ဖြစ်စဉ်၊၊ ၊၊မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မျက်တန်းလမ်းတွင် နေထိုင်သူ သိန်းဇော်(ခ)ငဇော် ဆိုသူ တရားမ၀င်လောင်းကစားဘော်လုံးပွဲဒိုင်တစ်ဦးဖြစ်ပြီး
ဘိုကုန်းရပ်ကွက် သံလွင်ဈေးအရှေ့ သုံးထပ်တိုက်တွင်နေထိုင်သော ဦးမောင်အေး
၏တူ သိန်းထိုက်အောင်မှ ရရှိရန် ငွေ(၃၀)သိန်း မရရှိသဖြင့် သိန်းဇော်(ခ)အဇော်
က ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲအ့စည်းတစ်ခုဖြစ်သော KPF(ခေါ်)ဟောင်သရော မှ ကိုအောင်နိုင်နဲ့အပေါင်းအပါနှစ်ဦးကို
ခေါ်လာပြီး ၂၇.၂.၂၀၁၃ ညနေ(၆)နာရီအချိန် ၊မော်လမြိုင်မြို့နယ်
ကမ်းနားလမ်းYKKO စားသောက်ဆိုင်အနီးတွင် ဦးမောင်အေး၏တူ
သိန်းထိုက်အောင်နဲ့တွေ့ဆုံ စကားများကြရာမှ သေနတ်ထုတ်ချိန်ပြီး
သေနတ်ဒင်ဖြင့် သိန်းထိုက်အောင်ကို ရိုက်ရာ သိန်းထိုက်အောင်က ရှောင်ကာ
ထွက်ပြေးသွားခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ ဆိုင်ကယ်ကို
အဖွဲ့အစည်းပိုင်ကားပေါ်သို့ယူဆောင်သွားခဲ့ပါသည်၊၊
ယင်းဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဦးမောင်အေးက မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခဲ့ပါသည်၊၊ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်း ဖြစ်သော KPF(ခေါ်)ဟောင်သရော မှ
ဦးမောင်အေးဆီဖုန်းဆက်ကာ ဦးမောင်အေးနေထိုင်သောသုံးထပ်တိုက်ကို ဗုံးနဲ့ဖောက်ခွဲမည်ဟု ထပ်မံချိန်းခြောက်ခဲ့ကြောင်း သိရှိပါသည်၊၊
မော်လမြိုင်မြို့ပေါ်တွင်ဖြစ်ပွါးခဲ့သော ဥပဒေမဲ့ လက်နက်ထုတ်
ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားသော အမှုကို မြို့မစခန်း
ဒုရဲအုပ်ခင်မောင်ဇော်က အမှုစစ်ဖြစ်သော်ငြားလည်း
ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းနဲ့ ထိပ်တိုက်ဖြေရှင်းရမှာကြောက်နေပြီး၊ယနေ့၁၉.၃.၂၀၁၃ နေ့အထိ တရားခံပြေးဖြစ်သော သိန်းဇော်၊ကိုအောင်နိုင်တို့ကို ဆိုင်ကယ်စီးပြီး
သွားလာနေကြောင်း၊ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း၊ဦးမောင်အေးတိုက်အနီးနေထိုင်သော လူများကလည်း ဘယ်နေ့ဘယ်အချိန်ဗုံးလာဖောက်မည်ကို စိုးရိမ်နေကြောင်း၊ဥပဒေမဲ့မင်းမဲ့စရိုက်ကို ရဲအနေနဲ့ အမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်နေကြောင်း.....၊၊
မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်သူ/သားများ
Send By : whitecrow31@gmail.com
မွန်ပြည်နယ်အောင်စရင်း သိချင်ပါတယ်ဗျား
ReplyDeleteအကို မွန်ပြည်နယ်အောင်စရင်းသိချင်ပါတယ်ဗျား
ReplyDeleteမွန်ပြည်နယ်အောင်စရင်း သိချင်ပါတယ်ဗျား
ReplyDelete