Ads (728x90)


စက်တင်ဘာ ၂၇ ရက်က Facebook ပေါ်မှာ "R.I.P Brad Pitt" ဆိုတဲ့
သတင်းခေါင်းစဉ်စာတန်းတစ်ခု တက်လာခဲ့တယ်လို့ သိရပါတယ်။
ယင်းပို့စ်ကတော့ Fox News နာမည်နဲ့ ပေါ်လာတဲ့ သတင်းတု
တစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ယင်းပို့စ်ကို facebook အသုံးပြုသူတွေရဲ့ အကောင့်ကို
ခိုးယူဖို့ တက်လာတာလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လို့လည်း ယင်းပို့စ်ဟာ အတုတစ်ခုဖြစ်ကြောင်းနဲ့ နောက်ကွယ်
မှာ အကောင့်ခိုးနိုင်အောင် ဖန်တီးထားတာဖြစ်ကြောင်း လူမှုကွန်ရက်
ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောသွားပါတယ်။ ယင်းတက်လာတဲ့
လင့်ကို နှိပ်မိသူရဲ့ Facebook username နဲ့ Password တို့ကို
ရိုက်ခိုင်းတော့မှာဖြစ်ပါတယ်။ အဲဒီလိုနဲ့ အကောင့်ကို ခိုးယူသွားဖို့
လုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

" ဒီ malware ကတော့ ခုမှ စပေါ်လာတာတော့မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့နှစ်
တွေကတည်းက Facebook အနေနဲ့ အသုံးပြုသူတွေကို သူတို့တွေရဲ့
ကွန်ပြူတာပေါ်က malware တွေ စစ်ဆေးကြဖို့ သတိပေးထားပါတယ်၊
ကျွန်တော်တို့ ကူညီရှင်းပေးမယ်လို့ ပြောထားခဲ့ပါတယ်" လို့ Facebook
ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါကြောင့်မို့ ဒီလိုပို့စ်မျိုးနဲ့ ချိတ်ဆက်နေတဲ့ ဘယ်လို ဆိုဒ်မျိုးကိုမှ အသုံးပြုသူ
တွေ ၀င်မကြည့်သင့်ဘူးလို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူ
Michael Sias က ပြောပါတယ်။

# SFJ Strategy First Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...