
ရန်ကုန်- လိပ်ကျွန်းလူသတ်မှု၌သေဆုံးသူဟန်နာ၏ ကိုယ်ပေါ်တွင်အမျိုးအစား မတူညီသည့် သုက်ပိုး သုံးမျိုးတွေ့ရှိခဲ့သည်ဟု မှုခင်း ဆေးဆရာဝန်က တရားရုံး၌ ထွက်ဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဇွန်လ ၁၀ရက်က လိပ်ကျွန်း လူသတ်မှုတရားလိုပြသက်သေမှု ခင်း ဆရာဝန်အား စစ်ဆေးရာတွင် ထိုကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ် သည်။ ထို့အပြင် ဟန်နာ၏ ကုပ် ပိုးတွင် ပေါက်တူးဒဏ်ရာမဟုတ် သည့် ဒဏ်ရာတစ်ခု တွေ့ရှိခဲ့ သည်ဟု ထွက်ဆိုသွားကြောင်း မြန်မာသံရုံးအထူးအဖွဲ့ရှေ့နေဦး အောင်မျိုးသန့်ကပြောသည်။
‘‘သုက်ပိုးက သုံးမျိုးတွေ့ရ တယ်လို့ ပြောတယ်။ တရားခံက နှစ်ဦးတည်း အဲဒါဆို မြန်မာနှစ် ယောက်က ဘယ်လိုမှ မဖြစ်နိုင် ဘူး။ ဒဏ်ရာနှစ်ခုတွေ့တယ်ပြော တယ်။ ပြောမယ်ဆိုရင် ဒဏ်ရာက ကျည်ဆန်ဒဏ်ရာ ဖြစ်နိုင်တဲ့အနေအထား ပဲ’’ ဟု ဦးအောင်မျိုးသန့်ကပြောသည်။
အမှုစစ် ရဲအရာရှိ ထွက်ဆိုရာတွင် ဟန်နာ၏ ညာဘက်လက် ကြားတွင် ဆံပင်အနီရောင်တွေ့ရှိ ခဲ့သည်ဟု ထွက်ဆိုခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့က ထိုဆံပင်အနီ ရောင်ကို တင်ပြထားခြင်း မရှိ ကြောင်း ၎င်းက ပြောသည်။
7 days

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။