Ads (728x90)

 
 မြန်မာပြည်မှာ သစ်တောသစ်ပင်တွေပြုန်းတီးရတဲ့တရားခံက

မည်သူမည်ဝါပါလဲ လို့ မေးရင် လက်ညှိုးထိုးကြတာ တစ်ဦးတစ်ယောက်

ထဲကိုပဲဖြစ်ပါတယ် ဘယ်သူလည်းဆိုတာ အမည်တပ်ပြောနေဖို့ တောင်

မလိုဘူးထင်ပါတယ် သစ်ထုတ်လုပ်ငန်းနဲ့ နာမည်ကြီးသူ ဦးတေဇပါပဲ။

အမှန်က မြန်မာပြည်က သစ်တောတွေပြုန်းတီးခဲ့ရခြင်းဟာ သူ့ ကြောင့်

မဟုတ်တာအသေအခြာပါပဲ သူ့ နည်းတူ သစ်ထုတ်လုပ်ငန်း လုပ်ခဲ့တဲ့

မြန်မာပြည်မှာ အချမ်းသာဆုံးစာရင်းဝင်တဲ့သူတွေ များစွာရှိပါတယ်

အခြားသူတွေ ဘာကြောင့်နာမည်မကြီးလဲ နာမည်မထွက်လဲဆိုတာက

ပတ်ဝန်းကျင်ကြောင့်လို့ ပြောရမှာပါ နောက်တစ်ခုက အစိုးရက

သူတို့ အပေါ်မှာ ကျရောက်လာမည့် နာမည်ဆိုးကို ဦးတေဇအပေါ်

လွှဲချထားပြီး နှုတ်ဆိတ်နေခဲ့တယ်လို့ မြင်မိပါတယ်။

သစ်ထုတ်လုပ်ငန်းမှာနာမည်ကြီးတဲ့ ဦးတေဇ ဘာကြောင့် နာမည်ကြီး

ရတာလည်းဆိုတာ သေခြာ ပြန်လည် ဆန်းစစ်ပြီးလေ့လာကြည့်တော့မ

သူဘာကြောင့် နာမည်ကြီးခဲ့တယ်ဆိုတာတွေကို သွားတွေ့ မိတယ်

ဒါတွေကို အားလုံးလည်းသိချင်နေကြမယ်လို့ ထင်ပါတယ်။

ဦးတေဇဆိုတာ သစ်ထုတ်လုပ်ငန်းမှာ ထိပ်သီးလုပ်ငန်းရှင်တစ်ဦးဆိုပေမယ့်

သစ်ထုတ်လုပ်မှု အများဆုံးမှာ နံပါတ်(၁) စာရင်းမှာရှိမနေခဲ့တာတော့အေ

အခြာပဲ နံပါတ်စဉ်နဲ့ ကြည့်မယ်ဆိုရင် ထိပ်သီး သစ်ထုတ်လုပ်ငန်း ၁၀ ခုမှာ

ဦးတေဇရဲ့  ထူးထရေးဒင်း က နံပါတ်(၄)လောက်မှာပဲ ရှိနေခဲ့ပါတယ်။

ဒါဆို သူဘာကြောင့်နာမည်ကြီးတာလဲ ..? မေးခွန်းထုတ်စရာပါ ဘာကြောင့်

နာမည်ကြီးလဲဆိုတော့ သစ်ထုတ်လုပ်ငန်းရှင်တွေကြားမှာ ဘယ်သူမှ

သစ်မထုတ်ရဲ့ တဲ့ အညိုရောင်နယ်မြေ၊ အမည်းရောင်နယ်မြေတွေမှာ

"ကျွန်တော်တာဝန်ယူပြီး ထုတ်ပေးမယ်အဘ" ဆိုတဲ့စကားနဲ့  အဲ့ဒီနယ်မြေ

တွေမှာ မရ ရအောင်ထုတ်ပေးခဲ့တာတွေရှိတယ်။ အဲ့ဒီနယ်မြေတွေဆိုတာက

သစ်တောဝန်ထမ်းမပြောနဲ့  စစ်တပ်၊ ရဲ ဆိုတာတွေတောင် အနားမကပ်ရဲတဲ့

သောင်းကျန်းသူတွေကြီးစိုးရာနယ်မြေတွေ ဒီသစ်တွေက ဒီဘက်ကသွားပြီး

မထုတ်ရင်တောင် အခြားတစ်ဖက်(နယ်နမိတ် ထိစပ်နေတဲ့နိုင်ငံတွေ)ဆီကို

အလိုလိုထွက်နေတဲ့ ခိုးထုတ်ခံနေရတဲ့နေရာတွေ ဒီလိုနေရာတွေမှာ

မိုက်မိုက်ကန်းကန်းနဲ့  ကျွန်တော်သွားထုတ်ပေးမယ်ပြောပီး မရ ရအောင်

ထုတ်ပေးတတ်တဲ့ အတွက် သစ်ထုတ်လုပ်ငန်းနဲ့  သစ်ထုတ်လုပ်ငန်းရှင်တွေ

ကြားထဲမှာ "တေဇ" ဆိုတဲ့ နာမည်တစ်လုံးက လျှမ်းလျှမ်းတောက်

ဖြစ်သွားတယ် ဒါက သူနဲ့ အတူလုပ်ငန်းတူလုပ်သူတွေ အသိုင်းအ၀န်းမှာ

နာမည်ကြီးရခြင်းအကြောင်းရင်းတစ်ခု ဖြစ်သွားခဲ့တယ်။

နောက်တစ်ခုက ဦးတေဇဟာ ငွေကြေးသုံးစွဲရာမှာ အလျှံပယ်

သုံးစွဲလေ့ရှိတယ် သူလုပ်တဲ့ ပျော်ပွဲရှင်ပွဲတွေမှာ ငွေဘယ်လောက်ကုန်ကုန်

သူမနှမြောတတ်ဘူး ပေးကမ်း စွန့် ကြဲမှုတွေမှာလည်း အတိုင်းအတာမရှိဘူး

သူစေတနာရှိရင် ရှိသလို ပေးကမ်းတတ်တယ် ဒါကြောင့်လည်း ငွေကြေး

သုံးစွဲမှုတွေ စိတ်လွတ်ကိုယ်လွတ်ပျော်ပါးတတ်မှုတွေက သူနဲ့ တန်းတူ

ကြွယ်ဝ ချမ်းသာသူတွေကြားမှာ မုဒိတာမပွားနိုင်သူ တွေအတွက် မျက်စိ

စပါးမွှေးစူးစရာ ဖြစ်သွားခဲ့ပြီး အဲ့ဒီ အသိုင်းအ၀န်းမှာ အဲ့ဒီအပိုင်းနဲ့ လည်း

"တေဇ" ဆိုတဲ့နာမည်နဲ့  နာမည်ကြီးတစ်ယောက် ဖြစ်သွားခဲ့ပြန်ပါတယ်။

သစ်ထုတ်လုပ်ငန်းမှာ နာမည်ကြီးရင်းကြီးသွားပြီး နောက်ဆုံး ပြည်သူတွေ

ကြားမှာ နာမည်ဆိုးထွက်သွားရတဲ့အကြောင်းရင်းကတော့ သစ်ထုတ်မှုမှာ

နာမည်ကြီးပုံက တစ်မျိုးဆိုပေမယ့် အဲ့ဒါကိုအသုံးချပြီး နာမည်ဆိုးထွက်အောင်

လုပ်ပြီး ချော်လဲ ရောထိုင် လိုက်ကြတဲ့ အစိုးရနဲ့  သူနဲ့ လုပ်ငန်းတူ လုပ်ကိုင်ကြသူတွေရဲ့ စနက်တွေကြောင့် မြန်မာပြည်မှာ သစ်ထုတ်တာ

အများဆုံးနဲ့ သစ်တောတွေ ပြုန်းတီးရခြင်းရဲ့ တရားခံက ထူးထရေးဒင်းက

ဦးတေဇကြောင့် ဆိုပြီး ဖြစ်သွားရပါတော့တယ် ဒါကြောင့်လည်း မြန်မာ

ပြည်သူ ပြည်သားတော်တော်များများက သစ်တောသစ်ပင်တွေနဲ့ 

ပါတ်သက်လာရင် ဦးတေဇကို ပြေးမြင်ပြီး အပြစ်တင်ကြတာကိုပဲ မြင်တွေ့ 

နေရပါတော့တယ်။

အမှန်တစ်ကယ်ကတော့ မြန်မာပြည်သူပြည်သားတွေထင်မှတ်ထားတဲ့

သိထားတဲ့ ဦးတေဇက သစ်တောပြုန်းတီးမှုတွေရဲ့ အဓိက တရားခံဆိုတာ

မဟုတ်ပါဘူး ဒါဆို သူ့ လိုပဲ သူနဲ့ အတူ သစ်ထုတ်လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့

ပုဂ္ဂလိက လုပ်ငန်းရှင် ၁၀၀ ကျော်အားလုံးက အဓိက တရားခံလားဆိုတော့

လည်း မဟုတ်ပြန်ဘူး အဓိက တရားခံကတော့ အဲ့ဒီခေတ် အဲ့ဒီအခါက

တက်လာခဲ့တဲ့ အစိုးရပါ ဘာကြောင့်လည်းဆိုတော့ ဟိုးယခင်တုန်း

ကလည်း ကျွန်တော်ရေးခဲ့ဘူးပါတယ် အဓိက တရားခံဘယ်သူလဲဆိုတာ

အဲ့ဒါကိုမဖတ်ဖူးကြသေးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။


ဒါကြောင့်ထပ်ပြောပြပါမယ် န၀တ အစိုးရတက်လာချိန်

နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် လမ်းတွေဖောက်၊ တံတားတွေ

ဆောက်ဖို့  ဘဏ္ဍာငွေ လိုအပ်နေခဲ့ချိန်မှာ ရေနံ၊ သဘာဝဓာတ်ငွေ့  ဆိုတာ

တွေကနေ နိုင်ငံခြားငွေ ရရှိဖို့ ဆိုတာ မရှိခဲ့သေးဘူး ဒီနေ့ ဒီအချိန်မှသာ

ရေနံတို့  ဓာတ်ငွေ့ တို့ ကနေ နိုင်ငံခြားဝင်ငွေရလာတာ။

အဲ့ဒီအချိန်တုန်းကနိုင်ငံခြား ၀င်ငွေရရှိဖို့  မြန်မြန်ဆန်ဆန်နဲ့ ငွေပေါ်ဖို့ 

အလုံးလိုက် အရင်းလိုက်ဝင်လာဖို့ ဆိုတာက သစ်အလုံးလိုက်တင်ပို့ 

ရောင်းချခြင်းတွေကနေ နိုင်ငံတော် ၀င်ငွေကို ရှာဖွေခဲ့တယ်။

အစိုးရပိုင် သစ်လုပ်ငန်းကနေ သစ်တွေထုတ်လုပ်ခဲ့ပေမယ့် သတ်မှတ်

တဲ့ ပမာဏကို မရရှိခဲ့ဘူး နည်းစနစ်ပိုင်း ငွေအင်အားသုံးစွဲမှုအပိုင်းတွေ

အားနည်းတော့ အစိုးရရဲ့ သစ်ထုတ်လုပ်ငန်းက အမြတ်မပေါ်ပဲ အရှုံး

ချည်းပေါ်နေတဲ့အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လက်ခစားအနေနဲ့ 

ခုတ်ခိုင်းခဲ့တယ် ထုတ်ခိုင်းခဲ့တယ် အဲ့ဒီအချိန်ကနေ သစ်အလုံးလိုက်

တင်ပို့ မှုရပ်ဆိုင်းချိန်ထိ သစ်ခုတ်ခွင့် ထုတ်လုပ်ခွင့် တွေချပေးခဲ့တဲ့

ကုမပ္ပဏီပေါင်း ရာကျော်ရှိတယ် လိုင်စင်လာလျှောက်သမျှ အကုန်နီးပါး

လောက် လိုင်စင် ချပေးသလို သစ်ထုတ်ခွင့် ပါမစ်တွေကိုလည်း

ဟိုလူ့ ပေး ဒီလူ့ ပေးနဲ့  မွစာကျဲနေခဲ့တော့ပါတယ်။

ဒီနေရာမှာ မြန်မာပြည်ကလူတွေ အထင်မှားနေတာတစ်ခုရှိတယ်

အဲ့ဒါက ဘာလည်းဆိုတော့ ပုဂ္ဂလိက သစ်ထုတ်လုပ်ငန်းတွေဟာ

အစိုးရနဲ့ အကျိုးတူ စီးပွားဖက် လုပ်ခဲ့ကြတာမှန်ပေမယ့် သစ်တစ်ပင်ခုတ်

အဲ့ဒီတစ်ပင်ကို သူတို့ ရကြတာမဟုတ်တာပါပဲ ဒါကို ခုတ်လိုက်တဲ့

သစ်ပင်တိုင်း သစ်လုံးတိုင်းကို ပုဂ္ဂလိက ကပဲ ရသွားတယ်လို့ ထင်နေသူတွေ

ဒုနဲ့ ဒေးရှိနေတာ မြင်တွေ့ ရပါတယ် ဒါက မှားယွင်းတဲ့ ထင်မြင်မှုပါ

ပုဂ္ဂလိက လုပ်ငန်းတွေ သစ်ထုတ်တယ်ဆိုတာက အစိုးရကို ထုတ်ပေးရ

တာပါ ဒီနှစ် ဘဏ္ဍာရေးလိုအပ်ချက်အတွက် သစ်တန်ချိန်ဘယ်လောက်

ထုတ်ရမယ် ဆိုပြီး ချပေးလိုက်ရင် သူတို့ ချပေးလိုက်တဲ့ သစ်တန်ချိန်ကို

ပုဂ္ဂလိကသစ်ထုတ်လုပ်ငန်းတွေက ကိုယ့်အိတ်ထဲက ပိုက်ဆံနဲ့ အရင်

စိုက်ထုတ်ပြီး ထုတ်ပေးခဲ့ကြရတာပါ သတ်မှတ်ထားတာ တန် ၁၀၀ ဆိုရင်

တန် ၁၀၀ လုံး ခုတ်ပြီးချိန်မှာ အစိုးရကို တန် ၁၀၀ လုံး အပ်ရပြီး

အဲ့လိုအပ်ပြီးချိန်မှ စိုက်ထုတ်ခဲ့တဲ့ ကုန်ကျစရိတ် တွေကိုပြန်ပေးပါတယ်။

ဒီနေရာမှာ သစ်ထုတ်လုပ်ငန်း လုပ်ကိုင်သူတွေကတော့ မည်သို့ မည်ပုံ

သစ်ထုတ်လုပ်ငန်းကနေ အမြတ်ရတယ်ဆိုတာကို နားလည်ထားကြ

ပေမယ့် သာမန် ပြည်သူတွေအတွက်ကတော့ တစ်ပင်ခုတ် တစ်ပင်ရောင်း

လို့ အမြတ်ရတာပဲလို့  ထင်နေမှာပါ အမှန်က အဲ့လိုမဟုတ်ပါဘူး

အပေါ်မှာပြောခဲ့သလိုပါပဲ အစိုးရက နိုင်ငံတော်ရဲ့ ဝင်ငွေအတွက်

သစ်တွေကိုခုတ်ခိုင်းတဲ့အတွက် လက်ခစားအနေနဲ့  ကိုယ့်စရိတ်နဲ့ ကိုယ်

ခုတ်ပေးရပါတယ် ခုတ်ပြီးလို့ သူတို့ ကို သစ်တွေအားလုံးအပ်ပြီးတော့မှ

ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကို တွက်ချက်ပြီး အစိုးရကို တင်ပြရပါတယ်

အစိုးရကနေ စိစစ်ပြီးတော့မှ ထုတ်လုပ်မှုစရိတ်တွေကိုပြန်ပေးပါတယ်။

နောက်တစ်ခုက အညိုရောင်နယ်မြေ အမည်းရောင်နယ်မြေတွေမှာ

သစ်ထုတ်တဲ့အခါမှာ အစိုးရအနေနဲ့  ဒီဘက်က သွားမထုတ်ရင်လည်း

ဟိုဖက်ကို အလိုလိုထွက်နေတဲ့အတွက် အဲ့ဒီသစ်တွေကို သွားထုတ်ပေးရင်

ထုတ်ပေးတဲ့သူကို အကျိုးအမြတ်ပြန်လည်ခွဲပေးပါတယ် သစ်ထုတ်သူတွေ

အတွက်ကတော့ ထုတ်လုပ်မှုစရိတ် အပြင် အဲ့ဒီလိုအကျိုးအမြတ်ရတဲ့အတွက်

တွက်ခြေကိုက်စေပါတယ်။

နောက်ပြီး သစ်တန်ချိန် ၁၀၀ အစိုးရက ခုတ်ခိုင်း

လို့  ခုတ်ပေးပြီး အစိုးရကို တန်ချိန် ၁၀၀ လုံးအပ်ပြီးချိန်မှာ အဲ့ဒီ သစ်တွေကို

ကိုယ်က ပြန်ဝယ်ချင်တယ်ဆိုရင် ကာလပေါက်ဈေးနဲ့ အစိုးရဆီကပြန်ဝယ်

ရပါတယ် ၀ယ်ပြီး ကိုယ်တိုင် ဈေးကောင်းပေးနိုင်မယ့်ဘာယာ(အ၀ယ်တော်)

ရှာပြီး ရောင်းလို့ ရပါတယ် နိုင်ငံခြားကို သစ်အလုံးလိုက်တင်ပို့ သူတွေ

အားလုံး အဲ့ဒီလို နည်းလမ်းနဲ့ အကျိုးအမြတ်ကို ရှာဖွေရပါတယ် ကိုယ်က

ဈေးကောင်းပေးတဲ့ ဘာယာကို ရှာနိုင်ရင် ကိုယ်အကျိုးအမြတ်ရပါတယ်။

ဦးတေဇ သစ်လုပ်ငန်းနဲ့ ကြီးပွားတယ်ဆိုတာ အဲ့ဒီအပိုင်းလည်းပါ ပါတယ်

သူ့ ရှာဖွေထားတဲ့ ဘာယာတွေက သူ့ သစ်တွေဆိုရင် ဈေးကောင်းပေးပြီး

ဝယ်လေ့ရှိကိုတွေ့ ရတယ် သတ်မှတ်ဈေးထက် ပိုပေးပြီးဝယ်တဲ့အတွက်

တန်ချိန်များလေ သူ့ အတွက် ကျန်လေပါပဲ အခွန်အခတွေ ကင်းလွတ်လား

ဆိုတော့ အစိုးရနဲ့ အကျိုးတူ စီးပွားဖက်လုပ်တဲ့ မည်သူမဆို အခွန်အခတွေ

ပေးဆောင်ပြီးမှ နိုင်ငံခြားတင်ပို့ မှုတွေကိုလုပ်ရတာပါ ဒီလောက်ဆိုရင်

သစ်ထုတ်လုပ်ငန်း နဲ့ ချမ်းသာ ကြွယ်ဝနိုင်တာ ဘယ်လိုကြောင့်လည်း

ဆိုတာ သိကြမယ်ထင်ပါတယ် သစ်ထုတ်လုပ်ငန်းလုပ်တိုင်းလည်း

မချမ်းသာနိုင်ပါဘူး သစ်ထုတ်ပြီးအရှုံးပေါ်တဲ့သူတွေလည်းရှိပါတယ်

ကံနဲ့ လည်းဆိုင်သလို ဥာဏ် တွေ ၀ီရိယ တွေစိုက်ထုတ်နိုင်မှသာလျှင်

စီးပွားဖြစ်စေနိုင်ပါတယ်။

သစ်တော သစ်ပင်တွေပြုန်းတီးရခြင်းဟာ သစ်ထုတ်လုပ်ငန်းတစ်ခုတည်း

ကြောင့် မဟုတ်ပေမယ့် ကဏ္ဍ တစ်ခုအနေနဲ့ တော့ ပါဝင်နေခဲ့ပါတယ်

မြို့ သစ် ရွာသစ်တွေဖော်ဆောင်ခြင်း၊ ဆည်မြောင်း တာတမံများတည်ဆောက်

ခြင်း၊ လယ်ယာမြေ များ စိုက်ပျိုးရေး မြေကွက်များဖန်တီးခြင်း၊ တွေဟာ

သစ်တောတွေကို အပြောင်ရှင်း စနစ်နဲ့  ခုတ်ထွင်ရှင်းလင်းပြီးမှ ပြုလုပ်ရတာပါ

ထို့ အတူပဲ တောမီးလောင်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ တောင်ယာလုပ်ခြင်းတွေကြောင့်လည်း

သစ်တော သစ်ပင်တွေ ပျက်စီးဆုံးရှုံး ရပါတယ် ဒီအရာတွေအားလုံး စုပေါင်း

လိုက်ရင် သစ်တော သစ်ပင်တွေကို ဘယ်လိုထိန်းသိမ်းကြမလည်း

ဆိုတာကို တွေးမိပြီး ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတာကို သိလာကြ

ပါလိမ့်မယ်။

မြန်မာနိုင်ငံအနှံ့ အပြားမှာ ရေကြီးမှုတွေဖြစ်ပေါ်နေချိန်မှာ ရာသီဥတု

ဖောက်ပြန်မှုတွေရဲ့ အဓိက တရားခံဟာ ဘယ်သူပါ ဘယ်ဝါပါလို့ 

လက်ညှိုးထိုးနေချိန်မှာ သစ်တောသစ်ပင်တွေ ပြုန်းတီးစေခဲ့သူ

သစ်တွေ အဆမတန်ထုတ်ခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက်ရှာဖွေခဲ့တဲ့

အစိုးရမှာသာတာဝန်အရှိဆုံး လို့ ထောက်ပြချင်လို့  ဒီအကြောင်းအရာတွေ

ကို ရေးသားရခြင်းဖြစ်ပါတယ် ဒါက ဖြစ်စဉ်အမှန် တရားခံ အမှန်ပါ

အစိုးရသာ သစ်ခုတ်ခွင့် သစ်ထုတ်ခွင့်တွေ မပေးခဲ့ဘူးဆိုရင်

ဘယ်ပုဂ္ဂလိကကုမ္ပဏီမှ သစ်ခုတ်လို့ ရမှာမဟုတ်ပါဘူး အစိုးရက

ခုတ်ဆိုလို့  ခုတ်ခဲ့ရပြီး အစိုးရ အတွက်ခုတ်ပေးခဲ့ရတဲ့သူတွေဟာ

သစ်တောပြုန်းတီးခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း ရဲ့ တရားခံ

အစစ်အမှန်မဟုတ်ပဲ နိုင်ငံတော်အစိုးရမှာသာ တာဝန်အရှိဆုံးဖြစ်ပြီး

နိုင်ငံတော် အစိုးရသာလျှင် တရားခံအစစ်အမှန်ဖြစ်ပါကြောင်း

ရေးသားတင်ပြအပ်ပါသည်။

ရိုးမငှက်ခါး

( မြန်မာ့သစ်တောနှင့်သစ်ခုတ်သည့်အကြောင်းများ-Myanmar Timber )


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...