Ads (728x90)


မနေ့ တုန်းကပေါ့ဗျာ ကျွန်တော်တို့ ရဲ့ အချစ်တော်မပုတု(MPT)ရဲ့  Plan
အသစ်လေးဖြစ်တဲ့ ဆွေသဟာ ဆိုတဲ့ စနစ်လေးကို စပြီးအသုံးပြုမိပါတယ်
အသုံးမပြုခင်ရက်ပိုင်းက Facebook ပေါ်မှာ သူများတွေတင်ထားတဲ့
ဆွေသဟာ Plan ကို သုံးရတာအဆင်မပြေလို့  ပြန်ဖြုတ်လိုက်တယ်
အရင်ချိတ်ထားတဲ့ အင်တာနက်လိုင်းလေးပါ ပြုတ်သွားတယ်ဆိုတဲ့
ပြောစကားတွေ ကြိုတင်ပြီးကြားခဲ့သိခဲ့ရပေမယ့် လက်ကမြင်းကျောထပြီး
ဖုန်းနံပါတ် 1332 ကို SWE လို့  Message ပို့ လိုက်မိပါလေရော
အဲ့ဒီမှာ ကျွန်တော့်အတွက် မဟာ အမှားကြီးတစ်ခု စတင်ခြင်းဖြစ်သွားပါ
လေတော့တယ်။

ပထမဆုံး သူတို့ ဝန်ဆောင်မှုထဲက Promotion လုပ်ထားတဲ့ တစ်လတိတိ
မိမိနှစ်သက်တဲ့ ဖုန်း နံပါတ် ၃ ခုကို ဖုန်းခေါ်ခြင်း Message ပို့ ခြင်းတွေကို
ဈေးနှုန်းတွေ အများကြီးလျော့ပေါ့ပေးထားတယ်ဆိုလေတော့ လက်ကမြင်းကျော
ထပြီးရင်းထတဲ့ ကျွန်တော်က 1332 ကိုပဲ ADD 09****** ဆိုပြီး မတ်စိပို့ လိုက်မိ
ပါလေရော ပို့ ပြီးတော့ အဲ့ဒီဖုန်းကို Message ၂ စောင်လောက်ပို့ ကြည့်လိုက်မိတယ်
ပီးတော့ Bill ပြန်စစ်ကြည့်တော့ ၃ ကျပ်လောက်ပဲ ထွက်သွားတယ် အဲ .. မဆိုးဘူးပဲ
ဒီတစ်ခါတော့ မပုတု(MPT) က ချစ်ဖို့ ကောင်းသွားပြန်ရောလို့ တွေးလိုက်မိသေးတယ်။

မနက်ပိုင်း ကောင်မလေးက အိမ်ကိုလာနေပြီ လမ်းမှာ ဆိုတော့ ဘယ်ရောက်နေပြီလည်း
ဖုန်းခေါ်ကြည့်လိုက်တယ် ဖုန်း ၂ ခါခေါ်ပြီးပြောဖြစ်တယ် မဆိုးဘူး သူပြောထားသလိုပဲ
၁ မိနစ်ကို ၂၅ ကျပ်ပဲ ဖြတ်သွားပြန်တယ် ပျော်ပြန်ပီပေါ့ ဒီငနဲလဲ grin emoticon ဒီလိုနဲ့ ကောင်မလေး
ရောက်လာတယ် သူရောက်လာတော့ လုပ်စရာလေးရှိတာနဲ့ ကွန်ပြူတာ
ကောက်ဖွင့်လိုက်တယ် အင်တာနက်သုံးမယ်ဆိုပြီး ဆွေသဟာ Plan လေးကိုချိတ်ထား
တာကိုး ခါတိုင်း ဖုန်းနဲ့ ချိတ်ပြီး အင်တာနက်သုံးရင် လိုင်းက တက်လိုက်ကျလိုက်နဲ့ မို့ 
ဆွေသဟာ Plan လေးက ဘယ်လို ရှိမလည်းဆိုပြီး စမ်းချိတ်ကြည့်ထားလိုက်တာလေ

အဲ့ဒီမှာ မပုတု(MPT) ရဲ့ ဆွေသဟာ လေးက ပညာစပြပါတယ် စစချင်းဆိုတော့
အမှုမဲ့အမှတ်မဲ့ပဲ ဆိုက်မှာ သတင်းတင်စရာလေးရှိလို့  Facebook ကနေ Photo
လေး ၆ ပုံ ဒေါင်းတယ် ပီးတော့ ဆိုက်မှာ ပြန်ပြီးတော့ Upload တင်တာလည်းအဲ့ဒီ
၆ ပုံပဲ သတင်းတင်ပြီးတော့ ဟိုဒီနည်းနည်းလျှောက်ကြည့်တယ် ပြီးတော့ အပြင်
သွားဖို့ ကောင်လေးကလည်း စောင့်နေတော့စက်ကိုပိတ်လိုက်တော့တယ်
အဲ့ဒါ ကကြာချိန် မိနစ် ၂၀ ကျော် အလွန်ဆုံး နာရီဝက်ပေါ့ အဲ့ဒီမှာ Bill ပြန်စစ်ကြည့်
လိုက်တော့ 4000 ကျော်လေးပဲ ကျန်တော့တယ် မသုံးခင်က 5480 ရှိတယ်
သုံးပြီးတော့ ကြည့်လိုက်တော့ 4268 ကျပ်ပဲ ရှိတော့တယ် ဟာ ဘေလ်ကို တော်တော်
တုတ်တာပဲဟ လို့  အာမေဋိတ်ပီး ရေမိုးပြေးချိုး လိုက်တော့တယ် ကောင်မလေး
ထိုင်စောင့်နေရတာကို အားနာလို့ ရေပြေးချိုးပြီး အပြင်သွားတယ်ပေါ့။

ကောင်မလေးနဲ့ ရှုပ်ရှင်သွားကြည့်တယ် အပြန် ဆိုင်တစ်ဆိုင်မှာ မုန့် သွားစားတယ်
ပြီးတော့ ကောင်မလေးကို အိမ်ပြန်လိုက်ပို့ ပြီး အိမ်ပြန်လာတယ် တော်တော်နဲ့ 
လိုင်းမသုံးဖြစ်သေးဘူး ညဘက် ၉ နာရီထိုးတော့ လိုင်းပေါ်တက်ပြီး လုပ်စရာလေး
နည်းနည်းပါးပါးရှိတာ လုပ်လိုက်ပါဦးမယ်ဆိုပြီး Bill ပြန်စစ်ကြည့် ပြီးနာရီမှတ်လိုက်တယ်
မနက်တုန်းက ဘေလ် အများကြီးဖြတ်သွားတာဆိုတော့မကျေနပ်လို့ လေ
ဒီလိုနဲ့  Bill က 4268 ကျပ် စသုံးတဲ့အချိန်က ၉ နာရီတိတိ စာရွက်ပေါ်မှာချရေးပြီး
မှတ်လိုက်တယ် ဖေ့ဘွတ်ပေါ်မှာ ဟိုယွဒီယွလိုက်ယွ နေလိုက်တာ ည ၁ နာရီနဲ့ ၁၀
မိနစ် တိတိ မှာ အိပ်တော့မှပါ ဆိုပြီး စက်တွေကောက်ပိတ်တယ် စာအုပ်ထဲမှာ
Internet Use Time ကိုမှတ်ထားပြီးသားဆိုတော့ End Time ကို ထပ်မှတ်
လိုက်တယ် ပြီးတော့ လပ်တော့ကို အိတ်ထဲထည့် သူ့ နေရာသူသွားထားပြီး
ဖုန်းကိုကောက်ကိုင်ပြီး ဘေလ် ပြန်စစ်လိုက်တော့ မျက်လုံးအကြီးအကျယ်ကို
ပြူသွားရတော့တယ်ဗျာ။

မှန်းကြည့်ဗျာ ၉ နာရီကနေ ၁ နာရီ ၁၀ မိနစ်ထိ သုံးစွဲတဲ့အချိန် ၄ နာရီမှာ ဖုန်းဘေလ်
ဘယ်လောက် လောက်များ ကုန်သွားမလည်းဆိုတာ ကျွန်တော်မျက်လုံး ပြူးမယ်
ဆိုလည်း ပြူးချင်စရာ အရင်တုန်းက မပုတု(MPT) ရဲ့  အင်တာနက်လိုင်းအဟောင်း
နဲ့ သုံးတုန်းကများဆိုရင် တစ်ညလုံး အမုန်းသုံး ၁ ထောင် စွန်းစွန်းလေးပဲ ကုန်တယ်
ခုတော့ မပုတု(MPT) ရဲ့ ဆွေသဟာကြောင့် ၄ နာရီလောက် သုံးတာ ၄ ထောင်လောက်
ဖြတ်သွားလေရောပေါ့ မသုံးခင်က ၄၂၆၈ ကျပ် သုံးပြီးသွားတော့ ဘေလ်ထဲမှာ ၄၄၀ ကျပ်
ရက်စက်ပါပေ့ ဆွေသဟာရယ်လို့ သာအော်လိုက်မိပါတော့တယ်ဗျာ

ဒီတော့ အများက မကောင်းဘူး ပြောထားရက်နဲ့  အင်တာဗျူးတစ်ခုမှာ ဆက်သွယ်ရေးက
လူတစ်ယောက်ကလည်း " ဆွေသဟာ Plan လေးကို ကျွန်တော်စမ်းသပ်ထားတာပါ
အင်တာနက်သုံးရတဲ့ Speed ကတော့ ဘယ်လိုနေတယ်တော့မသိသေးပါဘူး
Error တွေပေါ်လာတိုင်း Fix ပြန်လုပ်ပေးနေပါတယ် အဆင်မပြေတာတွေရှိရင်လည်း
Call Center - 106 နံပါတ်ကို ဆက်သွယ်နိုင်ကြပါတယ်" လို့ ပြောထားတာလည်း
သိထားပါလျှက်နဲ့  လက်ကမြင်းကျောထပီး လက်တည်းစမ်းချင်တဲ့ ကျွန်တော့်အမှားပဲ
ဖြစ်သွားရပါတော့တယ်။

သူငယ်ချင်းများ အားလုံးကိုပြောပြချင်တာက မပုတု(MPT) ရဲ့ 
ဆွေသဟာ Plan မသုံးသေးဘူးဆိုရင် မသုံးကြပါနဲ့ ဦးနောက်ထပ်
ဘယ်လို အပြောင်းအလဲတွေထပ်လုပ်ဦးမယ်မသိသေးဘူး အဲ့ဒီကျမှသာ
သုံးကြပါ နောက်ပြီး လက်ရှိ ဆွေသဟာ ကိုသုံးနေတဲ့သူငယ်ချင်းများလည်း
မိမိတို့  ကြုံတွေ့ ရသည်များကို ပြန်လည်မျှဝေပေးကြပါဦး မည်သူ့ ကိုမျှ မိမိတို့ 
ကြုံတွေ့ နေရသည်များကိုမပြောပဲ မနေကြပါနဲ့ ဆိုတာပါပဲ ကျွန်တော်နဲ့ 
ဖြစ်ရပ်များ ထပ်တူကျခဲ့တဲ့သူများလာလျှင် ၁၀၆ ကိုဖုန်းဆက်ပီးတော့ရယ်
သူတို့ ရဲ့  Official Page မှာ ရယ် အဆဲလေးတွေနဲ့ ဂုဏ်ပြုလိုက်ရအောင်လို့ 
ကြိုတင်ကာ ဖိတ်ခေါ်ထားချင်ပါတယ်။ grin emoticon

မပုတု(MPT) အနေနဲ့ လဲ ဖုန်းတစ်လုံးကို သိန်း ၄၀ မှစပြီး ယခု ၁၅၀၀ ထိ
အသားလဲစားလိုက် အရိုးလဲကိုက်လိုက် အရည်လဲ သောက်လိုက်
လုပ်ပြီး ရလျှင် ရသလို စားဝါးမနေတော့ပဲ အများပြည်သူတွေအတွက်
အကောင်းဆုံး ဖြစ်မယ့် ၀န်ဆောင်မှုမျိုးတွေ သင့်တင့်မျှတသော
နှုန်းထားတွေနဲ့  ရှေ့ သို့ လှမ်းချီပါ MPT လို့ နောက်ဆုံးပြောချင်ပါတယ်
လူ ဒုက္ခ စိတ်ဒုက္ခမပေး ပါနဲ့  တစ်မိနစ်ကို ၁ ကျပ်နှုန်းကောက်ရင်တောင်
လူပေါင်းသန်း ၆၀ နီးနီး ရှိတာ အများကြီးစားလို့ ဝါးလို့ ရပါတယ်
တစ်သက်လုံးလဲ စားလို့  ၀ါးလို့  လာခဲ့ပြီးပြီး ရှေ့ ဆက် စားနေ၀ါးနေရင်
စားပို့ နင့်ပြီး အသေဆိုးနဲ့ သေပြီး ပြိတ္တာတွေ ဖြစ်ကုန်မှာစိုးလို့ ပါ
ဒါကြောင့်စေတနာနဲ့  နောက်ဆုံးသတိပေးရတာပါဗျာ။ tongue emoticon

မပုတုရဲ့ အပေါ်ယံ သကာရည်လောင်းထားတာလေးကအောက်ပါ
အတိုင်းပါပဲဗျာ
=======================================

ဆွေသဟာသည် MPT မှ ဆောင်ရွက်သည့် အစီအစဉ် အသစ်ဖြစ်ပြီး အောက်ပါ ၀န်ဆောင်မှုအသစ်များကို ရွေးချယ်နိုင်ပါသည်။
--------------------------------------------------------------------------------------------
ပြည်တွင်းခေါ်ဆိုမှုများအတွက် ၁ မိနစ်လျှင် ၃၅ ကျပ်
SMS ပေးပို့ခြင်း တစ်စောင်လျှင် ၁၅ ကျပ်
လျင်မြန်သော အင်တာနက်အတွက် 15 Ks/MB ဖြစ်ပြီး data စတင်သည့် ၀န်ဆောင်ခ အတွက် ပေးရန်မလိုပါ။

အဖိုးနှုန်းချိုသာသော နှစ်သက်ရာ ဂဏန်း ၃လုံးပါ ဖုန်းခေါ်ဆိုမှုသည် အမြဲတမ်းရရှိနိုင်ပါသလား
---------------------------------------------------------------------------------------------------------
အဖိုးနှုန်းချိုသာသော နှစ်သက်ရာဂဏန်း ၃လုံးပါ ဖုန်းခေါ်ဆိုမှုသည် Promotion ကာလအတွင်းအတွက်သာဖြစ်သည်။ Promotion ကာလသည် ရက် (၃၀)ကြာမြင့်ပြီး Promotion ကာလဖြစ်သည့် ၂၀၁၅ ခု မတ်လ (၁)ရက် တိုင်အောင် ပထမနှစ်သက်ရာ နံပါတ် မှတ်ပုံတင်သော ကာလမှရက်ပေါင်း (၃၀)အတွင်းဖြစ်သည်။

=======================================

အဲ့ဒီ အပေါ်က သကာရည်လောင်းထားတာ လေးကို စားမို့ ခါးမှန်းသွားသွားခဲ့ပါလျှင
အောက်ပါအတိုင်း ပြန်ဖျက်လို့ ရပါသည်တဲ့ဗျာ grin emoticon
=======================================================

ဆွေသဟာ အစီအစဉ် ရယူသုံးစွဲခြင်းမပြုတော့ရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်း
------------------------------------------------------------------------------------------------
ကြိုတင်ငွေဖြည့် (Prepaid) အသုံးပြုသူများအတွက်

ဆွေသဟာကိုရယူခြင်း မပြုတော့ရန် “UNSUB SWE” ကို ရိုက်၍ 1332 သို့ SMS ပေးပို့ပါ။ ဆွေသဟာ အစီအစဉ် ကို ထပ်မံမရယူတော့ရန် SMS ပိုပြီးလျှင် နောက်တစ်ကြိမ် ဆွေသဟာအစီအစဉ် ရယူနိုင်ခွင့်ပြုရန် ရက်ပေါင်း (၃၀) စောင့်ဆိုင်း ရမည်။ သုံးစွဲရယူခြင်းမပြုတော့သည်နှင့် ပရိုမိုးရှင်း ပေးခြင်းဖြင့် သက်ဆိုင်သည့် အကြောင်းအရာများ (ဥပမာ 50MB data အခမဲ့ခွဲတမ်း နှင့် နှစ်သက်ရာနံပါတ် (၃)ခုအတွက် လျှော့ဈေး)ကို ဆုံးရှုံးမည်ဖြစ်ပါသည်။

ငွေပေးချေသော (Postpaid) အသုံးပြုသူများအတွက်

ဆွေသဟာ အစီအစဉ်ကို ရယူ သုံးစွဲခြင်း မပြုတော့ရန် “POSTUNSUB SWE”ကိုရိုက်၍ 1332 သို့ “SMS” ပေးပို့ပါ။ ဆွေသဟာ အစီအစဉ်ကို ထပ်မံမယူတော့ရန် SMS ပို့ပြီးလျှင် နောက်တစ်ကြိမ် ဆွေသဟာ အစီအစဉ် ရယူရန် ရက်ပေါင်း (၃၀) စောင့်ဆိုင်းရမည်။ သုံးစွဲရယူခြင်းမပြုတော့သည်နှင့် ပရိုမိုးရှင်း ပေးခြင်းဖြင့် သက်ဆိုင်သည့် အကြောင်းအရာများ (ဥပမာ 50MB data အခမဲ့နှင့် နှစ်သက်ရာနံပါတ် (၃)ခုအတွက် လျှော့ဈေး)ကို ဆုံးရှုံးမည်ဖြစ်ပါသည်။

=======================================================

သူ့ ရဲ့  Data Plan တွေက ဘယ်လိုတွေမှန်းတောင်မသိချင်တော့ပါဘူး grin emoticon
ကဲ .. ကိုယ်သိရင် ကိုယ့် သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေကို ပြန်လည်ပြီး
မျှဝေပေးလိုက်ကြပါဦး smile emoticon

Aung Kyaw Soe ( 19.1.2015 - 9:20 PM )
feeling ချစ်ရတဲ့ မပုတုနဲ့ ဆွေသဟာအကြောင်း :P

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...