Ads (728x90)





Ref: TNW

Aung Ko Htet (M.D.K)

#aungkohtet_mdk



ဝိုင်ဖိုင်တွေကိုရှာဖွေပေးမဲ့ Facebook
-----------------------------------------------
အားလုံးသိကြတဲ့အတိုင်းပဲ Facebook ဟာ တစ်မျိုးမျိုးပြီးတစ်မျိုး မရိုးအီနိုင်တဲ့ Feature တွေကိုပေါင်းထည့်ပြီး အသုံးပြုတွေကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနေပါတယ်။ အခုဆိုရင်လည်း အသုံးပြုသူတွေအတွက် အသုံးဝင်စေမဲ့ Feature တစ်ခုဖြစ်တဲ့ မိမိဖုန်းနဲ့ ချိတ်ဆက်နိုင်တဲ့ အပြင်ဝိုင်ဖိုင်များကို ရှာဖွေပေးနိုင်တဲ့ Feature ကိုထည့်သွင်းတော့မှာဖြစ်ပါတယ်။

ဘာကြောင့်ဒီ Feature ကိုထည့်သွင်းလည်းဆိုရင် Facebook အသုံးပြုသူတွေဟာ အခုနောက်ပိုင်းမှာ Facebook ရဲ့ feature အသစ်တစ်မျိုးဖြစ်တဲ့ Live လွှင့်နိုင်တဲ့ Feature ကိုတွင်ကျယ်စွာ အသုံးပြုလာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ Live လွှင့်နေရင်းနဲ့ အင်တာနက်လိုင်းကျသွားတဲ့ အချိန်နဲ့ တွေ့တဲ့အခါမှာ Live လွှင့်ခြင်းက ရပ်တပ်သွားပါတယ်။ ဒီလိုအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့အတွက် Facebook ဟာ အခုလို ဝိုင်ဖိုင်တွေကိုရှာဖွေပေးမဲ့ Feature ကိုထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ Android အသုံးပြုသူတွေကပဲ ဒီ Feature ကိုအရရင် ရမလား iOS အသုံးပြုသူတွေကပဲ ဒီ Feature ကိုအရင်ရမလားဆိုတာကိုတော့ ဘယ်သူမှ မသိရသေးပါဘူး။ လက်ရှိအချိန်မှာတော့ Android အသုံးပြုသူရဲ့ Facebook မှာပဲ ဒီ Feature ကို အသုံးပြုခွင့်ရထားတာဖြစ်ပေမဲ့ အခြား Android ဖုန်း အသုံးပြုသူတွေမှာတော့ ဒီ Feature အသစ်ကို အသုံးပြုခွင့်မရသေးပါဘူး။

Ref: TNW

Aung Ko Htet (M.D.K)

#aungkohtet_mdk

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...