Ads (728x90)

၁၁ ဘီလီယံ ဘဏ်အကောင့် ၅ ခု ကိစ္စနဲ့ ပတ်သက်ပြီး မမှန်ကန်ပါက... မဟုတ်မမှန် ပြောဆို ၀ါဒဖြန့်နေတဲ့ Eleven မီဒီယာကို အရေးယူပေးပါ...
▬▬▬▬▬▬▬▬▬▬
Eleven ရဲ့ ဖွရှုပ် လုပ်ဇာတ်...

၁။ ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia ဆိုပြီး ပြောဆို သူကို သေချာ မသိပဲ ဘယ်ဌာန ဘယ် ရာထူး ဘယ်လို ပြောရေး ဆိုခွင့် ရှိတယ် ဆိုတာကိုတောင် မှန်ကန်တိကျအောင် မသုံးနိုင်ပဲ သတင်းဖြန့်ချီထားပါတယ်...

၂။ ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံအကြား ကြွေးမြီကိစ္စများ ဆွေးနွေးပွဲများတွင် နိုင်ငံခြား ဘဏ်စာရင်း(၅)ခုတွင် ဒေါ်လာ ၁၁ ဘီလီယံ ရှိသည့် ကိစ္စနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေးခြင်း မရှိခဲ့ပဲ နှင့်... လက်ရှိ အစိုးရကို ပြည်သူတွေ အယုံအကြည် ကင်းမဲ့ အောင်... မမှန်မကန် လုပ်ဇာတ်ဖြင့် သတင်း ဖြန့်ချီထားပါတယ်...

▬▬▬▬▬▬▬▬▬▬
ယင်းသတင်းအချက်အလက်နဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းချက်အရ အောက်ပါအတိုင်းသိရှိရသည်-

(၁) ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံအကြား ကြွေးမြီကိစ္စများ ဆွေးနွေးပွဲများတွင် နိုင်ငံခြား ဘဏ်စာရင်း(၅)ခုတွင် ဒေါ်လာ ၁၁ ဘီလီယံ ရှိသည် ဟူသည့် ကိစ္စနှင့်စပ်လျဉ်း၍ တစ်ကြိမ်မှ ထောက်ပြဆွေးနွေးခဲ့ခြင်း မရှိခဲ့ပါ။

(၂) Mr.Jelson Garcia ဆိုသည်မှာလည်း ကမ္ဘာ့ဘဏ်ဝန်ထမ်း မဟုတ်။ Bank Information Center ဆိုသည့် NGO က ဖြစ်သည်။

(၃) ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ကမ္ဘာ့ဘဏ်ကို သတင်းဆောင်းပါးပါ အချက်အလက်များနဲ့ ပတ်သက်ပြီး တရားဝင် ထပ်မံစိစစ်ပေးရန် အကြောင်းကြားထားသည်။

Eleven က ပြောတဲ့ ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဆိုတာ ဘယ်သူလဲ??
▬▬▬▬▬▬▬▬▬▬
Bank Information Center ဟာ ကမ္ဘာ့ဘဏ်ရဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်ချက်များကို စောင့်ကြည့်တဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ၀က်ဘ်ဆိုက်က http://www.bicusa.org/ ဖြစ်ပါတယ်။ အဲဒီမှာ အဖွဲ့ရဲ့ လုပ်ငန်းတာဝန်ကို အခုလို ဖော်ပြ ထားပါသည်-

Jelson Garcia
Manager, Asia Program
+1 (202) 624-0622
jgarcia@bicusa.org
▬▬▬▬▬▬▬▬▬▬▬▬▬

ထိုသို့ ကွဲလွဲ ပြောဆို ၀ါဒဖြန့်ထားပါသဖြင့်... သက်ဆိုင်ရာ နိုင်ငံတော် လူကြီးမင်းများ အနေဖြင့် Eleven မီဒီယာမှ ဖြန့်ချီပြောဆို ထားမှု များကို ပြန်လည် ဖြေရှင်း အရေးယူခြင်း များ မပြုလုပ်ပဲ ငြိမ်နေပါက... ကျွန်တော်တို့ ပြည်သူများ မှာ ယင်း ကိစ္စကို အမှန်ဟု မှတ် ယူသွားကြရမည် ဖြစ်ပါသည်... သို့ဖြစ်ပါ၍ မမှန်ကန်ပါက... မီဒီယာ တစ်ခုနှင့် မလျော်ညီအောင်... သတင်း တိကျရေရာမှု မရှိပဲ မဟုတ်မမှန် ပြောဆို ၀ါဒဖြန့် သွေးခွဲ နေတဲ့ Eleven မီဒီယာကို ထိုက်သင့်သည့်... အရေးယူမှုများ ပြုလုပ်ပေးပါရန် တင်ပြအပ်ပါသည်...

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...