ကို Anlene Phyoe ရေးသားပေးပို့ တဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ...။
၁၉၉၇ လောက်က ပျည်းမနားနဲ့သာစည်ကြားမှာ ဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ပါ..
အဖေ့ မိတ်တွေ မူဆလင်ဘာသာဝင် ဟာဂျီတစ်ယောက် ရဲ့ကိုတွေ့ ဖြစ်ရပ်တခုပါ..ကျနော်တို့ မိသားစု
ကတော့ ဗုဒ္ဓဘာသာ ကိုးကွယ်ပါတယ်..ဖြစ်ပုံက..အဲဒီနေ့က အဖေ့မိတ်ဆေအပါအပါ အ၀င် မူဆလင် ဘာသာရေး အဖွဲ့တွေ စုစုပေါင်း ငါးယောက် သာစည်ဘတ်ကို ဂျစ်ကားလေးနဲ့ ဘုရားဖူးထွ့က်ကြတာပါ..ကျပ်လာထွက်တယ်လို့သူကပြောပြပါတယ်..ပျည်းမနားနဲ့သာစည် ကြားမှာရောက်တော့ အချိန်က..ည၁၂နာရီ လောက်အချိန်ဖြစ်နေပါပီ
အဲဒီညက လပြည့်ညလဲ ဖြစ်နေတော့ လရောင်ကြောင့် လမ်းဘေး ပတ်လည် လယ်ကွင်းပြင်တွေကို ထင်ထင်ရှားရှားတွေ့နေရပါတယ်
တနေရာအရောက်မှာ ဆင်ပေါက်တကောင်စာလောက်ရှိတဲ့ ကျွဲကြီး ငါးကောင်ကို
အင်မတန် သန်မာထောင်မောင်းတဲ့ ကျွဲကျောင်းသားတစ်ယောက်က
ကြိုးများနဲ့ဆွဲလာတာကို လယ်ကွင်းဘတ်မှာ တွေ့နေရပါတယ်.။.အဲ့
ဒီကျွဲကျောင်းသားနဲ့မလှမ်းမကမ်းမှာလဲ
ဘုန်းကြီးတပါးက သပိတ်ပိုက်ပီးတော့ ဆွမ်းခံကြွလာတဲ့ပုံစံနဲ့
လှမ်းလျှောက်နေပါတယ်...။အဲလို တဖြည်းဖြည်းနဲ့ ကျွဲအုပ်က
ကားလမ်းမပေါ်ကိုဖြတ်ကူးလာပါတယ်.။ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးကလဲ အနောက်ကနေကပ်ပီးလိုက်လို့ပေါ့....။အဖေ့မိတ်ဆွေတို့ကားက အဲဒီကျွဲအုပ်ဖြတ်သွားတဲ အချိန်မှာ ကားကို ဖြည်းညင်းစွာ အရှိန်ကို လျှော့လိုက်ပါတယ်.။ကျွဲအုပ်ဖြတ်ပီးတော့..ကားကို ဆက်မောင်းပါတယ်..။အဲဒီအချိန်မှာပဲ
ကားဘေးနားကို ခုနက သပိတ်ပိတ်ထားတဲ့ ဘုန်းကြီးက ကပ်လျှပ်လိုက်ပါလာပါတယ်...။
အလွန် မြန်တဲ့ အရှိန်နဲ့ပေါ့...လေထဲမှာ လွင့်ပီးပါလာသလိုမျိုးလိုက်ပါလာတာပါ..အဖေ့မိတ်ဆွေက .ဘုန်းကြီးရဲ့မျက်နှာ ကို သေသေချာချာ ကြည့်တော့..မျက်နှာကြီးတော်တော်လေးကိုဖြူစွတ်နေပီး မျက်လုံးက မျက်ဆံမပါပဲ မည်းနက်နေပါတယ်တဲ့..။
အဖေ့ မိတ်ဆွေတွေအကုန်လုံးလန့်ဖြန့် ပီးတော့ သူတို့ဘာသာနဲ့ သတ်ဆိုင်တဲ့ ဘုရားစာတွေကို ရွတ်ဖတ်ကြတော့လဲ မရပါဖူးတဲ့..။
ဘေးနားက နေကပ်လိုက်လာပီး..တဖြည်းဖြည်းနဲ့..ကြီးလာလိုက် ရှည်သွားလိုက် သေးလာလိုက် တိုသွားလိုက်နဲ့...မျိုးစုံခြောက်လှန့် ပါတယ်..။ အဖေ့ မိတ်ဆွေတို့ ဘုရားဖူးအဖွဲ့လဲ ဗြောင်းဆန်လို့ရောပေါ့..အဲဒီအချိန်မှာပဲ ကားရဲ့တဖတ်ကနေ ခွေးနက်ကြီးတကောင် ထပ်လိုက်လာပြန်ပါတယ်...။အဲဒီခွေူးနက်ကြီးကလဲ ကြီးလာလိုက် သေးသွားလိုက်နဲ့ ထပ်ချက်မခွာ လိုက်လံခြောက်လှန့်ပါတယ်...။အဖေတို့အဖွဲ့လဲ ကားကို အရှိန် မြန်နိုင်သလောက်မြန်အောင်မောင်းပီး ထွ့က်ပြေးရပါတယ်...။အဲလိုနဲ့ နေရာအကွာအဝေးတော်တော်ထိလိုက်လားပီးတော့ ..သူတို့နယ်နမိတ်ကုန်သွားတဲ့အချိန်လောက်ရောက်မှ နေရစ်ခဲ့ကြပါတယ်...
တော်တော်ကြောက်လန့်စရာကောင်းတယ်လို့ အဖေ့မိတ်ဆွေကပြောပြပါတယ်...ကျနော်လဲ အဲဒီနားထောင်နေတဲ့အချိန်မှာ ကြက်သီးမွှေးညှင်းများထလောက်အောင်ထိ
ကို ကျောချမ်းခဲ့ပါတယ်...အဲဒီမှာ အဖေ့မိတ်ဆွေက အဖေ့ကိုမေးပါတယ်
။အဲဒီဘုန်းကြီးနဲ့ ခွေးနက်ကြီးက ဘာလဲတဲ့..သူတို့ အယူအရဆိုရင်တော့
ရှိက်တန်လို့ပြောပါတယ်..အဖေကတော့ ဒါဟာ ကျက်ကုန်းမှာ နေတဲ့ ပေတပြိဿာတွေသာ ဖြစ်ကြောင်းပြောပြပါတယ်..ရွာလုံးကျွတ် ရောဂါတခုခုကြောင့်..ပရောဂတခုခုကြောင့်သေဆုံးပီးတော့ မကျွတ်မလွတ်ဘ၀ကိုရောက်နေကျတာဖြစ်ကြောင်းသူ့ကိုပြောပြပါတယ်... အဲဒီနေရာက အခုနေပြည်တော် နားပတ်ဝန်းကျင်လောက်မှာရှိခဲ့တာပါ....
ဇာတ်လမ်းရေးသားပေးပို့သော ကိုAnlene Phyoe ကို အက်ဒမင်များမှ
အထူးကျေးဇူးတင်ရှိပါသည်..။ နောက်လည်း ယခုလို
ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းလေးများ တင်ဆက်ပေးဦးမယ်လို့ မျှော်လင့်ပါသည်....။
Admin:မိုးတိမ် ပုံပြင်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။