မန်ဘာ ကို-ဒဿဂီရိ အချစ်ရှုံးသမား ရေးသားတင်ဆက်သောဇာတ်လမ်း..
ကျနော်အင်ဒိုမှာ ၃ နှစ်ကျော် လောက်နေခဲ့ပါတယ်၊ကျနော်နေခဲ့တဲ့နေရာက
တူးဝါးကျွန်းလို့ခေါာတဲ့ ကျွန်းငယ်လေးပါ။ အဲဒီကျွန်းလေးမှာ ၃
နှစ်ကျော်လောက်နေခဲ့ပါတယ်၊ အင်ဒိုနီးရှားဆိုတာ ကြားဖူးကြတဲ့အတိုင်း
စုန်း၊ကဝေ၊မှော်၊အောက်လမ်း တော်တော်ပေါတဲ့ နိုင်ငံပါ အဲဒီထဲကမှ
အဆိုးဝါးဆုံး အတွေ့အကြုံ တစ်ခုကို ပြောပြပါ့မယ် ကျနော်နေတဲ့
ကျွန်းလေးမှာ ဆေးရုံတစ်ခုပဲရှိပါတယ် ၊ ဘာရောဂါပဲဖြစ်ဖြစ် ဒီဆေးရုံ ၊
ကလေးမွေးလဲ ဒီဆေးရုံ တစ်ကျွန်းလုံးက ဒီဆေးရုံလေးကိုပဲ အားကိုးနေရတယ်၊
တစ်ရက်တော့ အိမ်ကမွေးစားအမေကပြောတယ် သားအိမ်အပြင်မထွက်ပါနဲ့ မနေ့က
ဆေးရုံမှာ ဗိုက်ကြီးသည်တစ်ယောက်ကလေးမွေးရင် မမွေးနိုင်ပဲသေသွားတယ်တဲ့၊ အဲဒီ မိန်းကလေးက သူ့ယောက်ျားက သူကိုယ်ဝန်ရှိမှပြစ်သွားတယ်တဲ့၊ ကလေးမွေးနေတုန်းမှာ အဲယောက်ျားကို တော်တော်စိတ်နာနေတယ်လို့ပြောတယ်
၊ မနက်ပိုင်းလောက်ကစမွေးတာ မမွေးနိုင်ပဲ နေ့လည်ပိုင်းလောက်မှာ
သေသွားတယ်တဲ့ တော်တော်ထူးဆန်းတယ်တဲ့ ညနေစောင်းလည်းရောက်ရော အဲ့ဒီ
မိန်းမရဲ့လက်သည်းတွေရှည်လာတယ်၊ ဆံပင်တွေရှည်လာပီး ကုတင်ပေါ်ကဆင်းပီး
ဆေးရုံအပြင်ကိုထွက်သွားတယ်တဲ့ ၊ အပြင်မှာ တွေ့တဲ့ ယောက်ျားတွေ့ကို
သူ့လက်သည်းရှည်တွေနဲ့လိုက်ကုတ်တယ်၊ ရဲ ၃ ယောက်တောင် ဝင်ဖမ်းတာ အကုတ်ခံရလို့ခုဆေးတင်ထားရတယ်လို့ပြောတယ်
တစ်ညလုံးလျှောက်သွားပီ မိုးလင်းခါနီးမှ ဆေးရုံကိုပြန်လာ သူ့ကုတင်မှာ
ပြန်အိပ်တယ်တဲ့ ၊ ကျနော်က အဲဒီနေ့က အလုပ်ကိစ္စနဲ့
တစ်ခြားကျွန်းကိုရောက်နေလို့မသိလိုက်ဖူး၊
ဖြစ်ပီးနောက်တစ်နေ့မှ အိမ်ကမွေးစားအမေပြောမှသိရတယ် ၊ ကြားကြားခြင်း
ယုံတောင်မယုံနိုင်ဖူး ဒါမျိုး ကြားတောင်မကြားဖူးဘူးလေ ၊ နောက်ပီး အဲ့
ဗိုက်ကြီးသည်မက တော်တော်စွမ်းတယ်ဆိုပဲ အကာအရံတွေဖောက်ဝင်လို့ရတယ်တဲ့ သူ
ကြောက်တာ မှန်တစ်ခုပဲတဲ့ မှန်ကိုင်ထားရင်သူဘာမှ လုပ်လို့မရဖူးလို့ပြောတယ်
ဒါနဲ့ ကျနော်ရယ် အိမ်က ယောက်ျားလေးတွေ ညအိပ်တော့ ဘုရားစာတွေ ရွတ် မှန်
တစ်ယောက် တစ်ချပ် ရင်ဘတ်ပေါ်တင်ပီးအိပ်ခဲ့ရတယ် ၊ နောက်နေ့ မနက်ရောက် တော့
ယောက်ျားလေး ၇ ယောက် ထက်ကုတ် ခံရတယ်၊ ဆရာဝန်တွေလည်း
ဘာလုပ်ရမှန်မသိဖြစ်နေကြတယ် နောက်ဆုံး ရွာက ခရစ်ယာန် အထက်လမ်း
အဖိုးကြီးကပြောပြတယ် သူ မနက်ပိုင်းပြန်လာတုန်း သူ့ဗိုက်ထဲကံလေးကို
ရအောင်းမွေးပေးလိုက်တဲ့ ဆရာဝန်တွေလည်း ဗိုက်ခွဲပီးမွေးပေးလိုက်ရတယ် အဲ့
တော့မှဗိုက်ကြီးသည်မလည်း သေသွားတယ်၊ ခလေးမွေးနေတုန်းမှာ ယောက်ျားကို
နာကျဉ်းစိတ်နဲ့သေသွားတော့ ယောက်ျားတွေကို ကလဲ့စားချေတာ လို့ပဲပြောကြတယ်
အဲတုန်းက ကြောက်လိုက်တာများ နေ့ခင်းပိုင်းတောင် အိမ်မပြင်မထွက်းဖူး
ဘုရားစာပဲ လှိမ့်ရွတ်နေတာ ၊ တော်သေးတာပေါ့ ဗိုက်ထဲက ခလေးထုတ်ပေးလိုက်လို့သာ
၊ ဗိုက်ထဲက ခလေးသာ မထုတ်ရင် ညတိုင်း အပြင်ထွက်ပီး မြင်မြင်သမျှ
ယောက်ျားတွေကို လိုက်သတ်နေမှာ ၊ ဘဝမှာ အဆိုးဝါးဆုံး ကြုံတွေခဲ့တဲ့
အတွေ့အကြုံပါပဲ၊ခုစာရေးနေရင်းကို ပြန်မြင်ယောင်မိတယ်။ ။
ဒီစာဖတ်တဲ့ သူတွေယုံချင်မှယုံမယ် ၊ တစ်ကယ် ကိုယ်တွေ့ ကြုံခဲ့ရတာပါ ။
နောက်ထပ် တွေ့ကြုံခဲ့ရတာတွေကို ထပ်ပြောပြပါ့မယ် အရေးအသားတော့မကောင်းဖူး
ဖတ်ချင်တယ်ဆို ထပ်ရေးပါ့မယ်။
ဇာတ်လမ်းရေးသားတင်ဆက်ပေးသော ကို-ဒဿဂီရိ အချစ်ရှုံးသမား အထူးကျေးဇူးတင်ရှိပါသည်...။
Admin-မိုးတိမ် ပုံပြင်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။