Ads (728x90)


ဦးထွန်းမြင့်နိုင်ဆိုရင် သာမန်အားဖြင့်လူတိုင်းသိကြမှာပါ။ Asia World ကုမ္ပဏီရဲ့ဥက္ကဋ္ဌပေါ့ဗျာ။ စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ပါတယ်။ Private အနေနဲ့ Trading ( Export, Import, Distribution ) ၊ Investment (Infrastructure, Hydro Power, Manufacturing, Mining, Property, Hotel, Agriculture ) နဲ့ Services (Project Contracting ) လုပ်ငန်းတွေ လုပ်ပါတယ်။ အစိုးရနဲ့ ဆိုရင်လည်း Construction ( Airport Runway, Airport Terminal , Road & Highway, Buildings, NPT Project) ၊ Timber Contract (Extraction, Transportation, Marketing) နဲ့ Supplies (Heavy Machineries , Construction Material, Industrial Raw Material, Lime stone Aggregates ) လုပ်ငန်းတွေလုပ်ပြီး ပြည်ပကုမ္ပဏီတွေနဲ့လည်း Oil & Gas Exploration (CNOOC) , Urea Fertilizer Factory (HQCEC) , Namaikha, Malikha&MyitSone Hydropower Project (CPI) , Than Lwin Hydropower Project ( Hanergy ), Oil & Gas Pipeline (CNPC) နဲ့ Taninthayi Hydropower Project (Italian Thai) လုပ်ငန်းတွေ လုပ်ပါတယ်။

ဒါက ကျွန်တော်သိသလောက်ပါ။ ဒီထက်လုပ်ငန်းတွေပိုဖို့ပဲရှိပါတယ်၊ နိုင်ငံတော်အတွက် စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့ နိုင်ငံတော်အစီအစဉ်နဲ့ Project လုပ်ငန်းကြီးတွေလုပ်ကိုင်ဖို့ စီမံခန့်ခွဲရသလို ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေ လုပ်သာကိုင်သာရှိတဲ့မူတွေလည်း ချမှတ်လုပ်ကိုင်ရမှာဖြစ်ပါတယ်၊ ဒါမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာပေါ့၊ “ကိုင်းကျွန်းမှီ - ကျွန်းကိုင်းမှီ” ဆိုသလိုပေါ့ဗျာ။

ဒါပေမယ့် တစ်ခုတော့ ပြောလိုပါတယ်၊ ဦးထွန်းမြင့်နိုင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ။ ဘယ်ကလာတာလဲ ၊ မူးယစ်ဆေးဝါးလောကနဲ့ ဘယ်လိုဆက်စပ်ပတ်သက်ခဲ့လဲပေါ့။ နောက်ပြီးယူထားတဲ့ မိန်းမကကောဘာလူမျိုးလဲ၊ ဘယ်နိုင်ငံသားခံယူထားလဲပေါ့၊ အလားတူသမီးကရော ဘယ်နိုင်ငံသားခံယူထားလဲ၊ ဒါဆိုရင် သူစီးပွားရေးလုပ်ငန်းလုပ်လို့ ရလာတဲ့အကျိုးအမြတ်တွေက ဘယ်ကိုစီးဆင်းသွားမလဲ၊ အထူးတလည်တောင် စဉ်းစားစရာမလိုပါဘူး။

လက်ရှိမိုးရာသီမှာ နိုင်ငံတော်တစ်ဝှမ်း ရေဘေးဒုက္ခကြောင့် ရေကြီးခဲ့တဲ့ဒေသကအများပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြတာက ကမ္ဘောဇရဲ့ အလင်းတန်းဖောင်ဒေးရှင်း၊ Max ရဲ့ ဧရာဝတီဖောင်ဒေးရှင်း၊ ထူးကုမ္ပဏီများအုပ်စုရဲ့ ထူးဖောင်ဒေးရှင်း၊ ဝေဠုကျော်ဖောင်ဒေးရှင်း…. အစရှိတဲ့ ကုမ္ပဏီနဲ့ ဖောင်ဒေးရှင်းတွေက အားတက်သရောနဲ့ ပါဝင်ဆောင်ရွက်နေချိန်မှာ Asia World ဆိုတဲ့အသံကတော့ မကြားရသလောက်ပါဘဲ၊ ဒါဆိုရင် အထက်မှာပြောခဲ့သလို နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ ရရှိလာတဲ့ အကျိုးအမြတ်တွေက နိုင်ငံနဲ့လူထုအတွက် လိုအပ်ချိန်မှာ ထည့်စဉ်းစားပေးသလားပေါ့။

ဒီနေရာမှာ နိုင်ငံတော်က တာဝန်ရှိတဲ့သူတွေ အနေနဲ့လည်း သတိထားသင့်ပါတယ်၊ အခုကျွန်တော်ပြောလိုတာက ရန်ကုန်လေဆိပ်နဲ့ ပတ်သက်တဲ့ Airport Operator ကိစ္စပါ။

ဒီမှာ ဆက်စပ်လို့ ဟံသာဝတီလေဆိပ်စီမံကိန်း ကိစ္စက စပြောပါမယ်၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ခြင်းနဲ့ အပြည်ပြည်ဆိုင်ရာ/ ပြည်တွင်းလေဆိပ်တွေမှာ ပုဂ္ဂလိကကဏ္ဍက ပါဝင်ဆောင်ရွက်နိုင်ဖို့ အတွက် DCA က ၂.၇.၂၀၁၂ ရက်နေ့မှာ DCA (မင်္ဂလာဒုံ)မှာရှင်းလင်းပွဲလုပ်ခဲ့ပြီး ညွှန်ချုပ်ကိုယ်တိုင် ရှင်းလင်းပြောကြားမှုတွေလုပ်ခဲ့ပါတယ်။

အချုပ်အားဖြင့် လက်ရှိ ရန်ကုန်လေဆိပ်မှာ တစ်နှစ် ခရီးသည် ၂.၇ သန်း Handle လုပ်နိုင်ပေမယ့် ၆/၂၀၁၂ ကုန်အထိခရီးသည် ၁.၂၃ သန်းဝင်ရောက်ပြီး လက်ရှိနှုန်း ၂၃.၂၈ % အတိုင်း တိုးတက်နေရင် ၁၂/၂၀၁၂ နှစ်ကုန်မှာ ခရီးသည် ၃ သန်းခန့် ဝင်ရောက်နိုင်ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ ၅.၄ သန်းအထိ ၀င်ရောက်နိုင်ကြောင်းနဲ့ ၊ ရန်ကုန်လေဆိပ်အနေနဲ့ အစွမ်းကုန် တိုးချဲ့ တာတောင် ၅.၄ သန်းထက် ပိုပြီးလက်ခံလို့ မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းပါ။

အဓိက ကတော့ ရန်ကုန်မြို့အနီး ၂၀၃၀ ခုနှစ်အထိ ဈေးကွက်လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်နိုင်တဲ့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်တစ်ခုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအပြီး ဆောင်ရွက်နိုင်ဖို့ ပေါ့ဗျာ။

DCA က Project စလုပ်ကတည်းကစနစ်တကျပါဘဲ၊ ကော်မတီတွေ (Prequalification Appraisal, Committee, Tender Evaluation Committee, Tender Selection Committee) ဖွဲ့စည်းတယ်၊ Prequalification အတွက် ၉.၉.၂၀၁၂ ရက်နေ့နောက်ဆုံးထားပြီးဖိတ်ခေါ်တယ်၊ (၂)ပတ်အတွင်း Prequalified Firms တွေရွေးတယ်၊ ၂၀၁၂ ခုနှစ် စက်တင်ဘာလနောက်ဆုံးအပါတ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမယ်၊ အောက်တိုဘာလပထမအပါတ်မှာ Qualify ဖြစ်တဲ့ Firms တွေကိုအသိပေးအကြောင်းကြားမယ်၊ Qualify ဖြစ်ထားတဲ့သူတွေကတင်ဒါတင်သွင်းမှုတွေကို ၂၀၁၂ခုနှစ်ဒီဇင်ဘာလ ဒုတိယပါတ်အတွင်း လုပ်မယ်။

Evaluation Selection ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း အပြီးလုပ်မယ်၊ Successful Tenderer နဲ့ MOU ထိုးဖို့၊ ဆွေးနွေးညှိနှိုင်းဖို့နဲ့ Contract အကြမ်းထွက်ဖို့ ၂၀၁၃ ဖေဖော်ဝါရီ အပြီးလုပ်မယ်။ MIC ခွင့်ပြုမိန့်ရဖို့ ၂၀၁၃ မေလအတွင်းဆောင်ရွက်ပြီး အစိုးရအဖွဲ့ကိုမေလအတွင်းမှာပဲတင်ပြမယ်။ ဇွန်လမှာ Contract လက်မှတ်ထိုးပြီးတည်ဆောက်ရေးလုပ်ငန်းတွေ ၂၀၁၃ ဇွန်လကနေ ၂၀၁၆ ဒီဇင်ဘာအပြီးဆောင် ရွက်မယ်ပေါ့ဗျာ။ အတော်လေးကိုစနစ်တကျလုပ်ခဲ့တာပါပဲ။

သတ်မှတ်တဲ့အဆင့်တွေအတိုင်းလုပ်ခဲ့တာ Successful Tenderer ကြေငြာခဲ့တဲ့အထိ အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ပါပဲ။ နောက်ပိုင်း Successful Tenderer (Incheon Airport –Korea) နဲ့ဆွေးနွေးတဲ့အချိန်မှာဘယ်လိုပဲညှိနှိုင်းကြပေမယ့် အဆင်မပြေတော့ အရန်အနေနဲ့ ရွေးချယ်ထားတဲ့ Yongnam – CAPE –JGC ကုမ္ပဏီနဲ့လည်းဆက်ပြီးဆွေးနွေးပါတယ်။

ဒါပေမဲ့ အခုအချိန်အထိအဆင်မပြေဘဲ၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ်စီမံကိန်း (၄)နှစ်ရွှေ့ဆိုင်းတယ်ဆိုတဲ့သတင်းကို Reuters သတင်းဌာနက ၂၈.၈.၂၀၁၅ ရက်နေ့မှာဖော်ပြထားလို့ ဖတ်လိုက်ရပါတယ်။

ဒီသတင်းဖတ်လိုက်ရတဲ့အတွက် ဒီစာကို ရေးဖြစ်တာပါ။ အဓိကကတော့ နိုင်ငံတော်စီမံကိန်း ကြီးတစ်ခုအနေနဲ့ စနစ်တကျလုပ်နေခဲ့တာ၊ ဘာကြောင့်ဒီလိုဖြစ်သွားရလဲပေါ့။

ဟံသာဝတီလေဆိပ်စီမံကိန်းနဲ့ တစ်ချိန်တည်းမှာပဲ ရန်ကုန်လေဆိပ်တိုးချဲ့ရေး စီမံကိန်းအတွက်လည်း တင်ဒါတွေခေါ်ယူခဲ့ပါတယ်။ ထုံးစံအတိုင်း ဦးထွန်းမြင့်နိုင်ရဲ့ Asia World ကုမ္ပဏီဘဲပေါ့။ Pioneer Aerodrome Services ကုမ္ပဏီနာမည်နဲ့ပါ။ တင်ဒါမှာတုန်းကအဆင့်(၁)နဲ့ ရတဲ့သူတွေကိုကျော်ပြီးရအောင် အစွမ်းပြနိုင်ခဲ့တဲ့သူပေါ့။

သိရတာကတော့ သမ္မရုံးဝန်ကြီးဦးစိုးသိန်းရဲ့ Favor နဲ့ဆိုပဲ။ နေပြည်တော်လေဆိပ်မှာ တာဝန်ယူပြီး လုပ်ပေးနေရတာ ရှုံးနေလို့ ပြန်ကြည့်ပေးလိုက်ပါပေါ့။ ဦးစိုးသိန်းနဲ့တော့ တော်တော်အဆင်ပြေတယ်လို့ ကြားရတယ်။ ဆက်ပြီးဖော်ပြမယ့်သတင်းတွေအရလည်းဒီလိုပြောရတာပါ။ ရန်ကုန်လေဆိပ်တိုးချဲ့ ရေးစီမံကိန်းတွေလုပ်ရင်း တစ်ဖက်ကလည်း Airport Operator ပေါ့ဗျာ။

ဒီနေရာမှာဒီတရုတ်ရဲ့အကြံကဘယ် လောက်ကြီးလဲဆိုရင် DCA က တာဝန်အရှိဆုံးသူတွေက ရန်ကုန်လေဆိပ်အနေနဲ့ အစွမ်းကုန်တိုးချဲ့ရင်လည်း ခရီးသည် ၅.၄သန်းထက်ပိုပြီး handle မလုပ်နိုင်ဘူးဆိုပေမယ့် သူကခရီးသည် သန်း (၂၀)လောက်အထိ ရ အောင်လုပ်နိုင်ပါတယ်ဆိုပြီး တင်ပြတော့တောပဲ။

လေဆိပ်က Custom ဂိုဒေါင်တွေ၊ လေယာဉ်ရုံတွေ ရွှေ့ပေါ့ဗျာ။ လေယာဉ်ပြေးလမ်း တစ်လမ်းပါ ထပ်တိုးပြီး ပြည်လမ်းက ကားလမ်းကိုတောင် underground က ဖောက်ပေးမယ်ဆိုပဲ။ ဒီ planကို ပို့ဆောင်ရေးဝန်ကြီးတင်တော့ ၀န်ကြီးကတော့ တစ်ချို့လုပ်ငန်းတွေက MIC Approval နဲု့လုပ်ထားတာဆိုတော့ သတ်မှတ်တဲ့ဘောင်အတွင်းကသွားပြီး ဟံသာဝတီလေဆိပ်ကို မဖြစ်ဖြစ် အောင် အကောင်အထည်ဖော်လိုတဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ ဦးထွန်းမြင့်နိုင် ပဲလေ။ သူ့ရဲ့ Plan Proposal ကိုဦးစိုးသိန်း လက်ထဲထည့်ပြီး ဖြစ်အောင်လုပ်တာပေါ့။

သိတယ်မို့လား၊ ဦးစိုးသိန်းဆိုတာကရောဘာလဲ။ သူ့သမီး နိုင်ငံခြားသွားပြီးကျောင်းတက်တာတောင် လူသိမခံရဲတော့ သူရေတပ်မှာရှိနေစဉ်ကာလက သူ့ရေတပ်အရာရှိတွေဆို ရင်းနှီးတဲ့သူတွေတောင် ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောရဲဘူးစကားမစရဲဘူး။

စက်မှုဝန်ကြီးလုပ်နေရာကနေ အခြေအနေမကောင်းတာ့ သမ္မတရုံးဝန်ကြီးတက်လုပ်၊ စီးပွားရေးပိုင်းဆိုင်ရာအဓိကကိုင်။ “လာထားပေါ့” ၊ တကယ်တော့ သူတာဝန်ယူထားတဲ့ ကာလမှာ နိုင်ငံအတွက် ဖြစ်မြောက် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ဘယ်နှစ်ခုလုပ်နိုင်ခဲ့လဲ။ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူထုကအသိဆုံးဖြစ်မှာပါ။ ဒါတောင် ရွေးကောက်ပွဲဝင်မယ်ဆိုပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း ပေးထားတာတွေ့နေရပြန်ပြီ။ လူထုမေတ္တာခံယူဦးမယ်ပေါ့။

အထက်ကလေဆိပ်ကိစ္စပြန်ဆက်ရရင် ဦးစိုးသိန်းကသမ္မတကို ဘယ်လိုရအောင်ပြောခဲ့လဲတော့ မသိဘူး။ ချီးကျုးရမယ်၊ ဦးထွန်းမြင့်နိုင်တို့ ရှန်ပိန်ဖွင့်ပွဲလာတော့မယ်ပေါ့။ စဉ်းစားကြည့်ပါ လူထုကြီးရယ်၊ DCA မှာ တစ်သက်လုံးလုပ်လာခဲ့တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ တွက်ချက်မှုတွေ၊ ဖွံ့ဖြိုးလာမယ့် နိုင်ငံတော်အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် လိုအပ်မှုတွေကဦးစိုးသိန်းလုပ်ချက်နဲ့ သဲထဲရေသွန် ဖြစ်မသွားဘူးလား။

ကျွန်တော်တို့ အိမ်နီးချင်းထိုင်းနိုင်ငံကိုပဲ ကြည့်ပါ။ ဒွန်းမောင်းလေဆိပ်ဆိုတာ ရန်ကုန်လေဆိပ်ထက် ဘယ်နှစ်ဆကြီးသလဲ။ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး။ ဒါတောင် သုဝဏ္ဏဘူမိလေဆိပ်သစ်ကြီး ထပ်ပြီးဆောက် တာ၊ operation လုပ်တာ ဘယ်လောက်အောင်မြင်နေလဲ။ မျက်မြင်ကိုယ်တွေ့တွေပါ။

လေဆိပ်သစ်ဆောက်ဖို့ ODA Loan တွေ့ရဖို့ ကြိုးစားရမှာက နိုင်ငံတော်ရဲ့တာဝန်ရှိသူတွေ မဟုတ်ဘူးလား။ ဒါကအခြေခံလူတန်းစားရဲ့ လိုအပ်ချက် (ကားလမ်း/ ရထားလမ်းဖေါက်လုပ်ခြင်းလို) မှ မဟုတ်တော့ နိုင်ငံတော်က တာဝန်ခံပြီး ချေးမှ ရမှာပေါ့။ Successful Tenderer ကုမ္ပဏီရဲ့ တာဝန်လို့ ပြောလို့ မရပါဘူး။ G 2 G ဘဲလုပ်ရမှာပေါ့။

အခုတော့ စီးပွားရေးသမားတစ်ယောက်ရဲ့အိတ်ကပ်ထဲရောက်ပြီး
နိုင်ငံ့မျက်နှာမကြည့်ဘဲ၊ ဘယ်သူ့ အတွက် ကြည့်နေတာလဲ။ “သူလား၊ ငါလား” ပေါ့ဗျာ။ MIC Approval နဲ့ လုပ်နေတာတွေ ဘေးချိတ်၊ MIC နဲ့ Approve လုပ်ပြီးမှ အစိုးရကလုပ်ချင်သလိုလုပ်နေတယ်ဆိုရင် ဘယ်နိုင်ငံခြားရင်းနှီးမြှပ်နှံ မှုတွေကလာတော့မှာလဲ။ ဒါတွေကော မစဉ်းစားဘူးလား။ နိုင်ငံနဲ့လူထုအတွက်တော့ ရင်လေးစရာဘဲ။

အပိုင်း(၂) ဆက်ရေးပါဦးမည်။

ဆားပုလင်းသာဂိ

မှတ်ချက်။ Credit by message ပေးပို့လာသူ ဦး ........................

သတင်းနှင့် နည်းပညာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^  

 ကြိုက်တယ်ဆို Like ;)  
သဘောကျတယ်ဆိုရင် Share ;) 
 ပြောချင်တာလေးတွေရှိရင် Comment ;)

  ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^

  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...