Ads (728x90)



-

-
Air Bagan လေကြောင်းလိုင်းသည် ၂၀၀၄ ခုနှစ် စတင်တည်ထောင်ခဲ့ချိန်မှစ၍
ယနေ့ထိ (၁၁)နှစ်တာ ကာလအတွင်း အတားအဆီး၊ အခက်အခဲ စိန်ခေါ်မှုများစွာကို ကြံ့ကြံ့ခံကာ အောင်မြင်စွာ ဖြတ်ကျော်လျက် နိုင်ငံ၏ လေကြောင်းသမိုင်းတွင်
ပို့ဆောင်ရေးကဏ္ဍကို တိုးတက်စေခဲ့ပါသည်။ ထို့ပြင် Airline ၀န်ထမ်းများ၏ရှေ့ရေးကို
ရှေ့ရှုလျက် Employee Ownership ကို Airline လုပ်ငန်း တိုးတက် အောင်မြင်မှုအတွက် တက်ကြွစွာဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့် အကျိုးသက်ရောက်စေမှုအဖြစ် Air Bagan ကို ရင်းနှီးမြှုပ်နှံတည်ထောင်ခဲ့သူ ဦးတေဇမှ Air Bagan ၏ ၅၁% Share ကို
Employee Trust Fund (၀န်ထမ်းများအတွက် ယုံမှတ်အပ်နှံသည့် အစုရှယ်ယာ)အဖြစ်
၂၀၁၄ ခုနှစ်ဆန်းပိုင်းကတည်းက တရားဝင် မှတ်ပုံတင်ကာ လွှဲပြောင်းပေးခဲ့ပြီး၊ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့က ရာသီဥတုအခြေအနေအရ လေယာဉ်ပြေးလမ်းချော်ခဲ့ခြင်း ကြောင့်
လေယာဉ်တစ်စီးသာ ကျန်ရှိပါတော့သည်။ သို့သော်လည်း
ထိုကျန်သည့်လေယာဉ်မှာ Schedule Maintenance ပုံမှန်စစ်ဆေးပြုလုပ်ရန် အချိန်ကျရောက်နေပါသဖြင့် Air Bagan ၏ ခရီးစဉ်များကို ပျံသန်း ပြေးဆွဲရန် အခက်အခဲဖြစ်နေပါသည်။
ထို့ပြင် Air Bagan အနေဖြင့် နိုင်ငံရေးပိတ်ဆို့မှုများကြောင့်
လေယာဉ်ထပ်မံဝယ်ယူနိုင်ရန် အခက်အခဲရှိနေခြင်း၊ အခြား Airline များကဲ့သို့ ကိုယ်ပိုင်လေယာဉ်ဝယ်ယူခြင်းထက် ပိုမိုတွက်ခြေကိုက် သော Finance Lease လုပ်ခြင်းများကို ပြုလုပ်ခွင့်မရပဲ High Competitive Market တွင် Air Bagan ၏
Fleet Size ကိုထည့်ရန် ကန့်သတ်ချက်များရှိနေခြင်းများကြောင့် အခြား Airline များကဲ့သို့မဟုတ်ဘဲ Cape Town Convention မှ အခွင့်အလမ်းများပါ ဆုံးရှုံးရလျက် ယင်းအချက်များက Air Bagan ၏ အနာဂါတ်ကို ကြီးစွာသော သက်ရောက်မှု ဖြစ်စေခဲ့ပါသည်။
ထို့ကြောင့် Air Bagan သည် လတ်တလော ခရီးစဉ်များကို မိမိပိုင်လေယာဉ်ဖြင့် ပြေးဆွဲမှုအား ခေတ္တရပ်ဆိုင်းထားပြီး၊ လက်ခံထားပြီး Booking များနှင့် ခရီးသည်များကို Asian Wings မှ ပြေးဆွဲလျက် ရှိသည့် YJ/W9 (Code Share) Flight များနှင့် အဆင်ပြေချောမွေ့စွာ ပြောင်းရွှေ့ပျံသန်းပေးလျက် ရှိပါသည်။ Air Bagan ၏ လက်မှတ်များကိုလည်း ပုံမှန် ဆက်လက်ရောင်းချလျက် ရှိပါသည်။ ယင်းပြောင်းလဲချက်များကိုလည်း Air Bagan ၏ အရောင်းအေးဂျင့်များနှင့် ခရီးသည်တစ်ဦးချင်းအား ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့ကတည်းက စာများဖြန့်ဝေပို့ဆောင်လျက် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။
ထို့ပြင် High Season အမီ အောက်တိုဘာလအတွင်း ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရန် ဆက်လက် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
Air Bagan ( www.airbagan.com )


Air Bagan ခဏရပ်လိုက်ရတယ်။ ဒါပေမဲ့ လိုအပ်လို့လုပ်လိုက်ရတာဖြစ်ပြီး ဒီလိုလုပ်ရမယ့်အကြောင်းကိုလည်း ဆွေးနွေးနေခဲ့ကြတာကြာပါပြီ။ အားလုံးအထိတ်တလန့်ဖြစ်အောင် ကောလဟလတွေလွှင့်ပြီး အခြားလုပ်ငန်းတွေပါ ထိခိုက်အောင် မလုပ်ကြဖို့ တောင်းပန်ချင်ပါတယ်။
Air Bagan ကလက်ရှိဆွဲနေတဲ့လေယာဉ်က တစ်စီးပဲကျန်တာဖြစ်ပြီး အဲဒီတစ်စီးကို ပုံမှန် safety check လုပ်ရမယ့် အချိန်မှာ အစားထိုးစရာလေယာဉ်လည်းမရှိသေးတာမို့ check လုပ်နေစဉ်ကာလအတွင်း ခရီးစဉ်တွေနားထားရမယ်ဆိုတာ နဂိုအစီအစဉ်ဖြစ်ပြီး Air Bagan ဝန်ထမ်းတွေလည်း သိနှင့်ပြီးသားဖြစ်ပါတယ်။ တစ်ခုခုကြောင့် ချက်ချင်းအစီအစဉ်မရှိဘဲ ရပ်လိုက်ရတာမျိုး မဟုတ်ပါဘူး။
နောက်ပြီး Airline business ဆိုတာ cost base မြင့်လွန်းလို့ profit margin သိပ်ပါးလွန်းတဲ့ business မျိုးပါ။ ဒါကြောငိ့လည်း Europe UK USA လိုနေရာတွေမှာအစ လေကြောင်းလိုင်းတွေ ပေါင်းလိုက်ရ ရပ်လိုက်ရ ခဏခဏဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ခဏရပ်လိုက်ရတဲ့ လိုင်းတွေရှိခဲ့တာပဲမဟုတ်ဘူးလား။ ခုက တိုးတက်လှချည်ရဲ့ဆိုတဲ့ နိုင်ငံကြီးတွေတောင် domestic airline 3/4 ခုပဲရှိတာ။ ကိုယ်တွေက 10 လိုင်းရှိပြီး hypercompetitive ဖြစ်နေတဲ့ အခြေအနေပါ။ ဒီလို အခြေအနေမျိုးမှာ အတင်းကြီး လေယာဉ်တစ်စီးနဲ့ ဆက်ပျံနေမယ့် အစား ခဏဆက်ရပ်ထားမယ်ဆိုတာ ဘယ်လိုစဉ်းစားစဉ်းစား သဘာဝကျပါတယ်။
Air Bagan ခဏဆက်ပြီး နားရင်နားနေပါလိမ့်မယ်။ ဒီလိုစီစဉ်နေခဲ့တာလည်း ကြာပြီဖြစ်ပြီး ခဏနားရမယ်ဆိုလို့ crewတွေရော အခြားဝန်ထမ်းတွေပါ စိတ်မကောင်းတဲ့ status လေးတွေ တင်နေတာတောင်ကြာပါပြီ။ ရေဘေးဖြစ်သွားလို့ ကိုယ့်ကိစ္စခဏ မေ့ထားလိုက်ကြပြီး Htoo Foundationမှာ အင်တိုက်အားတိုက်ကူညီနေကြတာပါ။ ခုမှဖြစ်တဲ့ အကြောင်းကြောင်းကြောင့် ချက်ချင်းကြီးပိတ်လိုက်ရတာ မဟုတ်ပါဘူး။ လိုအပ်လို့ခဏနားတာပါပဲ။ အခြား business တွေအားလုံးလဲ သူ့ဘာသာ ဆက်လည်ပတ်နေမှာပါ။ ကောလဟလတွေ မဖြန့်ကြဖို့ တောင်းဆိုပါတယ်။ မလိုအပ်တဲ့ နောက်ဆက်တွဲတွေ မဖြစ်စေချင်လို့ပါ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...