Ads (728x90)


ထူးကုမ္ပဏီများအုပ်စုနှင့် ထိုင်းနိုင်ငံရှိ The Zoological Park Organization တို့ ယနေ့ သြဂုတ်လ(၁၅)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှုတို့ အတွက် နားလည်မှုစာချွန်လွှာရေးထိုးပါသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲကို The Zoological Park Organization မှ Chairman Assoc: Prof: Perntep Ratanakorn (DV.M), Deputy Director General Mr.Sumate Kamolnorranath, Dr.Boripat , Dr.Visit တာဝန်ရှိပုဂ္ဂိုလ်များနှင့် Htoo Group of Companies မှ ဥက္ကဌ အကြံပေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဦးမြင့်ဆွေ၊ အကြံပေးအဖွဲ့ဝင် ဦးသိန်းဆွေ၊ Htoo Zoos & Gardens Business Unit မှ Deputy Managing Director ဦးရန်မင်းနိုင် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။


ယနေ့ပြုလုပ်ခဲ့သော နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် ထူးကုမ္ပဏီများအုပ်စုကိုယ်စား ဦးဌေးလွင် (Executive Director- Chairman office)မှ လက်မှတ်ရေးထိုးခဲ့ပြီး The Zoological Park Organization under Royal Patronage of H.M. the King, Thailand ၏ Mr. Benjapol Narkprasert (Director General ) မှ ရေးထိုးခဲ့ပါသည်။

အဆိုပါ Zoological Park Organization သည် ထိုင်းသဘာဝ အရင်းအမြစ်နှင့် ပတ်ဝန်းကျင် ၀န်ကြီးဌာန လက်အောက်ရှိ အစိုးရပိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်များ စုဆောင်း ထိန်းသိမ်းမှုအတွက် တာဝန်ယူ လုပ်ဆောင်နေသည့် အဖွဲ့ ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် ၄င်းအဖွဲ့၏ ကွပ်ကဲမှု လက်အောက်၌ ထိုင်းတိရိစ္ဆာန် ဥယျာဉ်ပေါင်း (၇)ခုရှိကြောင်းလည်း သိရှိ ရပါသည်။

Post By : 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...