Ads (728x90)


-

-

-

-

-

----------------------------------------------------------------------------------------------------------------------------
ကျွန်တော်တို့ နေ့စဉ်ထိတွေ့၊ မြင်ကြားနေရတဲ့ သတင်းတွေရဲ့နောက်ကွယ်မှာ စိတ်ဝင်စားစရာအဖြစ် အပျက်တွေရှိနေပါတယ်။ ဒါကြောင့်လည်း သတင်းလောကသားတွေ သတင်းနောက်ကို ထမင်းမေ့၊ ဟင်းမေ့ လိုက်တတ်ကြတာပဲ မဟုတ်လား။

အဲဒီအဖြစ်အပျက်တွေက ဘာတွေများလဲ။ လတ်တလော ဖတ်မိတဲ့သတင်းတစ်ပုဒ်က (အဲပုဂံလေ ကြောင်း ရပ်ဆိုင်းခြင်း၊ နိုင်ငံရေးနှင့် မသက်ဆိုင်ဟုဆို) ဆိုတဲ့သတင်း။ အဲဒီသတင်းကို (7 day Daily ) သတင်းဝက်ဘ်ဆိုက်ဒ်က သြဂုတ်လ (၁၈) ရက်နေ့မှာ ဖော်ပြသွားတာကို တွေ့လိုက်ရပါတယ်။ ကြားသိရတဲ့ သတင်းအချက်အလက်တွေအရ အောက်တိုဘာလဆန်းမှာ ပြန်လည်ပြေးဆွဲမယ်လို့ ဆိုပါတယ်။ ကျွန်တော့် ကို စိတ်ဝင်စားနေစေတဲ့အချက်ကတော့ အဲပုဂံရဲ့ လက်ထောက် ဒါရိုက်တာ ဒေါ်ဂရေ့စ်လီရဲ့ ပြောစကားပါ။ သူက အဲပုဂံအနေနဲ့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် လေယာဉ် ထပ်မံဝယ်ယူဖို့ အခက် အခဲ တွေကြုံ တွေ့နေရပါတယ်လို့ ပြောခဲ့တာပါ။

ပြောရရင် နဂိုကတည်းက အဲပုဂံကို ကျွန်တော် စိတ်ဝင်စားမိခဲ့တာပါ။
အဲပုဂံဆိုတဲ့နာမည်မှာကိုက မြန်မာတို့ရဲ့ အငွေ့အသက်တွေပါနေတာကို သတိမထားမိဘဲ မနေ နိုင်ခဲ့ပါဘူး။ လေကြောင်းလိုင်းရဲ့ လေယာဉ်မယ်လေးတွေကို ကြည့်တော့လည်း မြန်မာဆန်တဲ့ဝတ်စား ဆင်ယင်မှုနဲ့၊ မြန်မာဆန်ဆန် ကျက်သရေရှိ နေတယ်။

ဒီလိုနဲ့ အဲပုဂံအကြောင်း သိချင်မိသွားပြီး အဲဒီလေ ကြောင်းလိုင်းရဲ့ ၀က်ဘ်ဆိုဒ်ကို ရှာကြည့်မိပါတယ်။ မြင်ရတဲ့ မြန်မာဆန်ဆန် အငွေ့အသက်တွေလိုပဲ လေ ကြောင်းလိုင်းက ပထမဆုံး အများပိုင် မြန်မာ လေကြောင်းလိုင်း။ လုပ်ငန်းရှယ်ယာ (၅၁)ရာခိုင်နူန်းကို ကုမ္ပဏီ ၀န်ထမ်းတွေကပဲ ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းတစ်ခု။ လေယာဉ်လက်မှတ်ရောင်းရငွေထဲကနေ ပရဟိတအတွက် ထူးဖောင်ဒေးရှင်းကို ပုံမှန်လှူဒါန်းနေတာလည်း သိလိုက်ရတယ်။

ကဲ...၊ အစောက စကားကို ပြန်ကောက်ရရင် အမေရိကန်ရဲ့ပိတ်ဆို့ အရေးယူမှုကြောင့် ဖြစ်ရတဲ့အခက် အခဲဆိုတော့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုက ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ် ဘယ်လို ကောင်းကျိုးချမ်း သာတွေများ ယူဆောင်လာပါသလဲဆိုတာ ကျွန်တော် ဆက်တွေးမိပြန်ပါတယ်။ နောက်ပြီး အဲပုဂံကကော မြန်မာ နိုင်ငံအတွက် ဘာတွေ ဆောင်ယူလာပါသလဲ။ သေချာသည်က အဲပုဂံရဲ့ CSR – (Cooperate Social Responsibility)ကို မြင်နေရတာပါ ၊ CSR - အဲဒီလိုပြောရရင် စကားလုံးက ခမ်းနားချင် ခမ်းနားနေလိမ့်မယ်။ တကယ်တော့ အဲဒီအလုပ်က မြန်မာလူမျိုးတွေအတွက် ထူးပြီး မဆန်းလှပါ။ မြန်မာလူမျိုးဆိုတာ အမြဲတမ်း အလှူရေစက် လက်နဲ့မကွာနေချင်တဲ့လူမျိုး။ စီးပွားရှာကတည်းကိုက လှူဖို့အတွက်ပါ ထည့်ရှာချင်တဲ့ လူမျိုးတွေ မဟုတ်လား။

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုကတော့ မြန်မာနိုင်ငံအပေါ် ဘာတွေများ ဖြစ်စေခဲ့ပါသလဲ။ ဘာတွေကို ဆက်ပြီးဖြစ်စေမှာလဲ။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကို ဖတ်မိရာကနေ နိုင်ငံရေးနဲ့ ဆိုင်တဲ့အကြောင်းတွေကို ကျွန်တော် ဆက်တွေးမိရပါပြီ။

ပြောရရင် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ တစ်ဖက် သက်ပိတ်ဆို့အရေးယူမှုတွေက ဘယ်ရှုထောင့်ကနေကြည့်ကြည့် မအောင်မြင်ဘူးဆိုတာ သက်သေ အထောက် အထားတွေ အများကြီးရှိပါတယ်။ အမေရိကန်ကုမ္ပဏီတွေကို မြန်မာနဲ့ အဆက်အဆံ မလုပ်ဖို့ တွန်းအား ပေးလုပ်ဆောင်တဲ့မှုဝါဒက အမေရိကန်စီးပွားရေး အကျိုးစီးပွားကို ထိခိုက်စေခဲ့ပြီး မြန်မာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ဒါမှမဟုတ် ဘ၀နေမှုအခြေအနေတွေကို မြှင့်တင်ဖို့ ဘာတစ်ခုမှ အထောက် အကူမဖြစ် စေခဲ့ ပါဘူး။
ပိတ်ဆို့မှုကြောင့်အနောက်တိုင်းစိတ်ကူးစိတ်သန်းတွေ၊ပိုပြီးကောင်းမွန်တဲ့လုပ်ငန်းခွင်အနေအထားနဲ့ နည်းပညာတွေကိုယူဆောင်လာမယ့် အမေရိကန် မာတီနေရှင်နယ်ကုမ္ပဏီ (multinational companies) တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု တိုးပွားလာတဲ့ အကျိုးကို မြန်မာနိုင်ငံသားတွေ ခံစားခွင့်လည်း မရှိခဲ့ပါဘူး။

စစ်အေးတိုက်ပွဲအလွန် အမေရိကန်နိုင်ငံခြားရေးမှုဝါဒမှာ ကမ္ဘာ့နိုင်ငံတွေကို ဖက်ဒရယ်၊ state နဲ့ local အစိုးရတွေရဲ့ တစ်ဖက် သက်ပိတ်ဆို့အရေးယူမှုတိုးမြှင့်တာက အဓိကကိုင်းညွှတ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ လွဲချော်မှုကတော့ တစ်ကမ္ဘာလုံးက အမေရိကန်ရဲ့ လွတ်လပ်တဲ့ဈေးကွက်ပုံစံကို အတုယူပြီး လူတွေ၊ စိတ်ကူး အိုင်ဒီယာတွေနဲ့ ထုတ်ကုန်တွေကို ပိုပြီးလွတ်လွတ်လပ်လပ် စီးဆင်းဖို့ လုပ်ဆောင်လာကြချိန်မှာ အမေရိကန်နိုင်ငံရေးသုခမိန်တွေက အလုပ်သမားသမဂ္ဂတွေ၊ သဘာဝပတ်ဝန်းကျင် လော်ဘီတွေ၊ လူ့အခွင့် အရေးအဖွဲ့အစည်းတွေ၊ လူမျိုးစုအုပ်စုတွေရဲ့လှုံဆော်တွန်းအားပေးမှုနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို တိုးချဲ့ပြီး ဂလိုဘဲလ်လိုက်ဇေးရှင်းဖြစ်စဉ်ကို နှောင့်နှေးအောင် လုပ်ဆောင်နေခဲ့ပါတယ်။

သူတို့ရဲ့ ဥပဒေသက်ရောက်တဲ့ဘောင်ထဲကနေ state နဲ့ local အစိုးရတွေကို အမေရိကန်နဲ့ နိုင်ငံတကာကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုလုပ်တာတွေ၊ အများပြည်သူနဲ့ ဆိုင်တဲ့ ကန်ထရိုက် စာချုပ်တွေချုပ်ခွင့်မရအောင် တားဆီးတဲ့ ဥပေဒေတွေထုတ်ပြန်ဖို့ သတင်းမီဒီယာနဲ့ ဖိအားပေးနေတဲ့ အုပ်စုတွေရဲ့ အာရုံစိုက်မှုက တွန်းအားဖြစ်စေခဲ့တယ်။ မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်တဲ့ stateနဲ့ local အစိုးရတွေရဲ့ ဥပဒေကြမ်းပုံစံက ၁၉၈၀ပြည့်နှစ်တွေတုန်းက အာဖရိကမှာ အသားအရောင် ခွဲခြား အုပ်ချုပ်မှုလုပ်တဲ့နိုင်ငံတွေအပေါ် ပစ်မှတ်ထားပြီး မြို့ပေါင်း ၁၃၀နဲ့ state ၂၈ ခုမှာ ရေးခဲ့၊ ကျင့်သုံးခဲ့ တဲ့ပုံစံဖြစ်တယ်။ အဲဒီလို မြန်မာနိုင်ငံအပေါ် ရွေးချယ်ဝယ်ယူမှုအမိန့်( selective purchasing ordinances) ကျင့်သုံးဆန့်ကျင်တဲ့ state နဲ့ local အစိုးရတွေထဲမှာ မန်ဆာချူးဆက်ဓနသဟာရ ဖြစ်တဲ့ ဆန်ဖရန်စစ္စကို၊ အော့ခ်လန်ဒ် နဲ့ နယူးယောက်ခ်မြို့တွေ အပါအ၀င် local အစိုးရအတော်များများပါခဲ့တယ်။ သေးငယ်ပြီး လစ်ဘရယ်ဖြစ်တဲ့ Madison, Wisconsin, နဲ့ Berkeley, California တို့လည်းပါခဲ့တယ်။ အဲဒီမြို့တွေနဲ့အတူ အနည်းဆုံး မြို့ပေါင်း တစ်ဒါဇင်လောက်က မြန်မာဆန့်ကျင်ရေးဥပဒေတွေ ပြ ဌာန်းခဲကြတယ်။

တက္ကသိုလ်တွေနဲ့ တခြား ပညာရေးဆိုင်ရာ အင်စတီကျူးရှင်း အတော်များများကလည်း မြန်မာ ဆန့်ကျင်ရေးလုပ်ရပ်မှာ ပါဝင်ခဲ့ကြပြီး မြန်မာနိုင်ငံမှာလုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေက သူတို့ရဲ့ စတော့တွေကို ပြန်ရုပ်သိမ်းခဲ့ကြပြန်တယ်။ ဥပဒေ ပညာရှင်တွေကတော့ အဲဒီလို local အစိုးရတွေရဲ့ နိုင်ငံခြားရေးရာမှာ ရုတ်ခြည်းပြောင်းလဲမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိမရှိ မေးခွန်းထုတ်နေကြပါတယ်။ ဥပဒေဂျာနယ် Vanderbilt မှာ David Schmahmann နဲ့ James Finch တို့က မြန် မာနိုင်ငံအပေါ် အမေရိကန် state နဲ့ local အစိုးရအဆင့် ပိတ်ဆို့မှုတွေက ဖွဲ့စည်းပုံဥပဒေ စည်းမျှဉ်း အနည်းဆုံး ၃ ခုလောက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ဝေဖန်ရေးသားခဲ့ကြပါတယ်။

အတိတ်ကာလတုန်းကလည်း စီးပွားရေးပိတ်ဆို့အရေးယူမှုတွေက စိတ်ပျက်စရာ ကျဆုံးမှုတွေရှိခဲ့ တာပါပဲ။ အမေရိကန်နိုင်ငံခြားရေးမှုဝါဒမှတ်တမ်းက ပိတ်ဆို့အရေးယူမှုတွေနဲ့ ပြည့်နှက်နေပြီး ပစ်မှတ်ထား တဲ့နိုင်ငံတွေမှာ ရည်ရွယ်တဲ့ပြောင်းလဲမှုတွေကို ယူဆောင်မပေးနိုင်ခဲ့ပါဘူး။ ၁၉၇၀ပြည့်နှစ်ကစပြီး အမေရိကန် က လုပ်ဆောင်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုရဲ့ ၈၇ ရာခိုင်နူန်း က မအောင်မြင်ခဲ့ပါဘူး။

အဲဒီလို စိတ်ပျက်စရာကောင်းတဲ့ကျဆုံးမှုတွေထဲက အင်မတန်ထင်ရှားတဲ့ဖြစ်ရပ်တွေကတော့ ၁၉၇၉ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ကျူးကျော်မှုကို လက်တုံ့ပြန်ဖို့ ဆိုဗီယက်ပြည်ထောင်စုကို ပိတ်ဆို့မှုနဲ့ ၁၉၈၂ ခုနှစ်မှာ ဥရောပအနောက်ပိုင်းကို ဆက်သွယ်မယ့် ဆိုဗီယက်သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းတည် ဆောက်မှုမှာ ကူညီတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေပဲဖြစ်တယ်။ အဲဒီဖြစ်စဉ် နှစ်ခုစလုံးမှာ အမေရိကန် ပို့ကုန် သမားတွေနဲ့ ရင်းနှီးမြှပ်နှံသူတွေအတွက် လုပ်ငန်းတွေဆုံးရှုံးခဲ့ပေမယ့် ဆိုဗီယက်ရဲ့ အပြုအမှုက တော့ ပြောင်းလဲ မသွားခဲ့ပါဘူး။ အမေရိကန်က ကျူးဘားကို ပိတ်ဆို့မှု လုပ်ပြီး ၃၅ နှစ်ကြာတဲ့အထိ ကတ်စထရိုရဲ့ အုပ်ချုပ် မှုကိုဖယ်ရှားဖို့ ကျိုးစားတာမအောင်မြင်ခဲ့ပါဘူး။
အဲဒီ ဖြစ်စဉ်မှာ အမှန် တကယ် ထိခိုက် ခံစားကြရ သူတွေကတော့ ကာလရှည်ကြာ ဒုက္ခခံစားနေရတဲ့ ကျူးဘားပြည်သူတွေဖြစ်ပြီး သူတို့အတွက် ဆင်းရဲ တွင်းက ပို့လို့နက်သွားခဲ့တာပါပဲ။

ပိတ်ဆို့အရေးယူမှုကို ထောက်ခံအားပေးသူတွေက အောင်မြင်တဲ့သာဓကအနေနဲ့ ဟေတီ၊ အီရတ်နဲ့ တောင်အာဖရိကကို ထောက်ပြခဲ့ကြတယ်။ဒါပေမဲ့ ဟေတီနိုင်ငံရေးပြောင်းလဲမှုက အမေရိကန်တပ်နဲ့ ၀င် ရောက်ဖို့ပြင်ဆင်ချိန်ရောက်မှ ဖြစ်ခဲ့တာပါ။ ယူအမ်(UN)ရဲ့ အီရတ်အပေါ်ပိတ်ဆို့အရေးယူမှုကလည်း ဆဒမ် ဟူစိန်ကို ကူဝိတ်ကနေ ဆုတ်ခွာအောင် တွန်းအား မပေးနိုင်ခဲ့ပါဘူး။ အမေရိကန်စစ်တပ်က ဘဂ္ဂဒက် ကိုဝင် တိုက်မှပဲ ဆဒမ်ဟူစိန်ဆုတ်ခွာသွားခဲ့တာပါ။ တောင်အာဖရိက မှာလည်း အဲဒီ တိုင်းပြည်ရဲ့ နိုင်ငံရေး အပြောင်း အလဲဖြစ်စေမယ့် စစ်အေးတိုက်ပွဲ မပြီးမချင်း ပိတ်ဆို့ အရေးယူမှုက ဘာတစ်ခု အလုပ် မဖြစ် ခဲ့ပါဘူး။

အဲဒီလိုအလုပ်မဖြစ်တာတွေအပြင်ကို အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုမှာ ကြောင်သူတော် လုပ်ရပ်တွေလည်း ရှိနေတာပါပဲ။ ဥပမာပြောရရင် - ဆော်ဒီအာရေဗျနိုင်ငံက လူ့အခွင့်ရေးချိုးဖောက်မှုမှာ (အထူးသဖြင့် အမျိုးသမီးအခွင့်အရေးနဲ့ ဘာသာရေးကိစ္စတွေ) ကမ္ဘာ့ထိပ်တန်းပါပဲ။ ဒါပေမဲ့ အမေရိကန် ကွန်ဂရက်က ကမ္ဘာ့ ရေနံတင်ပို့မှုအကြီးဆုံးနိုင်ငံကို ကုန်သွယ်ရေးပိတ်ဆို့မှုလုပ်ဖို့ ဘယ်တုန်းကမှ အလေး အနက်မစဉ်းစားခဲ့ပါဘူး။

ဒီလိုပဲ အမေရိကန်နိုင်ငံရဲ့ အဓိကပို့ကုန်ဈေးကွက်ကြီးဖြစ်နေတဲ့ တရုတ်နိုင်ငံကိုလည်း ကုန်သွယ် ရေးပိတ်ဆို့မှုလုပ်ဖို့ အလေးအနက်မစဉ်းစားပါဘူး။ ဥပဒေပြုလွတ်တော်အမတ်တွေက ဆော်ဒီအာရေဗျကို ပိတ်ဆို့လိုက်ရင်ဖြစ်လာမယ့် ရေနံဈေးတက်ပြီး နိုင်ငံရေးအရ အနူတ်လက္ခဏာပြမှာကို ကောင်းကောင်းကြီး သိကြပါတယ်။ဒါမှမဟုတ် တရုတ်ကို ပိတ်ဆို့ရင် အကျိုးဆက်အနေနဲ့ အမေရိကန် အလုပ်အကိုင်တွေ ဆုံးရှုံးမှာပါ။ ဒါကြောင့် စီးပွားရေးအရ ထိလွယ်ရှလွယ်ပြီး အင်အားမရှိတဲ့ မြန်မာ၊ ကျူဘား၊အီရန် နဲ့ အီရတ်လို နိုင်ငံမျိုးတွေကပဲ ပိတ်ဆို့မှုရဲ့ ပစ်မှတ်တွေ ဆက်ဖြစ်နေပါလိမ့်မယ်။ ဒီအချိန်မှာ အမေရိကန် နိုင်ငံရေးဂုရုတွေရဲ့ မှုဝါဒအသစ်ကြောင့် အပြစ်မရှိတဲ့ပြည်သူတွေပဲ အဲဒီဆိုးကျိုးတွေကို ခံစားကြရမှာပါပဲ။

နောက်ဆုံးအနေနဲ့ ပြောချင်တာက အမေရိကန်စီးပွားရေး ပိတ်ဆို့အရေးယူမှုဆိုတာ ဘယ်တုန်းကမှ အောင်မြင်မှုမရခဲ့သလို၊ အန်ကယ်ဆမ်ရဲ့ ဆေးခါးကြီး ဖြစ်နေခဲ့တာအတော်ကြာနေပါပြီ။ သေချာတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အများပိုင်လေကြောင်းကုမ္ပဏီ(အဲပုဂံ)၊ အဲဒီအသုံးမကျတဲ့ ပိတ်ဆို့ အရေးယူမှု ဆေးခါး ကြီးနဲ့ကင်းဝေးပြီး ဝေဟင်မှာ ထာဝရ ပျံသန်းနိုင်ဖို့ လိုအပ်နေကြောင်းပါ။

အဲပုဂံရဲ့ ပရဟိတလှူဒါန်းမှုတွေက မြန်မာလူမျိုးတွေအတွက် ပထမဆုံမြန်မာအများပိုင် လေကြောင်းလိုင်းရဲ့ လှူဒါန်းမှုအနေနဲ့ ဂုဏ်ယူစရာဖြစ်သလို၊ အဲဒီပရဟိတလှူဒါန်းမှုတွေကို အမှန်တကယ်လိုအပ်နေသူ တွေလည်း မြန်မာနိုင်ငံမှာ ရှိနေတာအသေအချာပါပဲ။

Ye Naung

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...