
လူမှုမီဒီယာ အသုံးပြု သူများ သည် ညစ်ညမ်း ကားများ၊ ဓာတ်ပုံ များဖော်ပြ သည့် ပို့စ် များကို ကြည့်ရန် နှိပ်ကြရာတွင် ဗီဒီယို ကားများ အင်တာ နက်ပေါ်တွင် ကြည့်နိုင်သည့် Flash Player ကို update လုပ်ခိုင်းကြောင်း၊ ယင်းသို့  update လုပ်ရန် အတွက် Flash Player ကို အင်စတော လုပ်ရာမှ တစ်ဆင့် Trojan ဗိုင်းရပ်စ် ဝင်ရောက် တိုက်ခိုက်နိုင်ရန် ဟတ်ကာ များက ဖန်တီး ထားခြင်းဖြစ်ကြောင်း သုတေသန ပညာရှင် မိုဟာမတ် ဖာဂန်နီ ကပြောသည်။
"ဒီ ညစ်ညမ်းပို့ စ်ကို tags လုပ်ထားခံထား သူတွေ မှာလည်း ဗိုင်းရပ်စ် ဝင်ရောက်နိုင် ပါတယ်။ အဲဒီ့ပို့စ်ကို ဖွင့်ကြည့်တယ် ဆိုရင်ဖေ့ ဘုတ်သုံး စွဲသူက ညစ်ညမ်း ကား အစပိုင်းကို ကြည့်ရမှာပါ။ အဲဒီ ဇာတ်ကားက ခဏပြပြီး ရပ်သွား မှာဖြစ်ပြီး Flash Player ကိုအင်စတော လုပ်ခိုင်း မှာဖြစ်တယ်။ အင်စတော လုပ်မိတာနဲ့  ဟတ်ကာတို့က သုံးစွဲ သူကို ထိန်းချုပ် သွားနိုင်ပါပြီ။"ဟု ဖာဂန်နီ ကပြောသည်။
ထိုသို့ အင်စတော လုပ်မိပြီးသည့် ကွန်ပျူတာတွင် သုံးစွဲသူ၏ ကီးဘုတ်နှင့်မောက်စ်တို့ ကို ဟတ်ကာက ထိန်းချုပ် သွားနိုင်ပြီး သုံးစွဲသူ ပြုလုပ် သမျှကို တိတ်တ ဆိတ် လျှို့ဝှက် ကြည့်နေနိုင် မည် ဖြစ်ကြောင်း ၎င်းးက သတိပေးသည်။
အဆိုပါတိုက်ခိုက်မှုကို “Magnet” နည်းပညာဟု ဖာဂန်နီက အမည်ပေးထားပြီး ယင်းဟတ်ကာလုပ် တိုက်ခိုက်မှုသည် ဖေ့ဘုတ်အသုံးပြုသူများကြား လျင်မြန်စွာ ပျံ့ နှံ့ နိုင်စွမ်းကြောင်း၊ ပို့ စ်တစ်ခုဖြင့် အနည်းဆုံး လူနှစ်ဆယ်ကို ပစ်မှတ်ထားနိုင်၍ ဖြစ်ကြောင်း သိရသည်။
“Magnet” နည်း ပညာဖြင့် တိုက်ခိုက် ထားသည့် Trojan ဗိုင်းရပ်စ် ပါဆော့ဝဲလ်ကို အင်စတော လုပ်မိသူ များသည် ၁၁၀၀၀၀ ကျော်ထက် မနည်း ရှိခဲ့ သည်ဟု လည်း ဖာဂန်နီ ကပြောခဲ့သည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး အန္တရာယ်ပေးမည့် ပို့ စ်များကို လူမှုမီဒီ ယာဖေ့ဘုတ်ပေါ်က ရှင်းလင်း သွားရန် လုပ်ဆောင် ခဲ့ကြောင်း၊ “Magnet” တိုက်ခိုက်မှုနှင့် ပတ်သက်ပြီးလည်း တုံ့ ပြန်ဖြေရှင်းခဲ့ရကြောင်း ဖေ့ဘုတ်ကုမ္ပဏီက ပြောခဲ့သည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။