-
-
-
-
ဆီးရီးယားနှင့်အီရတ်အခြေစိုက် အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့၏ဆိုးဝါးရက်စက်မှုမှာ ကမ်းကုန်သည်ထက်ပင် ပို၍ဆိုးဝါးသော အဆင့်တစ်ခုကို ရောက်၍ လာချေပေပြီ။ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့သော ဗွီဒီယို၌ အိုင်ဆစ်မှ ၎င်းတို့ဖမ်းဆီးထားသော ဂျော်ဒန်လေယာဉ်မှုး မို့အစ်ဇ် အယ်လ်ကာဆာဘာဟ် (Moaz al-Kasasbeh) ကို လှောင်ချိုင့်ထဲထည့်၍ အရှင်လတ်လတ် မီးရှို့သတ်လိုက်ပုံအား ပြသထားသည်။
မီးတောက်များက လောင်စာအတိုင်း မြေပြင်တစ်လျှောက် လှောင်ချိုင့်ဆီသို့ လျင်မြန်စွာ ကူးစက်သွားသည်။ လောင်ချိုင့်ထဲတွင်တော့ မျှော်လင့်ချက်မဲ့နေသော လေသူရဲမှာ စာဖြင့်ဖော်ပြ၍ မရနိုင်သော စိတ်ပျက်လှသည့် မျက်နှာထားဖြင့် ရှိလျက်နှင့်ပင် အရှင်လတ်လတ် မီးတောက်များ၏ဝါးမြိုခြင်းကို ခံသွားရရှာသည်။ IS အစွန်းရောက်များက အုတ်ကျိုးအပိုင်းအစများအပါအဝင် အပျက်အပဲ့ အပိုင်းအစများဖြင့် လှောင်ချိုင့်ကို ဝိုင်းဝန်းပစ်ပေါက်ကြသည်။ ထို့နောက်တွင်ကား လှောင်ချိုင့်ကို ဘူဒိုလ်ဇာတစ်စီးဖြင့် ပြားချပ်သွားအောင် နင်းချေပစ်လိုက်သည်။
ယုတ်မာတကာ့ထိပ်ခေါင် IS ကောင်တို့၏ စက်ဆုပ်ဖွယ်ရက်စက်မှုကို ရိုက်ကူးထားသော ရှင်းလင်းပြတ်သားလှသော ဗွီဒီယိုက ဂျော်ဒန်အာဏာပိုင်များကို အိုင်ဆစ်အား ဆတ်ဆတ်တုန်အောင်ပင် နာကျည်းသွားစေခဲ့သည်။ နာရီပိုင်းအတွင်းမှာပင် ဂျော်ဒန်အာဏာပိုင်များကလည်း ၎င်းတို့ဖမ်းဆီးထားသည့် အိုင်ဆစ်နှင့်ပတ်သက်နေသော သုံ့ပန်း ၆ ယောက်ကို သတ်ပစ်မည်ဟု ကြေငြာခဲ့သည်။
၂၂ မိနစ်ကြာ ဗွီဒီယို ထွက်ရှိလာပြီး တစ်နာရီအတွင်းမှာပင် ဂျော်ဒန်အာဏာပိုင်များက နိုင်ငံတော်အဆင့်ကွပ်မျက်ခြင်းကို စီရင်လေ့ရှိသော နိုင်ငံတောင်ပိုင်းထောင်တွင်းသို့ အိုင်ဆစ်နှင့်ပတ်သက်ဆက်နွှယ်နေသော သုံ့ပန်းများကို ရွှေ့ပြောင်းလိုက်သည်။
Myo Min Thant
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။