Ads (728x90)




မိဘပြည်သူများခင်ဗျား-
ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ် ပြောကြားတဲ့
အစီအစဉ်မှာ လက်ရှိ ဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင် ပြောင်း
လဲမှု လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေရဲ့ ဖြစ်
ထွန်း တိုးတက်မှုတွေကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
ပထမဦးစွာ အောက်တိုဘာလ ကုန်ပိုင်းမှာ ကျင်းပ ပြုလုပ်လျက်ရှိသ
ည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အစည်းများရဲ့ ခေါင်းဆေ
ာင်များ ပါဝင် တက်ရောက်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေး
ညှိနှိုင်းပွဲကို ကြိုဆိုကြောင်း ပြောကြား လိုပါတယ်။ ဒီဆွေးနွေးပွဲ
ဟာ များမကြာမီ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေတဲ့ တစ်ပြည်လုံး
အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်
လက်မှတ်ရေးထိုးပွဲကို ဦးတည်ကျင်းပ နေကြောင်းလည်း သိရှိရပါ
တယ်။ ဆွေးနွေးညှိနှိုင်းမှုတွေဟာ အပြုသဘော ဆောင်ပြီး ပြည်
သူလူထု တစ်ရပ်လုံး လိုလားနေတဲ့ ရေရှည် ခိုင်မာတဲ့ ငြိမ်းချမ်းရေ
းရရှိရန် ဦးတည်ဆွေးနွေး နေတယ်လို့သိရတဲ့ အတွက်လည်း ကျွန်
တော့်အနေနဲ့ အထူးပင် ဝမ်းမြောက်မိ ပါတယ်။ ရလဒ်ကောင်းများ
ရရှိပြီး တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ
သဘော တူညီချက် လက်မှတ်ရေးထိုးပွဲသို့ လက်နက်ကိုင် တိုင်းရင်း
သား အဖွဲ့အစည်းအားလုံး တက်ရောက်လာရန် ကြိုဆိုလျက်ရှိကြော
င်းကိုလည်း ကျွန်တော့် အနေနဲ့ ဒီနေရာကနေ ထပ်လောင်း ပြော
ကားလိုပါတယ်။
တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘော
တူညီချက် လက်မှတ်ရေးထိုးပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များ
ကို အနည်းငယ် ရှင်းပြလိုပါတယ်။ ရည်ရွယ်ချက်များကတော့ တိုင်း
ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆို ချက်များ
ကို ညှိနှိုင်းဖြည့် ဆည်းပေးလိုခြင်း၊ ရေးထိုးပြီးဖြစ်သည့် အပစ်အ
ခတ် ရပ်စဲရေးဆိုင်ရာ သဘောတ ညီချက် အဆင့်ဆင့်ကို ထပ်ေ
လာင်း အတည်ပြုလိုခြင်းနှင့် လက်မှတ်ရေးထိုးပြီးသည်နှင့် နိုင်ငံေ
ရးဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို စတင်လိုခြင်း
ကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံ
အတည်ပြု ပြောကြားလိုတဲ့ ကိစ္စကတော့ ယခုအကြိမ် ငြိမ်းချမ်းရေး
တည်ဆောက်ရန် ကမ်းလှမ်းခဲ့ခြင်းသည် အပစ်အခတ် ရပ်စဲရေး အ
ဆင့်တွင် ရပ်တန့်ထားရန် မဟုတ်ဘဲ ရရှိထားသည့် အပစ်အခတ် ရ
ပ်စဲရေးများကို အခြေခံပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို တက်
လှမ်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိကြောင်းပင် ဖြစ်ပါတယ်။
လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ် တစ်လျှောက်တွင် ကြိုတင် စည်းက
မ်း သတ်မှတ်ချက်များ ချမှတ်ခြင်းမရှိဘဲ တိုင်းရင်းသားများ၏ အဆြို
ပုချက်အားလုံးကို လက်ခံဆွေးနွေး ခဲ့ကြောင်းကိုလည်း ရှင်းလင်း
ပြောကြား လိုပါတယ်။ ဒီလိုလုပ်ဆောင် နိုင်ခဲ့တဲ့အတွက် တိုင်းရင်း
သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်
ရေး လုပ်ငန်းများ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီ
လိုရရှိ အောင်မြင်ထားတဲ့ အပြန်အလှန် ယုံကြည်မှုကို အခြေခံပြီး
များမကြာမီ ကာလက ဖြစ်ပွားခဲ့သည့် စိတ်မကောင်းဖွယ်ရာ ဖြစ်
ရပ်ဖြစ်သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ဖြေရှင်းရာတွင် သက်ဆို
င်ရာ တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့တ
ာကိုလည်း အများအသိပင် ဖြစ်ပါသည်။ ဒါ့ကြောင့် မိမိတို့ရရှိထားတဲ့
အပြန်အလှန်ယုံကြည်မှုကို အခြေခံပြီး လက်ရှိလိုင်ဇာမှာ ကျင်းပနေ
တဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၏ ဆွေးနွေးညှိနှိုင်းမှုမှတစ်
င့် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အဓိကကျသည့် နိုင်ငံရေး ဆွေးနွေးပွဲမျ
ား စတင်နိုင်ခြင်း အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု
ကျွန်တော့်အနေနဲ့ မျှော်လင့် ယုံကြည်လျက်ရှိကြောင်း ပြောကြား
လိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး ဖြစ်စဉ်နှင့် ပြုပြ
င်ပြောင်းလဲရေး လုပ်ငန်းများကို နှေးကွေးသည်၊ မြန်ဆန်လွန်း
သည် အစရှိသည့် ပြောကြားချက် များသည် ပြောကြားသူတို့၏ ရ
ပ်တည်ချက်၊ ကြည့်မြင်သည့် ရှုထောင့်နဲ့ တိုင်းတာသည့် စံချိန်၊ စံ
ညွှန်းများပေါ်တွင် မူတည်မည် ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်
လျက်ရှိသည့် အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုများ၊ြေ
ပာဆိုငြင်းခုံမှုများ၏ အနေအထားကို သုံးသပ်ကြည့်ရှုပါက မိမိတို့လူ
့အဖွဲ့အစည်းတွင်ရှိရမည့် ဒီမိုကရေစီရေးဆိုင်ရာ အလေ့အကျင့်မျာ
း စတင်ရှင်သန်လာခြင်း ဖြစ်သည်ကို ငြင်းဆို၍ မရသည့် အချက်အ
ဖြစ် တွေ့ရှိရမှာ ဖြစ်ပါတယ်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...