Ads (728x90)


*********************************************************************
အိမ်ကိုဆွမ်းခံကြွနေတဲ့ ဦးဇင်းက မ-ဘ-က မဟုတ်ဘူးဆိုလို့ ဆွမ်းဆက်လောင်းပါမည်။
သူပြောသလို တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာတွေကပဲ သူဆွမ်းလောင်းမှ ဘုဉ်းပေးရမလိုဖြစ်နေပါတယ်။ ယဉ်ကျေးစွာပြောပါရစေ၊ ထိုသူရဲ့ လောင်းတဲ့ဆွမ်းကိုစားမှ မနက်ဖန်ပေါင်းများစွာ အသက်ရှင်ရမည် ဆိုခဲ့ရင်တောင် ချက်ချင်းအသေခံမည်ဆိုတဲ့အကြောင်းပါ။ ဘက်ပေါင်းစုံက မ-ဘ-သအဖွဲ့ကြီးကို စော်ကားဝေဘန်နေတဲ့သူတွေ သိထားရမှာက မ-ဘ-သလို့ ခေါ်တဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးမှာ ဦးဆောင်နေတဲ့ သံဃာတော်များဟာ ဆွမ်းကိုငဲ့လို့ လာဘ်လာဘကိုငဲ့လို့၊ ဆောင်ရွတ်နေခြင်းမဟုတ်ပါဘူး။ ပရဟိတဆိုတဲ့ စကားလုံးနဲ့ ခေါင်းစဉ်တပ်ပြီး ပြောမယ်ဆိုလျှင် ကိုယ့်အကျိုး ကိုယ့်စီးပွားအတွက်လုပ်ဆောင်တော်မူကြတဲ့ သံဃာတော်တွေ တစ်ပါးမှ ထိုအဖွဲ့အစည်းမှာ မပါရှိပါဘူး။ အများအကျိုး ထို့ထက်ပို၍ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အမျိုးသမီးများရဲ့ အခွင့်အရေး၊ လုံခြုံရေးကို ဘာသာ လူမျိုး ခွဲခြားဆက်ဆံခြင်းမျိုးမရှိတဲ့ သန့်ရှင်းစင်ကြယ်တဲ့ တရားမျှတတဲ့ အများ အကျိုးပြု သက်သက်ပါ။ ခေါင်းစဉ်လေးတစ်ခုကိုဖတ်လိုက်ရုံနှင့် အဓိပ္ပါယ်အားလုံးပြည့်စုံတာ မဟုတ်ပါဘူး။ ထိုခေါင်းစဉ်အောက်မှာ ဘာတွေရေးထားတယ်။ ဘာတွေညွှန်ကြားထားတယ်၊ ဘာတွေဆုံးမထားတယ်၊ ဘာတွေဖော်ပြထားတယ်ဆိုတယ်ဆိုတာ ဆုံးအောင်ဖတ်လိုက်ရင် မ-ဘ-သ သံဃာတော်အရှင်မြတ်များ၏ စေတနာ၊ မေတ္တာ၊ ကရုဏာကို အပြည့်အဝမြင်နိုင်ပါတယ်။

မ-ဘ-သဆိုသည့် အဖွဲ့အစည်းမှာ ဦးဆောင်တော်မူကြတဲ့ ထေရ်ကြီးဝါကြီး သံဃာတော် ဘွဲ့အမည်များ နည်းနည်းလေး ဖတ်စေချင်တယ်။ ထိုအဖွဲ့ကြီးမှာ ပညအရည်ချင်းအားဖြင့် သူငယ်တန်း တစ်ပါးမှမပါဘူး။ စာတတ်ပေတတ် ကျမ်းတက် အကျော်အမော်တွေချည်းပဲ၊ ထိုသံဃာတော်အရှင်မြတ်များ၏ လုပ်ဆောင်မှုဟာ တစ်မျိုးသားလုံး ကောင်းစားရေးပါ၊ တစ်မျိုးသားလုံး အဆိပ်မသင့်ရေးပါ။ တစ်မျိုးသားလုံးဒုက္ခရောက်မယ့်အရေး တစ်မျိုးသားလုံး အဆိပ်သင့်မယ့်အရေးကို ဆောင်ရွတ်နေခြင်းမဟုတ်ပါဘူး၊ ပညာဥာဏ်ပြည့်ဝတဲ့ ဦးနှောက်ပေါင်းမြောက်များစွာနှင့် ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်နေခြင်းပါ။ ပေါ့ပေါ့နေ ပေါ့ပေါ့စားတဲ့ ဦးနှောက်မျိုး မဟုတ်ပါဘူး။ ပေါ့ပေါ့နေ ပေါ့ပေါ့စား ရေသာခိုအချောင်လိုက်နေတဲ့ ငါကောင်းစားရင် ငါနာမည်ကြီးရင် ပြီးရောဆိုပြီး ဥာဏ်ကြီးရှင်တွေလို၊ ပညာတတ်တွေလို၊ အမြင်ကျယ်သလိုလို လုပ်ဆောင်နေကြတဲ့ ရေပေါ်ဆီ လုပ်ဆောင်ချက်မျိုးမဟုတ်ဘူး။ အနာဂတ် သာသနာရေးကို တကယ့် လေးလေးနက်နက် စဉ်းစားတွေးခေါ်ပြီး လုပ်ဆောင်နေကြတာပါ။ ဒီထက်ရှင်းအောင်ပြောရရင် အမြှောင်မယား ဘဝမရောက်အောင် ကယ်တင်နေခြင်းပါ။
မ-ဘ-သမဟုတ်လို့ ဆွမ်းဆက်လောင်းပါမည်ဆိုတဲ့စကားက ကိုယ့်ရဲ့သဒ္ဓါတရားကို ကိုယ်တိုင် ဖော်ထုတ်ပြလိုက်တာပါ။ အတော့်ကို သဒ္ဓါတရားကောင်းတယ်လို့ ဆိုရမည်ဖြစ်တော့၏။ သံဃာအပေါ် အတော့်ကို ကြည်ညိုတတ်တဲ့ သူတစ်ယောက်လို့ မှတ်ချက်ပေးရ၏။ နေ့စဉ် ဘယ်နှစ်ပါးများ ဆွမ်းလောင်းနေသည်ကိုတော့ စာရေးသူလည်းမသိပါ။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိနေသော သံဃာများကို တစ်ပါးမကျန် လောင်းနေသည်လားတော့ ဦးဇင်းလည်း မသိပါဘူး။ ဒါပေမယ့် နေ့စဉ်သံဃာအပါး ရာချီပြီးဆွမ်းလောင်းနေသူများအား အားနာပါဦးဟု တောင်းဆိုချင်ပါသည်။ သစ္စာဆိုဝံ့ပါသည်။ မ-ဘ-သ မဟုတ်လို့ဆွမ်းဆက်လောင်းပါမည်ဟု ပြောဆိုသူ၏ ဆွမ်းကို ယခုအချိန်ထိ ဦးဇင်းအနေဖြင့် တစ်ဇွန်း တစ်ယောက်မမျှ မစားဖူးခဲ့ပါ။ ယခုလည်းမစားသလို နောင်လည်း စားမည်မဟုတ်ပါ။
အရာရာကို ကိုယ့်လိုပဲလို့ ထင်ရင် အမှားကြီးမှားသွားပါလိမ့်မယ်။ ကိုယ်က ငါးပါးသီလတောင် လုံခြုံအောင် မစောင့်ထိန်းနိုင်ဘဲ သီလသိက္ခာနဲ့ပြည့်စုံတော်မူကြတဲ့ သံဃာတော်များကို ဝေဖန်တိုက်ခိုက်နေတာ တကယ်တော့ သနားစရာပါ။ လုပ်ချင်ရာလုပ်ပြီး ဖြစ်ချင်သလိုဖြစ်နေတဲ့ ပါးစပ်ပေါက်ပိုင်ရှင်တွေက ဝိနည်းတွေ ဘာတွေနဲ့ အရှက်မရှိဝေဖန်နေကြတာ ကိုယ့်အမြစ်ကို ကိုယ်တိုင်ဖျက်စီးနေခြင်းပါ၊ ကိုယ့်အညွန့်ကို ကိုယ်တိုင်ချိုးနေခြင်းပါ။ ကိုယ့်မျိုးစေ့ကို ကိုယ်ပြုတ်နေခြင်းပါ။ ကိုယ့်သာသနာကို ကိုယ်တိုင်ဖျက်စီးနေကြတယ် ဆိုတာ နည်းနည်းလေးတော့ တွေးကြည့်စေချင်တယ်။ သာသနာတိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း ငါ-ဘာတွေလုပ်ဆောင်ခဲ့သလဲ၊ လုပ်ဆောင်နေလဲ၊ လုပ်ဆောင်မယ်ဆိုတာ ကိုယ်ကိုယ်တိုင် အဖြေရှာကြည့်ပါ။ သာသနာတိုးတက်ဖို့ လုပ်ဆောင်နေသူတွေရော ဘာတွေ အားပေးခဲ့သလဲ၊ အားပေးနေသလဲ၊ အားပေးမယ်ဆိုတာပါ စဉ်းစားစေချင်တယ်။ ကိုယ့်ဆန္ဒနဲ့ တစ်ထပ်တည်းမကျတိုင်း လူအခွင့်အရေးဆိုတဲ့ ပေတံနဲ့မတိုင်းပါနဲ့၊ အမျိုးစောင့်ဥပဒေမှာ လူ့အခွင့်အရေးကို ချိုးဖောက်ထားတာ တစ်ခုမှ မရှိပါဘူး။ တစ်ခုပြန်မေးချင်တာက လူ့အခွင့်အရေးဆိုပြီး အော်ဟစ်နေတဲ့ ပါးစပ်ပိုင်ရှင်များကရော လူတွေအတွက် ဘာအခွင့်အရေးများ လုပ်ဆောင်ပေးနေပါသနည်းဟုသာ...။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

အမှန်တရားကို အမှားတစ်ရံ မလုပ်ကြပဲ အရှိကို အရှိအတိုင်း သိမြင်ကြဖို့ လိုပါတယ်
ဒီနိုင်ငံမှာနေရင် ဒီလူမျိုးတွေ အရေးကိုအလေးထားပါ ဒီနိုင်ငံက ကိုးကွယ်တဲ့
အလေးအမြတ်ထားတဲ့ ဘာသာကို မစော်ကားကြပါနဲ့  မဘသ ဆရာတော်တွေကို
အပြစ်မြင် အပြစ်တင်နေကြမယ့်အစား ငါတို့ လုပ်ရမယ့်အလုပ်တွေကို ဆရာတော်သံဃာတော်တွေက လုပ်နေကြတာပါလားဆိုပြီး မျိုးစောင့်ဆရာတော်ဘုရားတွေကို ရှုံ့ ချ ဝေဖန် အပြစ်တင်နေသူတွေ အားလုံး ကိုယ့်အကြောင်းကို ပြန်တွေးပြီး ရှက်သင့်နေပါပြီ။
မျိုးစောင့်ဖို့ ပြောနေတာ လုပ်နေတာတွေက လူ့ အခွင့်အရေးတွေကို
ချိုးဖောက်နေတာမဟုတ်ဘူး ဒါကိုနားလည်ထားကြဖို့ လိုပါတယ်။
ဒီလူမျိုး ဒီဘာသာ ဒီသာသနာ အဓွန့် ရှည်စေဖို့ စောင့်ထိန်းအပ်တာတွေရယ်
မမှားသင့်တာတွေမမှားရအောင်တွေရယ် ဆရာတော် သံဃာတော်တွေကိုယ်တိုင်
ရှေ့ ဆောင်လမ်းပြ ပြုလုပ်ပေးနေတာပါ သူတို့ စေတနာကိုအလေးမထားရင်နေကြပါ
မစော်ကားကြပါနဲ့ ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...