Ads (728x90)

တစ်ရက်တည်းတွင် မြန်မာ၂ဦးသတ်ဖြတ်ခံရ
==========================

နိုဝင်ဘာ     ၁      ကိုတီး

        ဘန်ကောက်မြို့တောင်ဘက် ၈၁ ကီလိုမီတာ ကွာဝေးသော ခြုံဘူလီမြို့နယ် စာတပာစ်မြို့ရှိ  လူကုန်ကုးအများဆုံးဖြစ်သော စဖန်းပါ လှေဆိပ်အနီးတွင် ယမန်နေ့က လူသတ်မှုတစ်ခုဖြစ် ပွားခဲ့ သည်။

            စဖန်ပါလှေဆိပ် ဆိုင်အမှတ် ၆၉/၁၇ အရက်နှင့်ခေါက်ဆွဲ ဆိုင်ရှေ့တွင် အသက်၃၅ နှစ်အရွယ်ခန့် အမည်မသိ မွန်အမျိုးသား တစ်ဦး ဓါးဒဏ်ရာဖြင့်သေဆုံးခဲ့သည်။

      နယ်မြေခံရဲများ စစ်ဆေးချက်အရ ကာရာအိုကေ ဆိုင်တစ်ခုမှ မိန်းကလေး တစ်ဦးအား ကမ္ဘောဒီယား ၃ဦးနှင့် မွန်အမျိုးသား၃ဦး တို့ အကြိုက် က်ခြင်း  တူကြရာမှ အရက်ဆိုင်အတွင်း အငြင်ပွား၍ အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြခြင်းဖြစ် သည်။ 

ကမ္ဘောဒီးယား အုပ်စုကသံတုတ်ဖြင့်ရိုက် ဓါးဖြင့် ထိုးပြီး လှေဆိပ်ဘက် သို့ထွက်ပြေးသွား ခဲ့ကြသည်။

သို့ရာတွင် လူသတ်မှုကိုကျူးလွန်သူ အသက် ၂၀ အရွယ် ကမ္ဘေဒီးယား လူမျိုး နိုင်အိဒနာ အား ၂နာရီခန့်အကြာတွင် ထိုင်းရဲများက ဖမ်းဆီးနိုင်ခဲ့သည်။ 

သူက ၀န်ခံထွက်ဆိုကြောင်း ယမန်နေ့ထုတ် ထိုင်ရပ်ဖေါ်ပြ ထားသည်။
        တရက်ထဲမှာတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် ၁၁၀ ကီလို မီတာ တွင်ရှိသော စူဖန်ဘူလီ မြို့နယ်အတွင်းရှိ ဘန့်နောင်စူ ပိုင်းခြားနယ်မြေ အမှတ် (၁) စဖန်လန်ရပ်ကွက်  အူထေါင်းမြို့ ရှိ  ကျဲဝလန် ငါးရံ့မွေးမြူရေကန် အတွင်း ဧရိယာအတွင်းတွင် လူသတ်မှုဖြစ်ပွားခဲ့သည်။

                သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသောအခါ အရက် ပုလင်းးကွဲ သွေးများ သံတုတ် နှင့် သစ်သားအမာ တစ်ချောင်း ရင် ဘတ်တွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်။

 နီးစပ်ရာများမှ ထွက်   ဆိုချက်အရ သေဆုံးသွား လူမှာ မြန်မာနိုင်ငံ သား မောင်ခင်ဝင်း အသက် ၄၀ နှစ် မောင်ခရေဝင်း အသက် ၄၅ နှစ်သည်  အရက် ထိုင်သောက်နေရာ သို့ ဘင်္ဂါလီ ၅ ယောက် ရောက်လာပြီးစကား များကြသည်။ 

               မြန်မာ ၂ဦးအား အသေသတ်ပြီးနောက်ဘင်္ဂါလီ၅ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြသည်။ တရားခံများအားဖမ်းမိနိုင်ရေးအတွက် သက်ဆိုင်ရာက အပူတပြင်း စုံစမ်းနေကြကြောင်း ယမန်နေ့ထုတ် ထိုင်ရပ်သတင်း တွင် ဖေါ်ပြထားသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...