Ads (728x90)




ကမ္ဘာပေါ်တွင် လေးနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံးနိုင်ငံများစာရင်း၌ မြန်မာနိုင်ငံက အဆင့် (၄) တွင် ရပ်တည်နေကြောင်း ကမ္ဘာ့ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၁၄ မှ ၂၀၁၇ အထိ နှစ် အလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံတွက်ချက်ရာတွင် စီးပွားရေးတိုးတက်မှု အများဆုံး နိုင်ငံမှာ အီသီယိုးပီးယား နိုင်ငံ ဖြစ်ပြီး ယင်းနောက်တွင် တာမင် နစ်စတန်၊ ကွန်ဂို၊ မြန်မာ၊ ဥဇ ဘက်ကစ္စတန်တို့က အစဉ်လိုက် ရပ်တည်နေသည်။
အရှေ့တောင်အာရှ၏ အ ဆင်းရဲ အနွမ်းပါးဆုံး နိုင်ငံတစ်ခု အဖြစ် ရပ်တည်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာ နိုင်ငံတွင် စီးပွားရေးကဏ္ဍကို အခြေခံမှ ပြုပြင်ပြောင်းလဲမှုများ ရှိလာပြီး ကမ္ဘာ့စီးပွားရေး နယ်ပယ်တွင် တစ်ကျော့ပြန်ဝင်ဆံ့ရန် အားထုတ် ကြိုးစားလာသည်။ မြန်မာနိုင်ငံတွင် ငယ်ရွယ်နုပျို သည့် လုပ်သား အင်အားနှင့် သဘာဝ သယံဇာတ ရင်းမြစ်များ ပိုင်ဆိုင်ထားခြင်းက နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများစွာကို ဆွဲဆောင်လျက် ရှိသည်။
သို့သော်လည်း နိုင်ငံသား အများစု၏ နေထိုင်မှု အဆင့်အ တန်းမှာ လက်ရှိအချိန်ထိ ထင် ထင်ရှားရှား တိုးတက်ကောင်းမွန်လာမှု မရှိသေးချေ။ ၂၀၁၄ မှ ၂၀၁၇ ထိ မြန်မာ၏ ခန့်မှန်း ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ၈ ဒသမ ၃ ရာ ခိုင်နှုန်း ဖြစ်သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန် မြင့်တက်မှု စံနှုန်းကို တိုင်းတာရာတွင် တရုတ် နိုင်ငံသည် စံပြုစရာ ဦးဆောင်သူအဖြစ် ရှိခဲ့သည်။ အရှေ့အာရှရှိ နိုင်ငံကြီး၏ စီးပွားရေးဖွံ့ဖြိုးမှု မြန်ဆန်ခြင်းနှင့်အတူ ကမ္ဘာပေါ် တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အင်အားစုကြီးအဖြစ်ပါ ရပ်တည် လာနိုင်ခဲ့သည်။
သို့သော် ယခုစာရင်းတွင်မူ တရုတ်အထက်၌ နိုင်ငံပေါင်း ၁၂ ခုထိ ရှိနေသေးကြောင်း ဖော် ပြထားသည်။
အဆိုပါ နိုင်ငံအများစုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြပြီး နိုင်ငံအလိုက် လက်ရှိ စီးပွားရေး ကဏ္ဍနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးမှု မြန်ဆန်နေသော်လည်း ဖွံဖြိုးပြီး နိုင်ငံကြီးများ၏ တည်ငြိမ်သော တိုးတက်မှုထက် သိသာစွာ အား ကောင်းနေခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်နှင့် CIA World Facebook တို့ကို ကိုးကား၍ ခန့်မှန်းတွက်ချက် ဖော်ပြထားသည်။
တစ်ဖက်တွင် အဆိုပါ စာ ရင်းမှ နိုင်ငံအများစုသည် ဝင်ငွေ အချိုးအစား မညီမျှမှု ကြီးမားစွာ ရှိနေဆဲဖြစ်ပြီး နိုင်ငံသား တစ်ဦးချင်း ဝင်ငွေနည်းပါးမှု၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ခြစားမှု ထူပြော ခြင်းကဲ့သို့ ပြဿနာ တစ်မျိုးမျိုး ကို ထင်ရှားစွာ ကြုံနေရသည်။
မြန်မာ့စီးပွားရေးမှာ ကျပ် ငွေဖောင်းပွခြင်း၊ အိမ်ခြံမြေဈေး ကွက်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အားနည်းသွားခြင်း၊ ကုန် သွယ်ရေး လိုငွေပြခြင်း၊ ဘတ်ဂျက်လိုငွေ ပြခြင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှု လျော့နည်းသွားခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်မားနေခြင်း စသည်တို့ကြောင့် ပြည်သူအများစုမှာ စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း ဝေဖန်မှုများစွာ ရှိနေသည့်ကြားမှ ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုးရန် အလားအလာအကောင်းဆုံး နိုင်ငံစာရင်း၌ ပါဝင်နေခြင်းဖြစ်သည်။

7days

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...