_______________________________________
ရန်ကုန်တိုင်းဒေသကြီး၊
တာမွေမြို့နယ်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြားတွင်
၂၆.၁၀.၂၀၁၃ (စနေ) နေ့ည ၆း၃၀ ခန့်တွင် သာမန်ယာဉ်တိုက်မှုလေးအား အကြောင်းပြု၍
လူမျိုးရေးအဓိကရုဏ်း တစ်ခုအထိ ကူးစက်ပြန့်ပွားလာနိုင်သည့်
မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုဖြင့် ၀ိုင်းဝန်းတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။
ဖြစ်ပွါးပုံမှာ
၂၆.၁၀.၂၀၁၃ စနေနေ့ည ၆း၃၀ ခန့်တွင် ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြား
လမ်းဆုံတွင် ကျော်စိုးဝင်း အသက် ၂၇ နှစ်၊ (၁၄၁) လမ်းနေထိုင်သူ မောင်းနှင်၍
စိုးမင်းဦး အသက် ၂၇ နှစ် ၁၃၃ လမ်း နေသူတို့ လိုက်ပါလာသော
ချယ်ရီဝက်ဂွန်အမျိုးအစား အငှားကားယာဉ်သည် ၁၃၃ လမ်းပေါ်မှ လမ်း၁၄၀ သို့
ချိုးကွေ့ဝင်ရန် နောက်သို့ဆုတ်စဉ် နောက်တွင်ရပ်ထားသော
အစ္စလာမ်ဘာသာဝင်တစ်ယောက်၏ ကားအား ထိခိုက်ခဲ့ပါသည်။
ထိုယာဉ်တိုက်မှုဖြစ်ပွားသည်နှင့်
တစ်ပြိုင်နက်ထဲ အယောက် ၃၀ ခန့်ရှိသော လူအုပ်စုတစ်စု
စုရုံးဖြစ်ပေါ်လာခဲ့ပါသည်။ အခင်းဖြစ်အရပ်မှာ ဗုဒ္ဓဘာသာလူနည်းစုနှင့်
အစ္စလာမ်ဘာသာဝင်လူများစုတို့ စုရုံးနေထိုင်ရာ အရပ်ဖြစ်သည့်အလျှောက်
ယာဉ်တိုက်မှုဖြစ်ရာအရပ်သို့ စုရုံးရောက်ရှိလာသူအများမှာလည်း အစ္စလာမ်ဘာသာဝင်များသာ အများစု ဖြစ်ပါသည်။
ထို ယာဉ်တိုက်မှုအတွက် ချယ်ရီအမျိုးအစား ယာဉ်မောင်းသူ ကျော်စိုးဝင်းနှင့်စိုးမင်းဦးတို့မှ
အတိုက်ခံရသော မော်တော်ယာဉ်ကို တာဝန်ယူ ပြင်ဆင်ပေးမည့်အကြောင်း
ညှို့နှိုင်းပြောဆိုသော်လည်း တစ်ဖက်ကားပိုင်ရှင်များမှာ မကျေနပ်နိုင်ပဲ
အချီအချဖြစ်နေစဉ်"အလ္လာ တက္ကပဲ" ဟူသော အော်သံများထွက်ပေါ်လာပြီး
၎င်းလမ်းဆုံထောင့် ရှိ အစ္စလာမ်ဘာသာဝင်တစ်ဦး ရောင်းချနေသော ကွမ်းယာဆိုင်မှ
ထုတ်ပေးသည့် တုတ်၊ ဓါး၊ သံချွန်လက်နက်များဖြင့် ကျော်စိုးဝင်းနှင့်
စိုးမင်းဦးတို့အား ၀ိုင်းဝန်း ထိုးခုတ်၊ ရိုက်နှက်ကြရာ ၎င်းတို့နှစ်ဦးမှာ
ဒါဏ်ရာအပြင်းထန်ရ၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု
ခံယူနေရပါသည်။
ထိုသို့ ဝိုင်းဝန်း ထိုးနှက်တိုက်ခိုက်ကြစဉ်တွင် အနီးရှိလမ်းမီးတိုင်မှ
မီးကိုလည်း ပိတ်ပစ်ခဲ့ကြပါသည်။ ထိုဖြစ်စဉ်ပြီးတွင် လက်နက်ထုတ်ပေးသော
ကွမ်းယာဆိုင်မှ အစ္စလာမ်ဘာသာဝင် ညီအကိုနှစ်ဦးအား တာမွေမြို့နယ်ရဲစခန်းမှ
ခေါ်ယူစစ်ဆေး၍ နောက်နေ့နံနက်တွင် အာမခံဖြင့် လွှတ်ပေးခဲ့ပါသည်။ အဓိက
ပါဝင်ပတ်သတ်နေသူ တရားခံလေးဦးမှာ ထွက်ပြေးလွတ်မြောက်ဆဲ ဖြစ်ပါသည်။
တာမွေမြို့မရဲစခန်းမှ ထိုသို့တရားခံနှစ်ဦးအား အာမခံပေးပြန်လွှတ်လိုက်၍
ရပ်ကွက်အတွင်းရှိ လူငယ်တစ်စုမှ မကျေမနပ် ဖြစ်၍ ၎င်းတရားခံများ၏
ကွမ်းယာဆိုင်ကို ၀ိုင်းဝန်းဖျက်ဆီးမည်ဟူသော သတင်းထွက်ပေါ်လာ၍
တာဝန်သိပြည်သူများမှ ရဲစခန်းသို့သွားရောက် သတင်းပေးရာ ရဲစခန်းမှ
လွှတ်ထားသူနှစ်ဦးကို ပြန်လည်ဖမ်းဆီးခဲ့ပါသည်။
ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ ရဲစခန်းသည် အမှုကိုကိုင်တွယ်ဖြေရှင်းရာ၌
ပေါ့ဆလွန်းကြောင်း၊ တရားခံများကိုဖမ်းဆီးပြီး ရဲစခန်းရှိဧည့်သည်များ
ထိုင်ရန် သတ်မှတ်ထားသော နေရာတွင်နေထိုင်ခွင့်ပေးထား၍ ၎င်းတို့မှ
ရဲစခန်းသို့ရောက်လာသော သက်သေများအမည်ကို လက်ကိုင်ဖုန်းဖြင့် ရပ်ကွက်ထဲရှိ
၎င်းတို့၏ မိတ်ဆွေများထံ သတင်းပေးပို့နေကြကြောင်း၊ ရခိုင်ပြည်နယ် နှင့်
့်မိတ္ထီလာမြို့များတွင်လည်း ရဲစခန်းများ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့်
မလိုအပ်သော လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားရကြောင်း နှင့် ယခုဖြစ်စဉ်တွင်
ထိုသို့ကူးစက်ပြန့်ပွားလာမည်ကို
ပြည်သူများမှ စိုးရိမ်နေကြကြောင်း သိရသည်။ ထို့ပြင် အလ္လာဝက် သက္ကဘာ ဆိုသော
အသံပေး၍ ၀ိုင်းဝန်းရိုက်နှက်ခြင်း၊ လက်နက်ထုတ်ပေးခြင်း၊ လမ်းမီးမှိတ်ခြင်း
စသည်တို့ကို အစီအစဉ်တကျ ပြုလုပ်နိုင်မှု အပေါ်၌လည်း လွန်စွာ
အံ့သြတုန်လှုပ်နေကြကြောင်း သိရသည်။
ဦးခေါင်းအား ထိခိုက်မိသူမှာ စိုးမင်းဦး ဖြစ်ပြီး ဦးခေါင်းခွံအက်ပြီး
ခေါင်း၌ သွေးခဲနေ၍ အခြေနေမကောင်းဟု သိရသည်။
မျက်လုံးထိ၍ ဓါးခုတ်ခံရသူ အမည်မှာ ကျော်စိုးဝင်း ဖြစ်သည်။
+++++++++++++++++++++++++++++++
Source _ Thiha Lay
တာမွေကိစ္စ ကိုရွှေ (၇)ပဲများ ဘာလုပ်ကြမလဲ အခုထိတရားခံဖမ်းမမိသေးဘူးလား...
ReplyDeleteဘာလည်းကုလားတွေဆီကမျိုဆို့ထားလို့လား....ဒီကိစ္စ ကသာမန်မဟုတ်ဘူးနော်...
နောင်ဖြစ်လာမဲ့အကျိုးဆက်က လူမျိုးရေးနော်...မဲမဲမြင်ရာ ??????? သိတယ်နော်
ဒီတရားခံဖမ်းတာ ဘယ်လောက်ထိအချိန်ယူမှာလည်း ...တစ်နှစ်လား? ဆယ်နှစ်လား? ဒါမှမဟုတ်
ရာသတ်ပန် ဆက်ကြေးယူပြီး အဖမ်းပြနေမှာလား ? ဒါဆို ရန်ကုန်မြို့ကြီးက တရားဥပဒေစိုးမိုးမှု
အတွက် ဘယ်သူတာဝန်ယူမှာလည်း?????အသေအချာစဉ်းစားပါ...ရဲချုပ်ကြီးနှင့်တကွရဲတပ်သားများ