Ads (728x90)

17.1.2015-1 17.1.2015-2 17.1.2015-3
ထူးဖောင်ဒေးရှင်း၏ အဓိက ကူညီပံ့ပိုးမှုဖြင့် ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) ထိန်းသိမ်း စောင့်ရှောက်ရေး ဆွေး နွေးပွဲကို ယနေ့ ဇန်န၀ါရီ (၁၇)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် သဘာဝသမိုင်းပြတိုက်ရှိ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲကျင်းပခဲ့ရာတွင် အခမ်းအနားအစီအစဉ်အရ ထူးဖောင်ဒေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦး ပေါ်မြင့်ဦးမှ အဖွင့်အမှာ စကားပြော ကြားခဲ့ပါသည်။

ဦးပေါ်မြင့်ဦးက “ ထူးဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံ အ တွင်း ပညာရေးဆိုင်ရာလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ၊ လူမှုစီးပွားရေးဆိုင်ရာလုပ်ငန်းများ၊ ပတ် ၀န်းကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများကို ရည်မှန်းချက်များ ထားရှိပြီး တော့ ပံ့ပိုး ကူညီဆောင်ရွှက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ယနေ့ကျင်းပပြုလုပ်သော ဆွေးနွေးပွဲ “A Seminar on Biodiversity” တွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေး အရေးကြီးမှုနှင့် ဇီဝမျိုးစိတ်များပျောက်ကွယ်မှုအကြောင်းကို ဒေါက်တာဂျွန်ဆေးလ်မှ နိုင်ငံတကာအတွေ့ အကြုံများနှင့်ယှဉ်၍ ဆွေးနွေးမည်ဖြစ်ကြောင်း၊ စာတွေ့လက်တွေ့အတွေ့အကြုံများစွာမှာ အလွန်တန်ဖိုးရှိမှာဖြစ် ပြီး သိရှိလိုသည့်အချက်များကို မေးမြန်းကြစေလိုပါကြောင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးလုပ်ငန်းကို များ စွာအထောက်အကူဖြစ်စေမည့် ဆွေးနွေးပွဲကို ပံ့ပိုးကူညီခွင့်ရရှိသဖြင့် အထူးဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဦး ပေါ်မြင့်ဦးက ဆက်လက်ပြောကြားခဲ့ပါသည်။

ယခုဆွေးနွေးပွဲတွင် ဇီဝမျိုးစုံမျိုးကွဲများ(Biodiversity) အကြောင်းကို အဓိရှင်းလင်းပြောကြားခဲ့ပြီး သူ့၏ နိုင်ငံ တ ကာအတွေ့အကြုံဗဟုသုတများကို ပြန်လည်မျှဝေခဲ့သော ဒေါက်တာဂျွန်ဆေးလ်သည် လန်ဒန်တက္တသိုလ်မှ ဖြစ် ပြီး သဘာဝဂေဟစနစ်အခြေခံနှင့် ထိန်းသိမ်းရေးဆိုင်ရာစီမံခန့်ခွဲမှုတွင် အထူးပြုကျွမ်းကျင်သော ပညာရှင် တစ် ဦးဖြစ်ပါသည်။

ဒေါက်တာဂျွန်ဆေးလ်က ဆွေးနွေးပွဲ ပထမပိုင်းအား ဇီဝမျိုးစုံမျိုးကွဲ(Biodiversity)၏ ဘာသာ ရပ်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုမှု၊ တန်ဖိုးနှင့် နေထိုင်ကျက်စားရာမြေများဆုံးရှုံးကြောင့် တိရစ္ဆာန်များရင်ဆိုင်နေရ သော ခြိမ်းခြောက်မှုများအကြောင်းတို့ဖြင့် စတင်ဆွေးနွေးခဲ့ပါသည်။

ဇီဝမျိုးစုံမျိုးကွဲ(Biodiversity) ဆိုသည်မှာ မတူညီသော ဂေဟစနစ်များရှိ သက်ရှိများ၏ကွဲပြားခြားနားမှုပင် ဖြစ် ပြီး ထိုကဲ့သို့ကွဲပြားခြင်းကြောင့် ကမ္ဘာ့လေထုလည်ပတ်မှု၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ စုပ်ယူခြင်းနှင့် ထုတ်လွှင့်ခြင်းဖြစ်စဉ် စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများ ဖြစ်ပေါ်စေသည်ဟု ဒေါက်တာဂျွန် ဆေးလ်မှ ပြောကြားခဲ့ပါသည်။

သဘာဝအလှရသခံစားမှုဆိုင်ရာတန်ဖိုးများရှိသည့်အပြင် နှစ်စဉ် ဇီဝမျိုးစုံမျိုးကွဲ တန်ဖိုးမှာ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၄၀ ထရီယံအထိ ရှိနိုင်ကြောင်း ဆွေးနွေးသွားခဲ့ပါသည်။

ထို့အပြင် ဇီဝမျိုးကွဲများကြွယ်ဝခြင်းကြောင့် ဆေးဘက်ဆိုင်ရာအသုံးဝင်မှုတန်ဖိုးများလည်းရှိကြောင်း ဒေါက်တာ ဂျွန်ဆေးလ်၏ ပြောကြားခဲ့ပြီး မကြာသေးခင်ကမှပြုလုပ်ခဲ့သော သုတေသနများအရ ကင်ဆာရောဂါ ကုထုံးကို အာဖရိကမှ (Naked Mole Rat) ဟုခေါ်သည့် ကန္တာရကြွက်တစ်မျိုးကို စမ်းသပ်မှုမှ သိရှိခဲ့သည်ဟု သိရှိရပါ သည်။

မြန်မာနိုင်ငံသားများအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ကောင်းသည့်အချက်မှာ ထိုကဲ့သို့ တန်ဖိုး(value) ရှိ လှ သည့် ဇီဝမျိုးစုံမျိုးကွဲ (Bio diversity) အလွန်အမင်းကြွယ်ဝသည့် (Indo-Burma Hotspot) လေးနိုင်ငံတွင် မြန်မာနိုင်ငံပါဝင်နေသည့် အချက်ပင်ဖြစ်ပါသည်။ အင်ဒိုဘာမားဟော့စပေါ့ ( Indo-Burma Hotspot) လေး နိုင်ငံမှာ မြန်မာ၊ထိုင်း၊လာအိုနှင့် ကဗ္ဘောဒီးယားနိုင်ငံတို့ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးနိုင်သော စီးပွားရေးဖွံ့ဖြိုးမှု အလားလာကောင်းများရှိသောဒေသများမှာ ကြွယ်ဝ သော ဂေဟစနစ်ရှိသည့် ကမ်းရိုးတန်း ဒေသများဖြစ်ကြောင်း ဒေါက်တာဂျွန်ဆေးလ်မှ ဆွေးနွေးခဲ့ပါသည်။ သို့ သော် ဒိုင်းနမိုက်ခွဲ၍ ငါးဖမ်းမှုများကြောင့် သန္တာကျောက်တန်းများ ပျက်စီးမှုနှင့်ကြုံတွေ့နေရကြောင်းနှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းပေးနေသည့် လမုပင်တောများကိုလည်း အရေးတကြီးထိန်းသိမ်းရန် လိုအပ်နေကြောင်း ထောက်ပြခဲ့သည်။

ကမ္ဘာပေါ်တွင် လူပေါင်း ၃.၅ ဘီလျံ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှလူများသည် ပင်လယ်မှရရှိသော အစား အစာများကို မှီခိုနေရလျှက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ငါးထုတ်လုပ်မှုသည် ၈၀ ရာခိုင်နူန်း မြင့် တက်လာမည်ဟု ပညာရှင်များမှ ခန့်မှန်းထားကြောင်းလည်း သိရှိရပါသည်။

၂၀၀၇ခုနှစ်တွင် မြန်မာနှင့် ဗြိတိန်ပူးပေါင်းထားသည့် ပညာရှင်အဖွဲ့သည် မြိတ်ကျွန်းစုတွင် ဆာဗေးပြုလုပ်ခဲ့ပြီး ၎င်းခရီးစဉ်အတွက် လိုအပ်သောသင်္ဘောကို ထူးကုမ္ဗဏီမှ စီစဉ်ပေးခဲ့ခြင်းအတွက် အထူးကျေးဇူးတင်ရှိကြောင်း လည်း ဒေါက်တာဂျွန်ဆေးလ်မှ အမှတ်တရပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် နို့တိုက်သတ္တ၀ါမျိုးစိတ် (၂၅၂)မျိုး၊ ဌက်မျိုးစိတ်( ၁၁၁၄)မျိုးကို စီစစ်အတည်ပြုခဲ့ကြပါသည်။ ထို့ နောက် အခမ်းအနားအစီအစဉ်အရ ထူးဖောင်ဒေးရှင်းမှ စီအီးအို ဦးပေါ်မြင့်ဦးမှ နိဂုံးချုပ်နူတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
(21 photos)
17.1.2015-4 17.1.2015-5 17.1.2015-6

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...