့တွင် နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသော ဆေးလိပ်များကို ကုမ္ပဏီများက ဖြန့်ချီရောင်းချလျက်ရှိရာတွင်ရာနှင့်ချီသော ဆင်းရဲသားအိမ်ဆိုင်များကို ကိုယ်စားလှယ်မပေးဟု ဒေသခံတို့ကဆိုသည်။

    ထိုသို့ဖြစ်ရခြင်းမှာ သက်ဆိုင်ရာ ကုမ္ပဏီများမှ ရောင်းချခွင့်ရဆေးလိပ်များကို စစ်တွေမြို့၌ ရုံးစိုက်၍ စနစ်တကျမျှမျှတတဖြန့်ဝေရန် တာဝန်ပေးထားသော်လည်း စစ်တွေရှိကုမ္ပဏီဝန်ထမ်းများက ငွေကြေးချမ်းသာသူလူနည်းစုကိုသာ ကိုယ်စားလှယ်ပေးထားပြီး၊ဆင်းရဲနွမ်းပါးသူများမှာ၎င်းတ်ု့ထံမှတဆင့်ဈေးကြီးပေးဝယ်ယူ၍ ပြန်လည်ရောင်းချနေရသဖြင့် တွက်ခြေမကိုက်ဖြစ်၇သည်ဟုဆိုသည်။

    စစ်တွေမြို့၌ လူကြိုက်အများဆုံးဖြစ်သော REDRUBYဆေးလိပ်များကိုဖြန့်သည့် ကုမ္ပဏီအနေဖြင့် လက်လီလက်ကားများ ၏ ယင်းသို့ရင်ဆိုင်နေရသည့် အခက်အခဲများကို သိရှိသော်လည်း နွမ်းပါးဆိုင်များ၏တင်ပြချက်ကို လျစ်လျူရှုထားသည်ဟု ဆိုသည်။

    ဆေးလိပ်အပါအ၀င်အခြားကုန်များရောင်းသည့်ဈေးဆိုင် ပိုင်ရှင်တစ်ဦးကမူ "ကျွန်တော်တို့ဆေးလိပ်ထည့်သွင်းရောင်းတဲ့ ဆိုင်ပေါင်း တစ်ရာကျော်ရှိတယ်။အဓိကအားဖြင့် ရေလုပ်သားတွေကိုရောင်းတယ်။အသက်မပြည့်သူတွေနဲ့ကျောင်းသားတွေကိုလုံးဝမရောင်းပါဘူး။ ဆေးလိပ်ကလေးရောင်းပြီးမှထမင်းစားကြရတာ။ အ၇င်ကကုမ္ပဏီကနေ ကိုယ်စားလှယ်ပုံစံမျိုးတိုက်ရိုက်ဖြန့်တဲ့အခါအဆင်ပြေတယ်။အခုတော့ငွေရှင်တွေဆီက တဆင့်ဝယ်ရောင်းနေ၇တော့မကိုက်တော့ဘူး။ဒါကြောင့်ကုမ္ပဏီကို ဈေးဆိုင်ပိုင်၇ှင်တွေလက်မှတ်ထိုးစာတင်ဖို့လုပ်ထားပါတယ်"ဟု ပြောသည်။

    စစ်တွေမှ ကျောင်းသားမိဘတစ်ဦးကမူ "စစ်တွေမှလူငယ်အများ အပြားဆေးလိပ်သောက်သုံးမှုမြင့်မားလာသည့်အပေါ်စိုးရိမ်လာရသလို၊ ယခုကဲ့သို့ကုမ္ပဏီဝန်ထမ်းများ၏တစ်ဖက်သတ်လုပ်ဆောင်မှုအပေါ်လည်း ဆင်းရဲသားဈေးဆိုင်များအတွက်စိတ်မကောင်းပါကြောင်း" ပြောဆိုသည်။

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...