Ads (728x90)






Ref: Fortafy

Aung Ko Htet (M.D.K)

#aungkohtet_mdk




Weed သို့မဟုတ် ဆေးခြောက်ကို စတင်ရောင်းချတော့မဲ့ မာဘိုရို
------------------------------------------------------------------------------
မြန်မာ အခေါ် Weed သို့မဟုတ် ဆေးခြောက်ကို ဆေးလိပ်ပုံစံဖြင့် အမေရိကန်နိုင်ငံ မြို့ လေးခုမှာ ၂၀၁၇ မေလ ၁ ရက်နေ့ကနေ စတင်ရောင်းချတော့မှာဖြစ်ပါတယ်။ ရောင်းချခွင့်ပြုတဲ့ မြို့လေးခုကတော့ ဝါရှင်တန်၊ အော်ရီဂွန်၊ ကိုလိုရာဒို နဲ့ အလက်စ်ကာ မြို့တို့ဖြစ်ပါတယ်။
ပြီးတော့ အခုလို ဆေးခြောက်ကိုလည်း မာဘိုရို ဆေးလိပ် company တစ်ခုတည်းက ရောင်းချခွင့်ရရှိသေးတာဖြစ်ပါတယ်။ ဒါ့အပြင် တဆင့်ခံ ပြန်ရောင်းချချင်သူတွေကိုလည်း ရောင်းချခွင့်ပြုမှာဖြစ်ပါတယ်။ လက်ရှိ ဥပဒေအရတော့ မာဘိုရို ဆေးလိပ်ဗူးတစ်ခုတည်းနဲ့သာ ထုတ်လုပ်ရောင်းချခွင့် ရရှိအုံးမှာဖြစ်ပါတယ်။ အဆိုပါ ဆေးခြောက် ဆေးလိပ်တစ်ဗူးကိုတော့ အမေရိကန် ဒေါ်လာ ၈၉ ဒေါ်လာနဲ့စတင်ရောင်းချမှာလည်းဖြစ်ပါတယ်။
ဒီဆေးလိပ်ဗူးကို ဝယ်ယူတဲ့သူဟာလည်း အသက် ၂၁ နဲ့ အထက်လူတွေကိုသာ ရောင်းချမှာဖြစ်ပြီး အသက်ပြည့်ကြောင်း သက်သေ အထောက်အထားများဖြစ်တဲ့ အစိုးရက ထုတ်ပေးတဲ့ ID တွေနဲ့ ပြသဝယ်ယူရမှာဖြစ်ပါတယ်။
Ref: Fortafy
Aung Ko Htet (M.D.K)
#aungkohtet_mdk

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...