Ads (728x90)



ဟိုတစ်ရက်က "ရာသီဥတုဖောက်ပြန်ခြင်း သစ်တော သစ်ပင်တွေ
ပြုန်းတီးရခြင်းရဲ့ အဓိကတရားခံဘယ်သူလဲ..?" ဆိုတာလေးရေးမိတော့
မတ်စေ့ဘောက်ကနေ "ခင်ဗျားက ဘာသိလို့ လည်း သစ်တောတွေပြောင်တာ
ဦးတေဇကြောင့်ဗျ သူအကုန်ခုတ်ခဲ့လို့ ပြောင်သွားတာ ဦးတေဇအကြောင်း
ခင်ဗျားက ဘယ်လောက်သိလို့ လည်း သူ့ အကြောင်းသိရင် ရေးပြစမ်းပါ
အစိုးရနဲ့ ပေါင်းပြီး အခွင့်အရေးတွေရပြီး အခွင့်ထူးခံအနေနဲ့ ချွေးတစ်ပေါက်
မကျပဲ ချမ်းသာသွားတဲ့သူဗျ ခင်ဗျားကိုဒီလိုတွေ ရေးဖို့ ငှားထားတာလား
ပိုက်ဆံတွေ ဘယ်လောက်ရလို့ ဒီလိုလူအကြောင်း အကောင်းတွေရေးပြီး
သူ့ ကိုကာကွယ်ပေးနေရတာလည်း" ဆိုပြီး မတ်စေ့ပို့ သွားတယ်။
ကျွန်တော်သူ့ ကိုပြန်ပြောဖြစ်လိုက်ပါတယ် ညီငယ် အစ်ကိုရေးတာက
မြန်မာပြည်အနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပြီး ဒုက္ခရောက်နေချိန်မှာ
မင်းတို့ ခရိုနီလို့ ခေါ်တဲ့ဦးတေဇ ရှေ့ ဆုံးကထွက်ပြီး အလှူအတန်းတွေ
လုပ်နေတယ်ဒုက္ခရောက်နေတဲ့မြန်မာပြည်ကလူတွေကို
သူတတ်နိုင်တဲ့ဘက်ကနေ ကူညီကယ်တင်ပြီးဖေးမပေးနေတယ် ဒီအချိန်မှာ
ကျေးဇူးတင်စကားနဲ့  သူလှူတဲ့အလှူအတန်းတွေအတွက် သာဓုခေါ်
ပေးနေရမယ့်အချိန် ဒီလိုရာသီဥတုတွေဖောက်ပြန်နေတာ သူကြောင့်
ဆိုပြီး သာဓုမခေါ်တဲ့အပြင် ဆဲဆိုပြီး အပြစ်ပဲ တင်နေကြတယ် ဒါကိုအစ်ကို
မြင်လို့ ရေးလိုက်တာ အစ်ကိုသာ သူ့ နေရာမှာဆိုရင် ငါ့ရှာထားတဲ့ ငါ့ပိုက်ဆံတွေအကုန်ခံပြီး လှူနေတာ ဒါတောင် အကောင်းမမြင်ဘူး
ဒီလောက်ဆဲနေရင်မလှူဘူးကွာ မလှူတော့ဘာဖြစ်လည်းလုပ်မိမလားပဲ။
အဲ့ဒီလိုဆိုရင်ငါ့ညီစဉ်းစားကြည့် ဘယ်သူတွေ နစ်နာသွားမလည်း
သူ့ အတွက်ကတတ်နိုင်လို့ တတ်နိုင်တဲ့ဘက်ကနေ အကူအညီပေးနေတာ
အကူအညီမပေးပဲမသိသလိုနေလိုက်လည်းရတာပဲ အဲ့ဒီလိုနေလိုက်ရင် ဒုက္ခရောက်နေတဲ့သူတွေအတွက် အကူအညီတွေမရတော့ဘူး
ငါ့ညီတို့ အဲ့လိုဝေဖန်အပြစ်တင်နေတော့ရောဘာထူးသွားလည်း
ဘာကောင်းကျိုးရှိလည်း ဘာမှမရှိဘူးမဟုတ်လား အရည်မရအဖတ်မရနဲ့ 
အားနေ ဝေဖန်အပြစ်တင်ဖို့ ဆဲဖို့ ဆိုဖို့ ပဲလုပ်နေကြတာထက် ကိုယ်တတ်
နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်လေးကူညီပေးကြပါလားကွာ
မင်းပြောတဲ့ ဦးတေဇအကြောင်းလည်း အစ်ကိုသိတယ် ရာသီဥတုတွေ
ဖောက်ပြန်လာတာ သစ်ထုတ်တာတွေကြောင့်လို့ ပြောတဲ့ သစ်ထုတ်လုပ်ငန်း
တွေအကြောင်းလည်းသိတယ် နောက်ရက် ဒီအကြောင်းတွေကိုအစ်ကို
ရေးပေးမယ် ငါ့ညီစောင့်ဖတ်လိုက်ပါ ခုချိန်မှာ ဒီလိုပြောဆိုဝေဖန်အပြစ်တင်
နေတာတွေက အကျိုးမရှိဘူး အကျိုးယုတ်စေတယ်ဆိုတာ ငါ့ညီတို့ သိသင့်တယ်ဆိုပြီး စာပြန်ပေးလိုက်ပါတယ်
ဒီနေ့ အထိ သူ့ ဆီက စာပြန်မလာတော့ပါဘူး
ဒါကြောင့် ဒီရေးသားထားမှုတွေက အဲ့ဒီညီငယ်နဲ့ အထင်လွဲမှားနေတဲ့သူတွေ
သစ်ထုတ်လုပ်မှုတွေအကြောင်းကောင်းကောင်းမသိပဲ ရာသီဥတုတွေ
ဖောက်ပြန်လာတာ တောတွေပြောင် တောင်တွေကတုံးဖြစ်တာ
သစ်ထုတ်လုပ်ငန်းတွေကြောင့်ဆိုပြီး ရမ်းဖြီးနေတဲ့ သတင်းဂျာနယ်တွေ
မီဒီယာတွေကို သိစေချင်တဲ့အတွက် ရေးပေးလိုက်ပါတယ်။
တစ်ချို့ တွေ ရာသီဥတုတွေဖောက်ပြန်ရင် သစ်တွေခုတ်ခဲ့လို့ ပြောင်တာ
ဆိုတဲ့ အတွေးနဲ့ အသိက ဒက်ခနဲပေါ်လာတတ်ကြတယ် မြန်မာပြည်မှာဆို
သစ်တောတွေပြောင်အောင်ခုတ်ခဲ့တာ ဦးတေဇ သူ့ ကြောင့် သစ်တောတွေ
မရှိတော့တာ ပြောင်သွားတာ ဒါကြောင့်ရာသီဥတုတွေဖောက်ပြန်တာဆိုပြီး
ပြောကြတယ် အပြစ်တင်ကြတယ်။
သူများတွေအပြစ်ဘယ်လိုပဲမြင်မြင်ဘယ်လိုပဲ အပြစ်တင်တင်
ကျွန်တော်ကတော့ အပြစ်လည်းမတင်ဘူး အပြစ်လည်းမမြင်ဘူး
ဘာကြောင့်လည်းဆိုတော့မြန်မာပြည်ကအစိုးရရဲ့ သန်း ၃၀၀
ဘဏ္ဍာရေးလိုအပ်ချက်ကြောင့် သစ်တွေအဆမတန်ခုတ်ခိုင်း
ခဲ့တဲ့သမိုင်းကိုသိတယ် နောက်ပြီး သစ်ထုတ်လုပ်ငန်းအကြောင်းကို
ကောင်းကောင်းသိတယ် မြန်မာပြည်မှာရှိတဲ့ သစ်တောတွေ
ဘယ်လိုပြောင်သွားရလည်း ဆိုတဲ့အကြောင်းရင်းတွေကိုသိတယ်
ဒါကြောင့် သူ့ အပြစ်ဆိုတာ မဟုတ်ဘူးလို့ ရဲရဲကြီးပြောရဲတာ။
တစ်ချို့ တွေဆို သစ်ထုတ်လုပ်မှုအကြောင်း ကောင်းကောင်းမသိပဲ
ကြားသတင်းလောက်နဲ့  ရမ်းဖြီးတာတွေ မြင်ရတွေ့ ရတယ်
ဦးတေဇကြီး သစ်တွေခိုးထုတ်ပြီးချမ်းသာနေတာ ဒါကြောင့် သူ့ ရဲ့ 
ချမ်းသာကြွယ်ဝမှုတွေက မသန့် ရှင်းဘူး အစိုးရဆီက အခွင့်ထူးတွေ
ရပြီး ချမ်းသာလာလို့  အထင်လည်းမကြီးဘူး ဆိုပြီးပြောနေတာတွေ
မြင်ရကြားရတယ် ကျွန်တော်မေးချင်ပါတယ်အဲ့ဒီလူတွေကို
တစ်ကယ်လို့ များ ဦးတေဇလို အခွင့်အရေးများရခဲ့ရင် မယူပဲငြင်း
လိုက်မှာလားလို့ ပါ။
ကျွန်တော်တို့ လို သစ်ထုတ်လုပ်ငန်း လုပ်ကိုင်ဘူးတဲ့သူတွေအတွက်
ဦးတေဇဟာ ဘယ်လိုလူလည်းဆိုတာ သိသလို အများပြောနေကြတဲ့
ချွေးမထွက် သွေးမထွက်ပဲ အခန့် သားနဲ့  အစိုးရဆီက အခွင့်အရေးတွေ
ရပြီးချမ်းသာလာဆိုတဲ့စကားကို မှားနေတယ်ဆိုပြီး ထောက်ပြချင်မိတယ်
သူဌေးကြီးဦးတေဇဆိုပြီး မဖြစ်ခင်က ကိုတေဇဆိုတဲ့လူက ပိုက်ဆံအရမ်း
ချမ်းသာနေခဲ့တာမဟုတ်ဘူး တောထုတ်စခန်း(သစ်ထုတ်လုပ်သည့်ကြိုးဝိုင်း)
ထဲမှာ သူကိုယ်တိုင်ပင်ပင်ပန်းပန်းသွားရောက်ပြီးသစ်ထုတ်ဖူးသလို
သစ်ထုတ်ရင်းငွေကြေးမလောက်ငှလို့  အကြွေးတွေဆပ်ဖို့ 
လုပ်ငန်း လည်ပတ်ဖို့ အတွက် ဟိုကချေးငှား ဒီကချေးငှား နဲ့ 
သူလုပ်နေတဲ့လုပ်ငန်းကိုမဖြစ်ဖြစ်အောင်လုပ်ခဲ့တဲ့သူ အဲ့ဒီတုန်းက
ထူးသစ်ထုတ်လုပ်ငန်းဆိုတာသေးသေးလေး။
အစိုးရဆီက သစ်ထုတ်ခွင့်ပါမစ်တွေမရခင်က သူများတွေရထားတဲ့ပါမစ်
တွေကိုလိုက်ဝယ်ပြီး သစ်စထုတ်တယ် တောထုတ်စခန်းမှာ ငှက်ပျောရွက်
ထဲထမင်းထည့်ပြီး သူတစ်လုတ် ကိုယ်တစ်လုတ်စားခဲ့တဲ့သူ ဆင်ချေးတုံးတွေ
နဲ့ ချောင်းရေကို လက်နဲ့ ယက်ပြီး သောက်ခဲ့ဘူးတဲ့သူ စားနပ်ရိက္ခာ ပြတ်ချိန်
မုန့် တစ်ခုပဲရှိရင် သူမစားပဲ သူ့ လူတွေကို ကျွေးခဲ့တဲ့သူ ပင်ပင်ပန်းပန်း
ဆင်းဆင်းရဲရဲနဲ့  အဲ့လိုဘ၀တွေကို ဖြတ်သန်းလာခဲ့တဲ့သူတစ်ယောက်
အဲ့ဒီလို အကြောင်းတွေကို သိနေခဲ့တဲ့ ကျွန်တော်တို့ အတွက်ကတော့
ကိုတေဇဟာ နဖူးကချွေး ခြေမမကျပဲ အစိုးရဆီက အခွင့်ထူးတွေနဲ့ 
ချမ်းသာလာတဲ့သူတစ်ယောက်ဆိုတဲ့စကားကို လက်မခံနိုင်တာအမှန်ပါ။
နောက်တစ်ခုက အစိုးရဆီက အခွင့်အရေးတွေရခဲ့လို့ သူချမ်းသာလာတာ
ဆိုတာကို လက်ခံတယ် မှန်တယ် အစိုးရဆီက ကိုတေဇ အခွင့်အရေးတွေ
ရခဲ့တယ် အဲ့ဒီအခွင့်အရေးတွေ ရခဲ့တယ်ဆိုတာကလည်း သူ့ ရဲ့ ကြိုးစား
အားထုတ်မှုတွေရှိခဲ့လို့ ရခဲ့တာတွေ အလုပ်လုပ်ရာမှာ ပြတ်သားတယ်
ရဲရင့်တယ် သူလုပ်မယ်ဆိုတဲ့ အလုပ်ကို မဖြစ်ဖြစ်အောင်လုပ်ပြတတ်တယ်
ဒါကြောင့်လည်း အစိုးရက သဘောကျပြီးသူ့ ကိုအခွင့်အရေးတွေ ပေးခဲ့တာ။
သူဘာတွေလုပ်ပြခဲ့လို့  အခွင့်အရေးတွေရခဲ့တာလည်း..? ဆိုရင်
အစိုးရက နိုင်ငံတော်ဘဏ္ဍာရေးလိုအပ်ချက်အတွက် ပုဂ္ဂလိကတွေကို
သစ်ထုတ်ခွင့်တွေချပေးချိန် မှိုလိုပေါက်နေတဲ့ သစ်ထုတ်လုပ်ငန်းတွေနဲ့ 
သူခုတ် ငါခုတ် အပြိုင်ခုတ် အပြိုင်ထုတ်နေကြချိန် သူများမလုပ်ရဲတဲ့
သူများမလုပ်ချင်တဲ့ လုပ်ကွက်တွေကို သူယူပြီး မဖြစ်ဖြစ်အောင်
မရရတဲ့နည်းတွေနဲ့ လုပ်ပြခဲ့တယ်။
အဲ့ဒီလုပ်ကွက်တွေဆိုတာက အရင်စာတွေထဲမှာ ရေးပြခဲ့ဘူးပါတယ်
အညိုရောင်နယ်မြေ အမည်းရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့နေရာတွေ
နဲ့  နယ်စပ်အစွန်အဖျားတွေကိုပြောတာ ရှင်းရှင်းပြောရရင် သောင်းကျန်းသူတွေ
ကြီးစိုးရာနယ်မြေတွေ အဲ့ဒီနယ်တွေက သစ်တောကြိုးဝိုင်းတွေမှာ
သစ်တောဝန်ထမ်းမပြောနဲ့  ရဲတွေ စစ်တပ်တွေပါ တော်ရုံအနားမကပ်ရဲဘူး
ဒါပေမယ့် သစ်ထုတ်လုပ်ငန်းတွေရှိနေတယ် သောင်းကျန်းသူတွေနဲ့ 
နယ်မြေထိစပ်နေတဲ့ နိုင်ငံတွေက သစ်ခိုးထုတ်တဲ့နေတဲ့ သူတွေပေါင်းပြီး
ဟိုဘက်နိုင်ငံတွေထဲကို အလျှိုလျှို ခိုးထုတ်နေခဲ့ကြတာ အစိုးရအနေနဲ့ 
နိုင်ငံတော် ပြည်လည်တည်ဆောက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာတွေ
လိုအပ်နေချိန်မှာ နိုင်ငံအတွက် ပိုက်ဆံတစ်ပြားတစ်ချပ်မှမရပဲ ခိုးထုတ်ခံနေရ
တဲ့ အဲ့ဒီသစ်တွေကို ဘယ်သူတွေထုတ်ပေးမလည်းဆိုပြီး သစ်ကွက်တွေ
ချပေးခဲ့တယ် အဲ့ဒီမှာ ဘယ်သူမှမထုတ်ရဲဘူး ဒီတော့ ကိုတေဇက"ကျွန်တော်
ထုတ်ပေးမယ်အဘ" ဆိုပြီး မရ ရတဲ့နည်းနဲ့ သွားထုတ်ပေးခဲ့တယ် ဒီတော့
အစိုးရက သူ့ ကိုသဘောကျပြီလေ။

နောက်ပြီးတော့ အစိုးရက ဘဏ္ဍာရေးလိုအပ်ချက်ဆိုပြီး သစ်တွေခုတ်ပြီး
ပိုက်ဆံရှာနေချိန်မှာ လာလျှောက်သမျှ သစ်ထုတ်လုပ်ငန်းတွေကို အကုန်
လက်ခံပြီး သစ်ထုတ်ခိုင်းခဲ့တယ် ဒီမှာ အစိုးရက ထုတ်လုပ်မှုပိုင်းနဲ့ 
ထုတ်လုပ်နိုင်မှု အစွမ်းအစကိုကြည့်ပြီး သစ်လုပ်ကွက်တွေချပေးတယ်
ဥပမာ ဒီနှစ်အတွက် သစ်တန်ချိန် ဘယ်လောက်ထုတ်မယ်ဆိုပြီး
အဲ့ဒီ တန်ချိန်တွေကို သစ်ထုတ်လုပ်ငန်းတွေကို ညီတူညီမျှခွဲဝေပြီးပေးတယ်
နှစ်ကုန်လို့  သတ်မှတ်ချိန်အတွင်းမှာ သတ်မှတ် စံချိန် စံနှုန်းတွေနဲ့ 
ထုတ်မပေးနိုင်တဲ့ ကုမ္ပဏီတွေ တောကျန်သစ်(ခုတ်ပြီး တောထဲမှာ ကျန်နေခဲ့တဲ့သစ် )
တွေ အများကြီး ကျန်နေခဲ့တဲ့ သစ်ထုတ်လုပ်ငန်းတွေကို
နောက်နှစ်မှာ လုပ်ကွက်ချမပေးတော့ဘူး အချိန်မှီ သတ်မှတ်တဲ့ တန်ချိန်ကို
သစ်ဆိပ်ကို အရောက်မပို့ နိုင်ပဲ ခုတ်ပြီး တောထဲမှာပဲထားခဲ့ရတဲ့ သူတွေပေါ့
သစ်ထုတ်လုပ်ငန်းဆိုတာကလည်း သူ့ ရာသီနဲ့ သူလုပ်ရတာကိုးဗျ
သူ့ သတ်မှတ်ချိန် အတွင်းမှာ မသယ်နိုင်ရင် ထားခဲ့တော့ နောက်နှစ်မှပြန်ပြီး
သယ်မှရတော့တယ်။
ဒီတော့ အထက်မှာပြောခဲ့သလိုပဲ ကိုတေဇ အခွင့်အရေးတွေ ရခဲ့တယ်ဆိုတာ
သူ့ ကြိုးစားမှုတွေနဲ့  သူ့ အစွမ်းအစတွေကြောင့်ရခဲ့တာပဲ အခွင့်ထူးခံခဲ့ရတာ
တော့မဟုတ်ဘူး ကြိုးစားပြခဲ့လို့ ရခဲ့တာတွေ ကံကလည်းကောင်းတာပါမှာပါ
အလုပ်တစ်ခုလုပ်ပီဆိုရင် ကံ ဥာဏ် ၀ီရိယ ပေါင်းစပ်ပါမှ အောင်မြင်မှု
အသီးအပွင့်ကိုခံစားလို့ ရတာ ဥာဏ်ဘယ်လောက်ကောင်းကောင်း
ဝီရိယ ဘယ်လောက်ထားထား ကံမကောင်းရင်အလကားပါ သူအောင်မြင်
လာတယ်ဆိုတာ ဒီ သုံးမျိုးသူ့ ဘက်မှာရှိနေလို့ အောင်မြင်လာတယ်ဆိုတာ
ယုံမှားသံသယရှိစရာတောင်လိုမယ်မထင်ဘူး။
ဒီလောက်ဆို ကိုတေဇတစ်ယောက် နဖူးကချွေး ခြေမ မကျပဲ ပင်ပင်ပန်းပန်း
ဆင်းဆင်းရဲရဲ မလုပ်ခဲ့ရပဲ ဘာကြိုးစားအားထုတ်မှုမှမရှိပဲ ချမ်းသာလာတယ်လို့ 
ပြောတဲ့သူတွေ နားလည်သဘောပေါက်သွားလောက်ပြီးထင်ပါတယ်။
ကဲ သစ်ထုတ်လုပ်ငန်းအကြောင်းပြန်စလိုက်ကြရအောင်.....
အားလုံးပဲသိကြမှာပါ ဂျာနယ်တွေ သတင်းစာတွေထဲမှာဖော်ပြထားတဲ့
လွင်ပြင်တောကြီးတွေ တောင်ကတုံးတွေဆိုတာ သစ်ခုတ်လို့ ပြောင်တာ
မဟုတ်ဘူးဆိုတာပါပဲ ဘာကြောင့်လည်းဆိုတော့ သစ်ခုတ်တယ် သစ်ထုတ်
တယ်ဆိုတဲ့လုပ်ငန်းက တောအုပ်ထဲဝင်ပြီး တွေ့ သမျှအပင် အကုန်လုံး
ခုတ်ကြတာမဟုတ်ဘူး သတ်မှတ်ထားတဲ့ သစ်အမျိုးအစား ခုတ်လို့ ရတဲ့
အရွယ်အစား ခုတ်ဖို့ အမှတ်အသားပေးထားတဲ့အပင်မျိုးကိုပဲရွေးခုတ်ရတာ
ဒါကြောင့်မို့ လို့  သစ်တွေခုတ်လို့  တောပြောင်တယ် တောင်ကတုံးဖြစ်တယ်
ဆိုတဲ့ အရေးအသားတွေနဲ့  တောင်ကတုံးတွေ ပြောင်နေတဲ့လွင်ပြင်တွေကို
ပြထားတဲ့ပုံတွေကို မြင်ပြီးရင် အော်... သစ်ထုတ်လုပ်ငန်းအကြောင်းကိုမသိပဲ
ရမ်းဖြီးနေတဲ့ သူတွေပါလား ဒီပုံတွေကြည့်ဒီစာတွေဖတ်ပြီး ယုံတဲ့သူတွေ
ကလည်းယုံကြတယ် ဂျာနယ်တွေ သတင်းမီဒီယာတွေကလည်း မယုံ
ယုံအောင်ဖွတတ်ကြပါပေတယ် ဆိုပြီး အမြဲတမ်းပြုံးမိသလို သစ်ထုတ်
လုပ်ငန်း လုပ်ကိုင်ခဲ့ဘူးသူတစ်ယောက်ဖြစ်လို့  မဟုတ်ပဲစွပ်စွဲမှုအတွက်လည်း
ဒေါသထွက်ခဲ့တာတွေလည်းရှိခဲ့တာပေါ့လေ ဒါကြောင့်မို့ လို့  သစ်ထုတ်ရုံနဲ့ 
ဒီလိုတွေဖြစ်တယ်ဆိုတာ မဟုတ်ရပါဘူးလို့  အတိအကျဖြေရှင်းလိုက်ပါတယ်။
ငွေတစ်မျက်နှာပဲကြည့်တဲ့သူ အင်မတန်မှလောဘကြီးတဲ့ စီးပွားရေးသမားပဲ
ဖြစ်နေစေဦးတော့ ဘယ်တော့မှ သစ်တောပြောင်အောင် တောင်ကတုံး
ဖြစ်အောင် မခုတ်ပါဘူး အစိုးရနဲ့ ပေါင်းပြီး နိုင်ငံတော်အတွက် သစ်တွေ
ခုတ်ပေးနေရလို့  ခုတ်ချင်တဲ့အပင်ကို ခုတ်ချင်တိုင်းလည်းမခုတ်ကြရပါဘူး
သစ်တောက တောနင်း(သစ်တောကြိုးဝိုင်းထဲလှည့်လည်ကြည့်ရှုစစ်ဆေး)ပြီးမှ
ဘယ်ကြိုးဝိုင်းထဲမှာ ဘယ်သစ်အမျိုးအစားတွေရှိတယ် လုံးပတ်ဘယ်လောက်
ရှိတာက ဘယ်နှပင် ဘယ်အပင်တွေကတော့ ခုတ်လို့ ရပြီဆိုပြီး စာရင်းလုပ်
မှတ်ပင်ရိုက်(ခုတ်လှဲရန်အတွက်ရွေးချယ်သတ်မှတ်ပေး)တယ် ပြီးမှ သစ်ထုတ်
တဲ့လုပ်ငန်းတွေက တောထဲကို ၀င်ပြီး သတ်မှတ်ထားတဲ့ မှတ်ပင်ကိုပဲရွေးပြီး
ခုတ်ရတယ် ဒီတော့ အများပြောသလို တွေ့ သမျှအပင်အကုန်ခုတ်တယ်
ဆိုတာ အမှားကြီးမှားတဲ့ စွပ်စွဲချက်ပါလို့ ထပ်ပြောချင်ပါတယ်။
သစ်ထုတ်တဲ့သူတွေက အစိုးရဆီကခွင့်ရလို့  နိုင်ငံတော်အတွက်ဆိုပြီး
ထုတ်ပေးရတဲ့သူတွေပါ သူတို့ သတ်မှတ်ပေးထားတဲ့ အပင်ပဲခုတ်ပါတယ်
သတ်မှတ်လုံးပတ် မပြည့်ရင် ရောင်းတန်းမ၀င်လို့ မခုတ်ပါဘူး စီးပွားဖြစ်မယ့်
အပင်မျိုးကိုပဲ သစ်တောက ခုတ်ခိုင်းသလို သစ်ထုတ်လုပ်တဲ့သူတွေကလည်း
သတ်မှတ်ထားတဲ့အပင်ကိုပဲ ခုတ်ကြရတာပါ ဒီနေရာမှာ သတ်မှတ်လုံးပတ်
ဆိုတာလေးကို နည်းနည်းရှင်းပြပါမယ် ဒါကိုသိသွားရင် တောပြောင်အောင်
တောင်ကတုံးဖြစ်အောင် ထုတ်ခဲ့ကြတယ်ဆိုတဲ့ အသိပျောက်သွားမှာပါ။
သတ်မှတ်လုံးပတ်ဆိုတာက ခုတ်မယ့်သစ်ပင်က ရောင်းတန်းဝင်သစ်ပင်
ဖြစ်နေမယ် လုံးပတ်က ရင်စို့ အထက် ၅' ပေ ၆' ပေ ရှိနေမယ်ဆိုရင်
သတ်မှတ် လုံးပတ်ပြည့်လို့ ခုတ်ယူလို့ ရပါပြီ ဒါက သစ်တောက ချမှတ်
ထားတဲ့ သစ်ထုတ်လုပ်မှု ဥပဒေတွေထဲက သတ်မှတ်ချက်ပါ မြန်မာပြည်မှာ
သစ်တောဥပဒေတွေ နည်းလမ်းတွေ စည်းကမ်းတွေဆိုတာက
ကိုလိုနီလက်ထက်က ထားခဲ့တဲ့ အင်္ဂလိပ်တွေ လုပ်ပေးခဲ့တဲ့ အရာတွေ
ဒီနေ့ အထိ အသုံးပြုနေဆဲပါပဲ သူတို့ လုပ်ပေးသွားခဲ့တဲ့ နည်းစနစ်တွေ
အတိုင်းသာဆိုရင် သစ်ထုတ်မှုတွေကို မပြတ်လုပ်သွားလို့ ရပါတယ်။
သူတို့ ချမှတ်ပေးခဲ့တဲ့ နည်းစနစ်တွေ လမ်းစဉ်တွေက အရမ်းကိုကောင်းတယ်
သစ်ခုတ်မယ်ဆိုရင် သတ်မှတ်လုံးပတ် ပြည့်မှပဲ ခုတ်ဆိုတာတွေ
သစ်ပင်တစ်ပင်ကို အနှစ် ၃၀ , ၄၀ , ၅၀ , ၆၀, လောက်မှသာခုတ်ပါလို့ 
သတ်မှတ်ပေးထားခဲ့တယ် အနည်းဆုံး အနှစ် ၃၀ ကနေ အများဆုံး
အနှစ် ၆၀ ရှိပြီဆိုမှ အသုံးပြုလို့ ရတဲ့သစ်အဖြစ်ထုတ်လုပ်ပါလို့ 
သတ်မှတ်ပေးထားခဲ့တယ် လုံးပတ်ကတော့ စောစောကပြောသလို
ရင်စို့ အထက် ၅' ပေ၆'ပေရှိတဲ့ ( သစ်ပင်ရှေ့ မှာလူတစ်ယောက်သွားရပ်ပြီး
ရင်စို့ အထက်နေရာကိုတိုင်းတာကြည့်လို့  သတ်မှတ်လုံးပတ်ပြည့်တဲ့အပင်)
မျိုး မြန်မာပြည်က အစိုးရက အလွန်အကျွံသစ်တွေထုတ်ခိုင်းတဲ့အချိန်မှာ
ရင်စို့ လုံးပတ် ၅ပေ ၆ပေ ကနေပြီးတော့တဖြည်းဖြည်း သတ်မှတ်ချက်က
လျော့လျော့လာတယ် နောက်ဆုံး ၃ ပေ ၄ ပေ အရွယ်အစားမျိုးထိပါ
ခုတ်လိုက်တော့တယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  သစ်ထုတ်လုပ်ငန်းပေါင်း
ရာဂဏန်းလောက် ထုတ်နေခဲ့တာပဲ စီးပွားဖြစ် ထုတ်နိုင်တဲ့ သစ်တွေ
တဖြည်းဖြည်းနဲ့ လျော့နည်းလာတော့တာပေါ့ ဒါပေမယ့် အဲ့ဒီ ၃ ပေ ၄ ပေ
အောက်ရှိတဲ့အပင်တွေတော့ မခုတ်တော့ဘူး ရောင်းတန်းလည်းမ၀င်သလို
စီးပွားဖြစ်လည်း ထုတ်လို့ မရတော့ဘူးလေ စီးပွားရေးသမားတွေအနေနဲ
ကိုယ့်အတွက် မကိုက်တဲ့ သစ်ပင်မျိုးကို မခုတ်ဘူး အပင်သေးသေးလေးတွေ
ခုတ်ဖို့ နေနေသာသာ သစ်တောက မှတ်ပင်ပေးထားတဲ့အပင်ကိုခုတ်ရင်တောင်
ဘေးမှာရှိတဲ့ သတ်မှတ်ထားတဲ့ အပင်မဟုတ်တာကို သွားထိမိလို့ ကိုင်းကျိုးရင်
အပင်လဲသွားရင် သစ်တောဥပဒေနဲ့  အရေးယူခံရတယ် လျော်ကြေးပေးရတယ်
ဒီတော့ သစ်တောက ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ
ထုတ်လုပ်ကြပါတယ်။
သစ်ထုတ်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာလည်း
သစ်တောသစ်ပင်တွေကို ချစ်ခင်ကြတဲ့သူတွေစာရင်းထဲမှာ ပါဝင်ပါတယ်
ဘာလို့ လည်းဆိုတော့ သူတို့ ကို စီးပွားဖြစ်စေတာ ဒီသစ်တောတွေ
ဒီသစ်ပင်တွေကြောင့်ပါ ဒါကြောင့် သစ်တောတွေပြောင် တောင်တွေကတုံး
ဖြစ်တာမျိုး သူတို့ မမြင်ချင်ကြ မဖြစ်စေချင်ကြပါဘူး သူတောတွေ ပြုန်းတီးအောင်
သူတို့ မလုပ်ကြပါဘူး သစ်တောသစ်ပင်တွေတောတောင်တွေရှိနေသမျှ
သူတို့ အတွက် စီးပွားဖြစ်နေစေလို့ ပါပဲ။
ဒါဆိုရင် သစ်တောတွေ ဘာလို့ ပြောင်ကုန်လည်းဆိုတော့ အကြောင်းတွေ
အများကြီးရှိတယ် သစ်ခိုးခုတ်တဲ့သူတွေ ဆိုရင် သစ်တောစည်းမျဉ်းစည်းကမ်း
ဆိုတာ မရှိတော့ဘူး ခုတ်ချင်တဲ့အပင်ကို ခုတ်ချင်သလို ခုတ်ပြီးတော့ယူတယ်
သစ်လည်း မရွေးဘူး တွေသမျှ အကုန်ခုတ်တယ် ဒါပေမယ့်စီးပွားမဖြစ်တဲ့
သစ်ပင်မျိုးတွေ အပင်သေးတွေတော့ ခုတ်မှာမဟုတ်ဘူးချန်ခဲ့မှာပဲ သစ်တော
ပြုန်းလောက်တဲ့အထိတော့မခုတ်ဘူး အပင်နည်းသွားတာမျိုးလောက်ထိပဲ
ရှိမယ် သူတို့ ကြောင့်ချည်းပဲလဲ သစ်တောမပြောင်ဘူး တောင်ကတုံးမဖြစ်ဘူး။
တောင်ယာလုပ်တဲ့သူတွေရှိတယ် တောင်ယာလုပ်ဖို့ အတွက်ဆိုရင် အပင်ကြီး
အပင်လေး မရွေးဘူး ခုတ်လို့ ရတာခုတ်တယ် ခုတ်လို့ မရရင် မီးရှို့ တယ်
အဲ့ဒီလို မီးရှို့ မှလည်း တောင်ယာလုပ်ဖို့ အတွက် မြေနေရာနဲ့  မြေဆီလွှာ
ရတယ် သူတို့ က တစ်နေရာထဲမှာ အမြဲတမ်းတောင်ယာလုပ်တာလားဆိုတော့
မလုပ်ဘူး ရွေ့ ပြောင်းတောင်ယာဆိုတာ ကြားဖူးမှာပေါ့ တစ်နေရာပြီးတော့
တစ်နေရာကိုရွေ့ ပြောင်းပြီး တောင်ယာလုပ်ကြတယ် သူတို့ တောင်ယာ
လုပ်ထားခဲ့တဲ့နေရာတွေမှာ အပင်ကြီးမရှိတော့ဘူး ကွက်လပ်ကြီးဖြစ်
ကျန်ခဲ့တယ် အပင်တွေ ပြန်ပေါက်ဖို့ အပင်ကြီးတွေပြန်ဖြစ်ဖို့ ဆိုရင်
အချိန်အတော်လေးပြန်ကြာမှပဲဖြစ်နိုင်မယ်။
မီးသွေးဖုတ်တဲ့သူတွေစီးပွားဖြစ် မီးသွေးထုတ်တာကလည်း သစ်တော
သစ်ပင်တွေ လျော့နည်းလာရတဲ့အကြောင်းရင်းထဲမှာပါတယ် ကိုင်းဖျား
ကိုင်းနားတွေ လည်းမချန် အပင်ကြီးအပင်လေးလည်းမရွေး မီးသွေး
ဖုတ်ချင်တဲ့အပင်ကို ဖုတ်တယ် စီးပွားဖြစ်လုပ်တော့ အပင်ပေါင်းများစွာ
မီးသွေးအဖြစ်ပြောင်းသွားတော့တာပေါ့ ဒါတင်ပဲလားဆိုတော့မဟုတ်
သေးဘူး သူတို့ ကြောင့်လည်း တောမီးတွေ လောင်ပြီး တောပြောင်
တောင်ဂတုံး ဖြစ်သွားစေတယ်။
တောမီးလောင်တယ်ဆိုတာကတော့ သိကြတဲ့အတိုင်းပဲ
သဘာဝကြောင့်လောင်တာတွေရှိသလို လူတွေရဲ့ ပေါ့ဆမှုကြောင့်
လောင်တာတွေရှိတယ် နောက်ပြီး ရည်ရွယ်ချက်ရှိရှိ ရှို့ တဲ့မီးတွေ
ကြောင့်လည်း တောပြောင်တာတွေ တောင်ကတုံးဖြစ်တာတွေ
ဖြစ်စေတယ်။
စီမံကိန်းတွေကြောင့်လည်း တောပြောင်တောင်ကတုံးတွေဖြစ်စေ
ပါတယ် သတ္ထုတူးဖော်ရေး၊ ဆည် တာတမံတွေတည်ဆောက်ရေး၊
စိုက်ပျိုးမြေကွက်ဖော်ဆောင်ရေး၊ မြို့ ပြဖော်ဆောင်မှုတွေကလည်း
သစ်တော သစ်ပင်တွေ လျော့နည်းလာရခြင်း အကြောင်းရင်းထဲမှာ
ပါဝင်နေပါတယ် သတ္ထုတူးဖော်ရေးတွေ မြေပေါ်မြေအောက်သယံဇာတ
လုပ်ကွက်တွေကို မြင်ဖူးရင်သိကြမှာပါ သစ်ပင်တွေသစ်တောတွေကို
ဘယ်လို ရှင်းထုတ်ပြီး အလုပ်လုပ်ကြတယ်ဆိုတာ ဆည်တွေကို
တည်ဆောက်မယ်ဆိုရင်လည်း ရေ၀ပ်ဧရိယာမှာ ရှိတဲ့သစ်ပင်တွေကို
အပြောင်ရှင်း ( အပင်ကြီးအပင်သေး ဘာမှမကျန်အောင်ခုတ်တဲ့)စနစ်
နဲ့ ခုတ်ထွင်ရှင်းလင်းပစ်ပြီးမှ ဆည်တွေကိုဆောက်ကြရတာပါ
စိုက်ပျိုးမြေကွက်ကွေ လူနေအဆောက်အဦးတွေ ဆောက်လုပ်ဖို့ 
သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင် အရင်လုံး ကွင်းပြင်ကြီးတွေ
ဖြစ်အောင် အပင်ကြီးအပင်သေး ဘာမှမကျန်အောင် ခုတ်ထွင်ပြီး
မှ စိုက်ပျိုးဖို့ မြေနေရာအဖြစ် လူနေအိမ်တွေတည်ဆောက်ဖို့ 
မြေနေရာအဖြစ် ပြောင်းလဲပစ်လိုက်ကြတာပါ ဒါကလည်း
သစ်တောတွေ သစ်ပင်တွေ ပြုန်းတီးလာရခြင်း အကြောင်းရင်း
တစ်ခုအဖြစ်ပါဝင်နေခဲ့ပြန်ပါတယ်။
ဒီလောက်ဆိုရင် သစ်ထုတ်လုပ်မှုလုပ်ရုံနဲ့ သစ်တောတွေ ပြောင်တယ်
မပြောင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားလောက်ကြပြီလို့ 
ထင်ပါတယ် နောက်မှ သစ်ထုတ်လုပ်ငန်းတွေအကြောင်းကို
ရေးပေးပါဦးမယ် သစ်တစ်ပင်ခုတ်ဖို့ ဘယ်လောက်ခက်ခဲလဲ
အဆင့်တွေ ဘယ်လိုရှိတယ် ဘယ်လိုစည်းကမ်းတွေနည်းလမ်း
တွေနဲ့ ခုတ်ရတယ်ဆိုတာကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေ
ပေးပါဦးမယ် သစ်ထုတ်လုပ်မှု ကြောင့် သစ်တောတွေပြောင်
တောင်တွေ ကတုံးဖြစ်တယ် သစ်ထုတ်လုပ်ငန်းတွေကြောင့်
ရာသီဥတုတွေ ဖောက်ပြန်နေတာဆိုပြီး ဘုမသိဘမသိနဲ့ 
ပြောချင်ရာပြောနေကြတဲ့ ရမ်းဖြီးတွေ ပပျောက်စေချင်လို့ 
ဒီအကြောင်းအရာတွေကို ရေးပေးလိုက်တာပါ နားပါဦးမယ်။
ရိုးမငှက်ခါး


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...