Ads (728x90)


ဦးထွန်းမြင့်နိုင်က ရန်ကုန်လေဆိပ် Operator အနေနဲ့ လေဆိပ်တိုးချဲ့လုပ်ငန်းတွေ လုပ်နေရင်း တစ်ဖက်မှာ သူ့အတွက် ရနိုင်သမျှ အကျိုးအမြတ်တွေ ဘယ်ကနေဘယ်လို ထုတ်ရမလဲဆိုတာ အမြဲကြံနေတဲ့သူပါ။ မူလက ROI (Return on Investment) ကို ကာလတစ်ခုနဲ့ တွက်ခဲ့ပေမယ့် တစ်ဖက်က ဟံသာဝတီလေဆိပ်ကိစ္စ မဖြစ် အောင်၊ နှောင့်နှေးအောင် အစိုးရအနေနဲ့ ODA Loan တွေ မရနိုင်အောင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ပေါင်းပြီး ကြံစည်ပုံရပါတယ်။

ဦးစိုးသိန်းကလည်း သမ္မတကို သူ့အနေနဲ့ အားလုံးအဆင်ပြေအောင် လုပ်ပေးနိုင်ပါတယ်ဆိုတဲ့ အနေအထားနဲ့ ပြောထားပေးတယ်လို့ ယူဆရမလောက်ပါဘဲ။ ဒီတော့ ဦးထွန်းမြင့်နိုင်တို့ ဂွင်ပဲပေါ့။ တစ်နှစ်တစ်နှစ် ဒေါ်လာသန်း ရာချီပြီးရမယ့် အကျိုးအမြတ်တွေလေ။

လေဆိပ်မှာ ရှိနေတဲ့ဆိုင်တွေ အားလုံးကို ခေါ်တွေ့တယ်။ နေရာရွှေ့ရမယ်။ ဈေးနှုန်းတွေ တိုးတောင်းမယ့် အစီအစဉ်တွေ အပါအ၀င်ပေါ့။ သူတိုးပြီးတောင်းမယ့် ငှားရမ်းခတွေက သာမန်အားဖြင့် လက်ရှိ လေဆိပ်မှာ ရှိနေတဲ့ ဆိုင်တွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အကျိုးအမြတ်ရဖို့ အနေသာချည်း၊ သူ့ပေးရမယ့် ဆိုင်ခန်းခရအောင်ရှာဖို့ဆိုတာတောင် မလွယ်လောက်ဘူး။ ဒါကလည်း သူ့အကြိုက်ပါ။ ဆိုင်ခန်းခ အဆင်မပြေလို့ မငှားရင် သူ့စိတ်ကြိုက်၊ သူ့စီးပွားဖက် တရုတ်တွေကိုထည့်ဖို့ အစီအစဉ်ဖြစ်မှာပါ။ လေဆိပ် ကရှိတဲ့ ဆိုင်လေးအပေါ် အဓိက ရပ်တည်နေရတဲ့ မြန်မာတိုင်းရင်းသားပိုင် လုပ်ငန်းငယ်လေးတွေကတော့ နောက်ပိုင်းတွေ့ဖို့ မလွယ်လောက်တော့ဘူး။

ဆိုင်တွေရဲ့ လက်ရှိအခြေအနေက Arrival ဆိုင်တွေ အရောင်းပါးပြီး Departure ဆိုင်တွေလောက်ပဲ ရောင်းရတဲ့အနေအထားပါ။ ဒါ့အပြင် လေဆိပ် စီမံခန့်ခွဲရေးကုမ္ပဏီ Pioneer Aerodrome Services က လက်ရှိဖွင့်ထားတဲ့ ကုမ္ပဏီတွေကို ၂၀၁၅ ဇွန်လအထိပဲ တရားဝင် ငှားရမ်းစာချုပ်ချုပ်ထားခဲ့ပြီး ဇူလိုင်လအထိ ဆိုင်ခန်းခကို လစဉ်ငွေတောင်းခံလွှာနဲ့ပဲ တောင်းခံခဲ့ပါတယ်။

၂၀၁၅ခုနှစ်၊ ဇူလိုင် (၁၀)ရက်နေ့၊ နေပြည်တော်၊ စီးပွား ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ လုပ်ခဲ့တဲ့ အကောက်အခွန်လွတ် အရောင်းဆိုင်တွေ သက်တမ်း တိုးဖို့ကိစ္စကို တင်ပြဆွေးနွေးခဲ့ကြပေမယ့် Pioneer Aerodrome Services က ဒီနေ့အထိ စာချုပ်ချုပ်ဆိုမှု မလုပ်သေးပါဘူး။

ဒီလောက်ဆိုရင် Pioneer Aerodrome Services ရဲ့ လုပ်ကွက်ကို မြင်နေရပါပြီ။ Yangon International Airport Extension Building ဘက်မှာ ဆိုင်ခန်းငှားဖို့ကိစ္စတွေ စုံစမ်းကြည့်ပြန်တော့လည်း ဘယ်ကုမ္ပဏီမှ မပေးထားပဲ၊ International Duty Free Operator နဲ့ ချိတ်ဆက်ထားတယ်လို့ သိရပြန်ပါတယ်။

တစ်ခြား Souvenir ဆိုင်နဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေကိုကျတော့ တစ်မျိုးတစ်ဘာသာ။ နှစ်ပတ်အတွင်း အချက်အလက်တွေ တင်ပေးရမယ်လို့ အီးမေးလ် ပို့တယ်။ ဆိုင်ရဲ့ 3D ဒီဇိုင်း၊ ရောင်းချမယ့်ပစ္စည်းစာရင်း၊ ငှားရမ်း လိုတဲ့အကျယ်အ၀န်း၊ offer ပေးမယ့် ငှားရမ်းခ (US$)၊ % of Revenue Share ဘယ်လောက် ပေး သွင်းမယ်။ ဒါတွေအားလုံး နှစ်ပတ်အတွင်း တင်ပေးကြ။

နောက်တစ်ချက်ထပ်ပြောရရင် လက်ရှိအဆောက်အအုံ့မှာ DFS Duty Free (ဟောင်ကောင်) လာဦးမယ်လို့ သိရတဲ့အချက်ပါပဲ။ အစဉ်အလာရှိခဲ့တာက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆိုင်ခန်းအသစ်ဆို တင်ဒါ စနစ်နဲ့ပဲ သွားခဲ့တာပါ။ Departure Lounge မှာ ၂၀၁၅၊ဇူလိုင်ကစပြီး Three Seasons Café, Arrival Lounge မှာ Ooredoo Counter စသဖြင့် ဖွင့်လှစ်ခဲ့တာတွေရှိပါတယ်။

ဟောင်ကောင်က DFS က လက်ရှိအဆောက်အအုံမှာ လာဖွင့်မယ့်သတင်းသေချာရင်တော့ Pioneer Aerodrome Service ကို ဝေဖန်စရာဖြစ်သွားပါပြီ။ လေဆိပ်ရဲ့အစဉ်အလာ တင်ဒါစနစ်ကို ဂရုမစိုက်ဘဲ ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့လုပ်ရပ်လို့ ပြောရတော့မှာပါပဲ။

မေးရမယ့်မေးခွန်းက နိုင်ငံခြားသားအနေနဲ့ Duty Free လုပ်ကိုင် ခွင့်ရှိမရှိ၊ အဲဒီလုပ်ငန်းကို စိတ်ဝင်စားတဲ့ ဘယ်သူမဆို တင်ဒါစနစ်နဲ့ပဲ ၀င်ရောက်လုပ်ကိုင်သင့် တယ် မဟုတ်လား။

ဒီပုဂ္ဂလိက တစ်ဦးချင်းပိုင်တဲ့ ဆိုင်လေးတွေ မပြောနဲ့ Myanmar National Airways ရဲ့ လေယာဉ်တွေထားတဲ့ Hanger တွေနဲ့ Custom က ဂိုဒေါင်တွေပါ ရွှေ့ရမယ့် အစီအစဉ်ထဲ ထည့်ထားပြီး ဦးစိုးသိန်းအမိန့်နဲ့ ငြင်းဆန်လို့ မရအောင် လုပ်ထားတော့ ဆိုင်ခန်းငယ်လေးတွေ ဖယ်ပစ်မဲ့ ကိစ္စကတော့ အသေးအဖွဲပေါ့။

အဲဒီအချက်တွေထက်ပိုဆိုးတဲ့သတင်းကတော့ ရွေးကောင်ပွဲကာလမတိုင်မီမှာ နှစ်(၃၀)စာချုပ်နဲ့ Yangon International Airport ကို လက်လွှဲယူမယ့်သတင်းပါပဲ။

ဒီနေရာမှာ အချို့ပုဂ္ဂလိက လုပ်ငန်းတွေက MIC Permit နဲ့ လုပ်ထားတဲ့ ဒီအတိုင်းတော့ ငြိမ်ခံနေကြမယ် မထင်ဘူး။ တိုင်းပြည်တိုးတက်လိုစိတ်နဲ့ အဓိက သူတို့လုပ်ငန်းတွေအတွက် မဟုတ်ဘဲ နိုင်ငံတော်အတွက် ရပ်တည်ကြလိမ့်မယ်လို့ ယူဆရပါတယ်။ အစိုးရအဖွဲ့အစည်း (ကတ်ဘိနက်)ရဲ့ ခွင့်ပြုချက်တွေနဲ့ MIC Permit တွေ ထုတ်ပေးရတာဆိုတော့ ဒါကို ငြိမ်ခံလိုက်ရရင် နိုင်ငံခြားကုမ္မဏီကြီးတွေက နိုင်ငံအတွင်း ၀င်ရောက်ရင်းနှီးမြှုပ်နှံမဲ့ စီးပွားရေးအခွင့်အလမ်းတွေအတွက် ထိခိုက်နိုင်မယ်။

နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှာတွေက အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်တဲ့ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးလုပ်မယ့် စည်းမျဉ်း စည်းကမ်းတွေအပေါ် အယုံအကြည်မဲ့ပြီး လာရောက်ရင်းနှီးမြုပ်နှံမှုတွေ ရပ်တန့်သွားရင် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အခက်အခဲ ရှိလာနိုင်တာကြောင့် တိုင်းပြည်နဲ့လူထုအတွက် ဦးစိုးသိန်းတို့ ဦးထွန်းမြင့်နိုင်တို့နဲ့တော့ တစ်ပွဲတစ်လမ်း နွှဲကြဦးမယ် ထင်ပါတယ်။

ဦးစိုးသိန်းနဲ့ ဦးထွန်းမြင့်နိုင်တို့လဲ အမြင်မှန် ရကြပါ။ တိုင်းပြည်နဲ့ လူမျိုးရဲ့မျက်နှာကိုကြည့်ပါ။ ကိုယ့်တစ်ဘို့ထဲ မကြည့်ကြပါနဲ့။ ဦးစိုးသိန်းလဲ NLD က ပြောပြောနေတဲ့ Source of income ဆိုတဲ့ စကားတွေကို မမေ့ပါနဲ့။ လက်ရှိပိုင်ဆိုင်တာတောင် သားစဉ်မြေးဆက် အဆင့်အတန်းရှိရှိ နေသွားနိုင်တဲ့ အနေအထားမှာ ရှိနေတာ ဒီထက်ပိုပြီး လောဘ မတက်ပါနဲ့။

ကျွန်တော့်အနေနဲ့ စီးပွားရေးသမားချင်း အဆင်မပြေတာ မတွေ့လိုသလို နိုင်ငံနဲ့အစိုးရအပေါ် ပြည်ပက ယုံကြည်မှုတွေ ကင်းမဲ့ပြီး ၀င်လာဖို့ အစီအစဉ်ရှိတဲ့ အရင်းအနှီးတွေ ရပ်တန့်သွားလို့ တိုင်းပြည်စီးပွားရေး ကျဆင်းသွားမှာကိုလဲ မလိုလားတဲ့အတွက် ဒီစာကို ရေးရခြင်း ဖြစ်ကြောင်းဆိုရင်း အပိုင်း(၂)ကို နဂုံးချုပ်ပါတယ်။

ဆားပုလင်းသာဂိ

သတင်းနှင့် နည်းပညာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^  

 ကြိုက်တယ်ဆို Like ;)  
သဘောကျတယ်ဆိုရင် Share ;) 
 ပြောချင်တာလေးတွေရှိရင် Comment ;)

  ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^ ^_^

  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထူးဆန်းထွေလာနှင့်စိတ်ဝင်စားဖွယ်ရာများ - Amazing Myanmar added 3 new photos.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...