Ads (728x90)


၂၀၁၄-၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ပြန်ထွက်လာကြသော ကျောင်းသားများအားတွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း)
 ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းပြင်ပဖြေဆိုခွင့်ရရှိမည် ဆိုသည့် သတင်းထွက်ပေါ်လာ သောကြောင့်  အခြေခံပညာကျောင်းများမှ ကျောင်းထွက်ခဲ့သည့်ကျောင်းသားများအနေဖြင့် ပြန်လည် ကျောင်းအပ်နှံရမည်ဖြစ် ကြောင်းသတင်းရရှိသည်။
 အဆိုပါ ကျောင်းသားများ သည် ကျောင်းခေါ်ချိန်ပြည့်မီရန် သက်ဆိုင်ရာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယခုလမှစတင်၍ ပြန်လည်ကျောင်း အပ်နှံရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။
‘‘ကျောင်းထွက်ပြီးသွားတဲ့ ကလေးတွေအနေနဲ့ မူလထွက်ခဲ့ တဲ့ကျောင်းမှာ ခြောက်လအတွင်း ပြန်အပ်လို့မရပေမယ့် တခြားအ ခြေခံပညာကျောင်းတွေမှာအဲဒီ ကျောင်းထွက်လက်မှတ်နဲ့ အခုက စပြီးတော့ ကျောင်းပြန်အပ်လို့ရ ပါတယ်။ ကျောင်းခေါ်ချိန်ပြည့်ဖို့ အတွက် အရမ်းနောက်ကျရင် မ ကောင်းဘူး’’ဟု အဆိုပါအရာရှိ က ပြောသည်။

 အခြေခံပညာဦးစီးဌာနက အဋ္ဌမတန်း အောင်မြင်ပြီးန၀မ တန်းပြင်ပဖြေဆိုခွင့်ပြုရန်နှင့်န၀ မတန်းအောင်မြင်ခဲ့သည့် မည် သည့်ကျောင်းသားမဆို တက္က သိုလ်ဝင်စာမေးပွဲ ပြင်ပဖြေများ အဖြစ် လက်ခံဖြေဆိုခွင့်ပြုရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အ ကြောင်းကြားလာသည့် ရည်ညွှန်း စာသည် ကျောင်းပြင်ပတွင် မူလ ကရောက်ရှိနေသူများအတွက် ပြင်ပဖြေဆိုခွင့်ဆောင်ရွက်ပေး ခြင်းသာဖြစ်ကြောင်း ဇူလိုင် ၈ရက် စွဲဖြင့်ထုတ်ပြန်သည့်စာ၌  ဖော်ပြထားသည်။
ပြည်နယ်၊ တိုင်းဒေသကြီး ပညာရေးမှူးများက သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများအား  ဆက်လက်အကြောင်းကြား၍ ထပ်ဆင့်ရှင်းလင်းသွားရန် အ ကြောင်းကြားကြောင်းအဆိုပါ ထုတ်ပြန်စာတွင်ပါရှိသည်။
‘‘အခြေခံပညာဦးစီးဌာနက ထုတ်ပြန်တဲ့စာက စာစစ်ဦးစီးဌာန က ထုတ်တဲ့စာကို ဆန့်ကျင်ပြီး ထုတ်တာမဟုတ်ဘူး။ န၀မတန်း အောင်မြင်ပြီးတဲ့ကလေးက ကျောင်းပြင်ပဖြေဆိုခွင့်ကို မူအရ က ခွင့်ပြုတယ်။ ဒါပေမဲ့ ကျောင်း အတွင်းက န၀မတန်းအောင်မြင် ပြီးတဲ့ ကလေးတွေ တစ်ရာရှိရင် တစ်ရာလုံးကထွက်ပြီးဖြေလို့မရ ဘူး။ ကျောင်းနေနှုန်းတွေမလျော့ ကျစေဖို့အတွက် ၀ိုင်းဝန်းထိန်း သိမ်းတဲ့အနေနဲ့ အခုလိုစာထွက် လိုက်တာပါ’’ဟု အထက်ပါအ ဆင့်မြင့်အရာရှိက ဆက်လက်ပြောကြားသည်။
န၀မတန်းအောင်မြင်သည့် မည်သည့်ကျောင်းသားမဆို ၂၀၁၆တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းပြင်ပဖြေဆိုခွင့်ပြုသည် ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန်လ ၁၉ရက်တွင်သတင်းထုတ် ပြန်ခဲ့ပြီးနောက် နယ်မြို့များရှိ အ ခြေခံပညာကျောင်းများ၌ ကျောင်းထွက်လက်မှတ် လာရောက်ထုတ်ယူသူများပြားခဲ့သည်။
‘‘သတင်းကြားတော့ကလေး ကိုကျောင်းထုတ်ထားတာ အခုအဲ ဒီလိုမဟုတ်ဘူးဆိုတော့ ဘယ်လို ဆက်လုပ်ရမလဲမသိဘူး။ ကိုယ် ပိုင်ကျောင်းမှာလည်း ကျောင်းအပ်ဖို့ မတတ်နိုင်ဘူးဆိုတော့ နောက်အထက်တန်းကျောင်းတစ်ကျောင်းမှာ ပြောင်းအပ်ဖို့ စီစဉ်ရမယ်’’ဟု ဒဂုံ(မြောက်ပိုင်း)မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကပြောသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန အနေဖြင့် ၂၀၁၃မှစ၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကရင်ပြည်နယ် မြ၀တီနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားမိသားစုဝင်    ကျောင်းသားများအား ကျောင်းပြင်ပဖြေဆိုခွင့်ဆောင်ရွက်ပေးခဲ့ပြီး စီးပွားရေး၊ နယ်မြေဒေသအခက်အခဲရှိသည့် ကျောင်းသားများအား တစ်နှစ်ဆိုင်းငံ့ခြင်းမရှိဘဲ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရရှိစေရန်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ  အဆင့်မြင့်အရာရှိတစ်ဦးက    ပြောကြားသည်။

7days

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...