Ads (728x90)

=======================================

သတင်းစာဖတ်ရင် ...

- ဘယ်နိုင်ငံကနေ အတိုးဘယ်လောက်နဲ့ ဒေါ်လာသန်းပေါင်း ဘယ်လောက်ကို ချေးယူလိုက်တယ်။

- ဘယ်ကဏ္ဍအတွက် ငွေဘယ်လောက် ချေးဖို့ လွှတ်တော် တင်တယ်။

ဒါတွေပဲ ဖတ်နေရတယ်....

ဝန်ကြီးဌါနပေါင်းစုံကလည်း ကဏ္ဍပေါင်းစုံကို လက်ညိုးထိုးပြလို့ နိုင်ငံခြားကနေ ငွေချေးဖို့ပဲ ချောင်းနေသလိုပဲ..

အဲ့ဒီတော့ ဒီအစိုးရလက်ထက် အလွန့်အလွန် တိုးတက်လာတာ ချေးငွေပဲ ဖြစ်လိမ့်မယ် ...

ပြည်တွင်းက နိုင်ငံပိုင်ဘဏ္ဍာတင်မက ပြည်ပက ဒေါ်လာဘဏ္ဍာ ကိုပါ မြန်မာပြည်ကို လက်ညိုးထိုးထိုးပြပြီး နည်းမျိုးစုံနဲ့ ကျုံးရုန်း ရယူနေကြသလိုပဲ...

၂၀၁၅ ရွေးကောက်ပွဲကလည်း နီးလာပြီးကိုး...

လွန်ခဲ့တဲ့ ကြံ့ဖွတ်အစိုးရ အာဏာရယူလာတဲ့ ရွေးကောက်ပွဲမတိုင်ခင် တပ်မတော်အစိုးရက အာဏာလွဲပေးခါနီး ပြည်သူပိုင်ပစ္စည်း ပုဂ္ဂလိကလွဲပြောင်းရေး ကော်မတီ ဆိုပြီး လုပ်ခဲ့တုန်းက "တိုက်ရာပါပစ္စည်း ခွဲဝေပေးရေးကော်မတီ" လို့ ပြည်သူတွေ ခေါ်တာ မှတ်မိပါရဲ့...

အဲ့ဒီတုန်းကလည်း အခုလိုပဲ ဘယ်နေရာကို ဘယ်ကုမ္မဏီတွေကို နှစ်ဘယ်လောက်နဲ့ ငှါးတယ်။ ဘယ်လောက်ငွေပမာဏနဲ့ ရောင်းတယ်ဆိုပြီး မတန်တဆတွေ ခရိုနီ နာမည်ခံပြီး ရယူခဲ့ကြသေးတယ်...

အဲ့ဒီတုန်းကနဲ့ အခု တူနေသလိုပဲ...

တွေးမိတွေးရာလေး ရေးမိတာပါ...

(ဇော်လွင်ဝင်း)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...