Ads (728x90)


ကမ္ဘာ့ သတင်းဂျာနယ်/ သတင်း စားပွဲ

အောက်တိုဘာလ (၂၉)ရက်၊ (၂၀၁၃)ခုနှစ် အင်္ဂါနေ့

နိုင်ငံခြားရေး ၀န်ကြီး ခြောက်ဦးနှင့် အိုအိုင်စီ အထွေထွေ အတွင်းရေးမှူး အက်မီလက်ဒင် အိုင်ဟ်ဆန်နိုဂလူ ပါဝင်သည့် အုပ်စုတစ်ခုသည် မြန်မာနိုင်ငံတွင် နေထိုင်လျှက်ရှိကြသော မူစလင်တို့အား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေရန် ကြိုးပမ်းမှုတစ်ရပ် အဖြစ် မြန်မာနိုင်ငံသို့ လာမည့် နှစ်ပတ်အတွင်းတွင် လာရောက်လည်ပတ်မည်ဖြစ်၏။

OIC to visit violence hit Myanmar in November
World Bulletin / News Desk
Updating: 10:08, 29 October 2013 Tuesday

A group of six foreign ministers and OIC Secretary General Ekmeleddin Ihsanoglu will visit Myanmar in a bid to take up the violence targeting Muslims residing in this country in two weeks.
အိုင်ဟ်ဆန်နိုဂလူ က သူတို့၏ ကိုယ်ပိုင် နိုင်ငံတွင် ရိုဟင်ဂျာ မူစလင်တို့၏ နိုင်ငံသား အခွင့်အရေး [ရရှိမှု] အပေါ် အလေးအနက် ဖိအားပေးမှု တစ်ခု ပြုရန် သူတို့သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟု ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ကျင်းပသည့် အထူး အစည်းအဝေးတစ်ရပ် အပြီးတွင် အေအေ သတင်းအား ပြောကြားသည်။
Ihsanoglu told AA following a special session held at UN Security Council that they will visit Myanmar to make an emphasis on Rohingya Muslims’ right of citizenship in their own country.
အိုင်ဟ်ဆန်နိုဂလူက ရိုဟင်ဂျာ မူစလင်များသည် (၁၉၈၂)ခုနှစ်က ဆုံးဖြတ်ချက်တစ်ခုအရ မြန်မာနိုင်ငံ၏ နိုင်ငံသားများအဖြစ် သဘောထားခြင်း မခံရကြောင်း နှင့် ဒုတိယ အခြေခံ ပြဿနာမှာ သူတို့၏ နေထိုင်ခွင့် အခွင့်အရေးနှင့် ဆက်စပ်လျှက်ရှိကြောင်း ပြောကြားသည်။
Ihsanoglu said Rohingya Muslims were not regarded as the citizens of Myanmar (Burma) with a decision in 1982 and the second basic problem was related to their right to live.
အိုင်အိုစီ အထွေထွေ အတွင်းရေးမှူးချုပ်က သူသည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ သမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် ကက်သရင်း အက်ရှိတွန်တို့နှင့် သူရာထူးရသည့် ပထမဆုံးနေ့ကတည်းက မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ အဆက်အသွယ် ပြုထားကြောင်းကိုလည်း ပြောကြားပြီး - အရင်းအမြစ်မှ လှန်ပစ်လိုသော ဗုဒ္ဓဘာသာ ဘုန်းကြီးများထံမှ ကြီးမားသော ဖိအားရှိလင့်ကစား ဤနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရုံးတစ်ခု ဖွင့်လှစ်ရန် မြန်မာအစိုးရနှင့် ညှိနှိုင်းမှုသည် အဆုံးသို့ ရောက်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြား၏။
OIC Secretary General also said that he has been in contact with US President Barack Obama, EU High Representative of the Union for Foreign Affairs and Security Policy Catherine Ashton regarding the Myanmar issue since the first day he came into the Office and a deal with Myanmar government was reached in the end, despite the great pressure from radical Buddhist monks, to open a humanitarian aid office in this country.
တစ်ချိန်တည်းတွင် - အိုအိုင်စီ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း လေ့လာသူ အူဖုခ် ဂေါ်ခ်ဆန် က - မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု အဆုံးသတ်ရေးဆိုင်ရာ - ဥရောပ သမဂ္ဂက ရေးသားသော မူကြမ်းနှင့် သီးခြားဖြစ်သည့် - အိုအိုင်စီ၏ မူကြမ်းသည် နိုဝင်ဘာလ (၁)ရက်နေ့လောက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်ဟု အေအေ သတင်းအား ပြောကြားသည်။
Meanwhile, OIC’s permanent UN observer Ufuk Gokcen told AA that, apart from a draft penned by the EU, an OIC draft to end the violence in Myanmar will have reached UN Security Council by 1 November.
အိုအိုင်စီက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် သတင်းထုတ်ပြန်ချက်သည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အိုအိုင်စီတို့အကြား ကျင်းပသော အထူးအစည်းအဝေးတစ်ခု အပြီးတွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး အိုအိုင်စီက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိ အဇာဘိုင်ဂျန်နိုင်ငံက ကမကထပြုမှုအတွက် ကျေးဇူးတင်လျှက်ရှိ၏။
The revelation of Myanmar visit by OIC came following a special session held between UNSC and OIC thanks to an initiative by UNSC term president Azerbaijan.
ရိုဟင်ဂျာ မူစလင် (၁၄၀,၀၀၀)ကျော်သည် မီးတင်ရှို့ခံရသော သူတို့၏ နေအိမ်များနှင့် အလုပ်လုပ်သော နေရာများအား စွန့်ခွာခဲ့ရပြီး အများအပြားမှာ အရင်းအမြစ်မှ လှန်ပစ်လိုသော ဗုဒ္ဓဘာသာဝင်များက (၂၀၁၃)ခုနှစ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခြင်းကို ခံခဲ့ရ၏။ အကြမ်းဖက်တိုက်ခိုက်မှုသည် ထို အရှေ့ဖျားနိုင်ငံ၏ အနောက်ဖက်ပိုင်းတွင် တည်ရှိသော ရခိုင်ဒေသရှိ ရိုဟင်ဂျာမူစလင်များအား အထူးသဖြင့် ပစ်မှတ်ထားခဲ့သည်။
More than 140,000 Rohingya Muslims had to leave their homes after their homes and workplaces were burnt down and many were massacred by radical Buddhists in 2013. The violence especially targeted Rohingya Muslims in Arakan region situated in the western part of the far eastern country.
ထိုနိုင်ငံသည် (၁၉၆၂)ခုနှစ်နှင့် (၂၀၁၁)ခုနှစ်အကြား၌ တင်းကြပ်သော စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေခဲ့၏။
The country was under a strict military regime between 1962 and 2011.

= = =အိုအိုင်စီ (အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)က နိုဝင်ဘာလတွင် အကြမ်းဖက်တိုက်ခိုက်မှုဒဏ် ခံခဲ့ရသော မြန်မာနိုင်ငံသို့ လာရောက်လာပတ်မည် = = = (ဝေဘန်ချက်) KMS 30 OCT 2013

[ဒီသတင်းအရ -
(၁) အိုအိုင်စီဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကပဲ လွှတ်လိုက်လို့ လာရတာ ဖြစ်သလိုလို ရေးသားထားတာကို သတိပြုမိပါတယ် -
(၂) အမေရိကန် သမ္မတနဲ့ ဥရောပ သမဂ္ဂက အရာရှိတစ်ဦးကို အိုအိုင်စီက အသေပိုင်ထားသလိုလို ဟန်လုပ်ပြီး ပြောဆိုတာကိုလည်း သတိပြုမိပါတယ် -
(၃) ရိုဟင်ဂျာ မူစလင် ဆိုတာကို လုံးဝ တရားဝင် သုံးစွဲနေကြတာကိုလည်း သတိပြုမိပါတယ် - ဒီ စကားလုံးကို မသုံးစွဲဖို့ မြန်မာအစိုးရက ကုလသမဂ္ဂအား တရားဝင်ကန့်ကွက်ခြင်း မပြုလေသလားလို့ စဉ်းစားစရာ ဖြစ်ပြီး - တစ်ချိန်တည်းမှာ တရုတ်ပြည်ကြီးက ခေါင်းဆောင်များနဲ့ တွေ့ရင် အမေရိကန်သမ္မတ နဲ့ မြန်မာခေါင်းဆောင်များ အပါအ၀င် ဘယ်သူမဆို တရုတ်ပြည်ကြီး အကြိုက် တရုပ် တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံပါကြောင်း အထပ်ထပ် ပြောဆိုကြတာနဲ့ ဘာမှ မဆိုင်သလို ဖြစ်နေကြောင်း သတိပြုမိစဖွယ် ဖြစ်နေပါတယ်။ ဒီနာမည် ကိုင်စွဲပြီး ဒီကိစ္စအလို့ငှာ လာရောက်မယ့် ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ကံဆိုးမိုးမှောင်ကျမှုတွေ သယ်ဆောင်လာမှာလားလို့ စိုးရိမ်စရာ ဖြစ်ရပါတယ်။
(၄) ပိုပြီး စိုးရိမ်စရာကောင်းတာက အဲဒီ အဖွဲ့ဟာ ရိုဟင်ဂျာမူစလင်ဆိုသူတွေကို “သူတို့၏ ကိုယ်ပိုင်နိုင်ငံမှာ” နိုင်ငံသား ဖြစ်စေရေးနဲ့ နေထိုင်ခွင့် ရစေရေးအတွက် လာတာဆိုတော့ သမ္မတကြီး ပြောထားတဲ့ နိုင်ငံသားမဟုတ်သူများကို တတိယနိုင်ငံသို့ ပို့ရေး ဆိုတာကို ပြက်ရယ်ပြုနေသလို ဖြစ်နေပြီး သမ္မတကြီးရဲ့ အဲဒီမူဝါဒကို လွှတ်တော်အပါအ၀င် မြန်မာနိုင်ငံက တာဝန်ရှိ အဖွဲ့အစည်းများက နိုင်ငံတော်မူဝါဒ၊ အမျိုးသားမူဝါဒအဖြစ် သတ်မှတ်ကိုင်စွဲခြင်း ပြုနိုင်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိတဲ့ အကျိုးဆက်အဖြစ် တွေ့မြင်လာရတာလို့ သုံးသပ်ပါတယ်။
(၅) အင်မတန် စိတ်ပျက်ဖို့ ကောင်းတာက - လူသားချင်းစာနာသော အကူအညီပေးရေးရုံး တစ်ခု ဖွင့်ဖို့ မြန်မာအစိုးရက လက်ခံ သဘောတူလိုက်သလိုလို ပြောဆိုချက်ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံက ခိုးဝင်လာသူ သန်းချီပြီး လက်ခံထားရုံမျှမက သူတို့ကို အတွင်းအထိ ၀င်ရောက် ချုပ်ထိန်းကြိုးကိုင်လာမယ့် နယ်ချဲ့ဌာနချုပ်တစ်ခုကို လက်ခံဖွင့်လှစ်ခွင့်ပြုမယ်ဆိုတဲ့ သဘောဟာ အရင်တစ်ခါ သမ္မတကြီးကိုယ်တိုင်က ဒီလို ရုံးမျိုးဖွင့်ခွင့်ကို ပယ်ချထားခဲ့တဲ့ အစဉ်အလာအရ မဖြစ်နိုင်တာကို ပြောတာပဲလို့ ယူဆရမယ့် သဘောဖြစ်နေပါတယ်။ ဒီကိစ္စဟုတ်မဟုတ်ကို မြန်မာအစိုးရကိုယ်တိုင်က ထုတ်ပြောမှပဲ တကယ်သိခွင့်ရကြမှာ ဖြစ်ပါတယ်။
(၆) ပြီးတော့ - မြန်မာနိုင်ငံကို “ကြပ်”ဖို့အတွက် ဥရောပ သမဂ္ဂက မူကြမ်းတစ်ခု၊ အိုအိုင်စီက မူကြမ်းတစ်ခု ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်ပြတယ် ဆိုတဲ့ သတင်းစကားကို တွေ့ရမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးချိုးဖောက် လူသတ်နေတဲ့ ဘယ်နိုင်ငံအတွက် ဒီအဖွဲ့တွေက မူကြမ်းတွေ တင်ကြသလဲလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒီ မူကြမ်းတွေဟာ ဖိလိပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ အစိုးရနဲ့ မူစလင်သူပုန်တွေအကြား ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုပြီး နယ်မြေခွဲပေးရတဲ့ အခြေမျိုး မြန်မာနိုင်ငံမှာ ဖြစ်ထွန်းလာစေရေး ပထမခြေလှမ်းတွေပဲလို့ မြင်ပါတယ်။
(၇) နောက်တစ်ချက် မြင်ရတာက - ဗုဒ္ဓဘာသာဝင်တွေဟာ မူစလင်တွေကို အစုလိုက် အပြုံလိုက် သတ်တယ်၊ အိမ်တွေကို မီးရှို့ပစ်တယ်၊ နှင်ထုတ်တယ် စတဲ့ သတင်းစကားတွေဟာ အဲဒီ ကမ္ဘာ့အဆင့်မှာ အတည် ဖြစ်နေတာကို ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မှာ အတည်ဖြစ်နေတယ် ဆိုတော့ ပြည်တွင်းမှာကော အဲသလို မဟုတ်ဘူးလားဆိုတော့ ပြည်တွင်းမှာလည်း အတည် ဖြစ်နေတာပါပဲ။ အစိုးရက ငြင်းပယ်တာ တစ်ခုပဲ ရှိပါတယ်။ လူမျိုးရေး သန့်စင်မှု မရှိပါဘူး ဆိုတာပါပဲ။ အစိုးရအပါအ၀င် နိုင်ငံရေး ခေါင်းဆောင် အားလုံးနီးပါးဟာ မြန်မာနိုင်ငံဘက်က မားမားမတ်မတ်ရပ်ခံပြီး ပြောဆိုတာ ဘာမျှ မတွေ့ရပါဘူး။ ပြောချင်းပြောရင် ဗုဒ္ဓဘာသာဝင်တွေကပဲ ကျူးလွန်သလိုလို ပြောတယ်။ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအသတ်ခံရတာက အစ ဖုံးဖိပေးထားတယ်။ လက်နက်တွေ မိတာလည်း ဖုံးဖိပေးထားတယ်။ မူစလင်တွေ ကျူးလွန်တာကျတော့ စိတ်မနှံ့လို့၊ အရက်မူးလို့၊ သာမန်ရာဇ၀တ်မှု၊ ရောင်းမှားဝယ်မှား စသည်ဖြင့် ပြောပါတယ်။ အခု ဟိုက ပထွေးတွေက လာပါတော့မယ်။ မြန်မာနိုင်ငံကို တံကျင်လျှိုဖို့ လာမှာ ဖြစ်ပါတယ်။]
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...