Ads (728x90)


ခေတ်အဆက်ဆက်မြန်မာ့အလံများ
------------------------
မြန်မာအလံတွေအကြောင်း ရှာမိတော့ အစောဆုံး အလံ အနေနဲ့ ခရစ်သက္ကရာဇ် ၁၅၀၀ လောက်က အသုံးပြုတဲ့အလံ လို့ ယူဆရတဲ့ ဟင်္သာအလံ ကိုတွေ့မိပါတယ်။
အစိမ်းအောက်ခံမှာ အ၀ါရောင် ဟင်္သာရုပ်နဲ့ အလံဟာ ဟံသာဝတီ နေပြည်တော်မှာ အသုံးပြုတဲ့ အလံဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ သူ့ထက် နည်းနည်း နောက်ကျပြီး အသုံးပြုတာကတော့ မြန်မာ စစ်တပ်တွေမှာ ရှေ့ဆုံးက ချီတဲ့ သူရဲကြီး တံခွန် ဆိုတာပါပဲ။ ကြက်လျှာစွန်း ၃ ခုနဲ့ အလယ်မှာ န၀ရတ်ကိုးပါး စီချယ်ထားတဲ့ သူရဲကြီးတံခွန်ဟာ သူရဲကောင်းတို့ အမှတ်အသား လို့ သိရပါတယ်။

နောက် တံခွန်တစ်ခုကတော့ မင်းတုန်းမင်းရဲ့တပ်များ စစ်ချီရာမှာ သုံးတဲ့ တံခွန်လို့ ဆိုပါတယ်။ ကျွန်တော်တော့ အတိအကျ မှတ်တမ်းနဲ့ မမြင်ဖူးပါ။ ကြက်လျှာစွန်း ၃ ခုပါ အလံမှာ အလယ်က အနက်ရောင် အပေါင်းသင်္ကေတ နဲ့ ဖြစ်ပါတယ်တဲ့။

ကုန်းဘောင်မင်းဆက်မှာ အသုံးပြုခဲ့တယ်လို့ သေသေချာချာ ပြောနိုင်တဲ့ အလံတစ်ခုကတော့ ဒေါင်းအလံပဲဖြစ်ပါတယ်။ ဒေါင်းအလံကို ပုံစံ အတော်များများနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခု ဒေါင်းအလံကတော့ မင်းခမ်းမင်းနားများမှာသုံးတဲ့ အဖြူရောင် ပိုးသားအောက်ခံမှာ အနီရောင် ချည်ထိုးဒေါင်းရုပ်ဖော်ထားတဲ့ အလံပါ။ တံခွန်ပုံစံ ကြက်လျှာ အနားသတ်မဟုတ်ပဲနဲ့ လေးထောင့်ပုံစံ အလံဖြစ်ပါတယ်။

အဲဒီကတည်းက စလို့ အမြီးဖြန့်ပြီးကနေတဲ့ ဒေါင်းဟာ မြန်မာ့အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။ ဒေါင်းဟာ ကုန်းဘောင်မင်းဆက် မြန်မာဘုရင်တွေရဲ့ အမှတ်တံဆိပ် ဖြစ်ခဲ့ပြီး ဒေါင်းတံဆိပ် ဒင်္ဂါး၊ ဒေါင်းအလံ စသည်ဖြင့် ဘုရင်တို့ရဲ့ အမှတ်အသားကိုပြတဲ့နေရာမှာ ဒေါင်းရုပ်ကို အသုံးပြုလာပါတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာတောင်မှ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလံဟာ ယူနီယံဂျက် အလံနဲ့ ဒေါင်းတံဆိပ် ပေါင်းစပ်ထားတဲ့ အလံ ဖြစ်လာခဲ့ပါတယ်။

ဒီ အပြာရောင်အောက်ခံမှာ ဒေါင်းတံဆိပ်နဲ့ ယူနီယံဂျက် အလံဟာ ဒိုင်အာခီ အုပ်ချုပ်ရေး ပေးတဲ့အချိန်က စလို့ မြန်မာအစိုးရရဲ့ အလံအနေနဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ မြန်မာလွတ်လပ်ရေးတပ်မတော် (BIA) ကလည်း ၃ ရောင်ချယ် ဒေါင်းအလံကိုပဲ အသုံးပြုခဲ့ပြန်ပါတယ်။

ဂျပန်ကို တော်လှန်ခဲ့တဲ့ မြန်မာ့တပ်မတော်ကတော့ အနီအောက်ခံမှာ အဖြူရောင် ကြယ်တစ်ပွင့်ပါတဲ့ တော်လှန်ရေးအလံကို အသုံးပြုလာပါတယ်။

ဂျပန် တော်လှန်ရေးပြီိးလို့ အင်္ဂလိပ် အစိုးရ ပြန်လာတဲ့အချိန်မှာတော့ ယူနီယံဂျက် ဒေါင်းအလံကိုပဲ ဆက်လက် အသုံးပြုခဲ့ပါတယ်။ ဘုရင်ခံအတွက် သီးသန့် အမှတ်တံဆိပ် အနေနဲ့ ယူနီယံဂျက်ရဲ့ အလယ်တည့်တည့်မှာ ဒေါင်းရုပ်ပါတဲ့ အလံတစ်ခု တီထွင် အသုံးပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ ပြည်နယ် ၅ ခုနဲ့ ပြည်မ၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်တဲ့ ကြယ်ဖြူ ၆ ပွင့်နဲ့ ပြည်ထောင်စုအလံတော်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အမှတ်အသား ဖြစ်လာခဲ့ပါတယ်။

သမ္မတရဲ့ အမှတ်တံဆိပ် အနေနဲ့ကျတော့ လိမ္မော်ရောင် အောက်ခံမှာ ဒေါင်းတံဆိပ်ပါတဲ့ အလံကို အသုံးပြုတယ်လို့ တွေ့ရပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာရလာတဲ့ နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ အလုပ်သမား၊ လယ်သမား အင်အားစု၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်းဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အလံဟာ အနီအောက်ခံနဲ့၊ ဘယ်ဖက် အပေါ်ထောင့်မှာ အပြာရောင်အောက်ခံ၊ စက်သွား၊ စပါးနှံနဲ့ အရွယ်အစားညီ ကြယ်ဖြူ ၁၄လုံးပုံစံ အဖြစ် ပြောင်းလဲ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီနေ့ နိုင်ငံတော်ရဲ့အလံကတော့ အများသိတဲ့


မြန်မာနိုင်ငံ၏ခေါင်းဆောင်ကောင်းများနင့်သမိုင်းတွင်တဲ့နေ့စွဲများ
**************************************************
ပထမမြန်မာနိုင်ငံတော်(အနော်ရထာမင်း)
ဒုတိယမြန်မာနိုင်ငံတော်(ဘုရင့်နောင်)
တတိယမြန်မာနိုင်ငံတော်(အလောင်းမင်းတရားကြီးဦးအောင်ဇေယျ)

မြန်မာအင်္ဂလိပ်စစ်ပွဲများ
*******************
ပထမကျူးကျော်စစ်(၁၈၂၆-ဖေဖော်ဝါရီလ(၂၄)ရက်နေ့)
ရန္တပိုစာချူပ်အရ တနသာင်္ရီ၊အာသံနယ်ပေးခဲ့ရ

ဒုတိယကျူးကျော်စစ်(၁၈၅၂)
ပုဂံမင်းလက်ထက် ပဲခူးနင့်မုတ္တမ တို့ကိုပေးအပ်ခဲ့ရ

တတိယကျူးကျော်စစ်
သီပေါမင်းလက်ထက်(၁၈၈၅) အထက်မြန်မာနိုင်ငတော်နင့် မြန်မာအုပ်ချူပ်ရေးအာဏာစွန့်လွတ်ခဲ့ရ

တော်လှန်ရေးခေါင်းဆောင်များ(ဒုတိယကမ္ဘာစစ်)
နတ်သျှင်ရွေးဗိုလ် ၊ဗိုလ်ကျော်လှဇံ
ဗိုလ်သာပျံ ၊ထိပ်တင်စောရန်နိုင်
ဗိုလ်သာဦး ၊ထိပ်တင်စောရန်ပိုင်
ဗိုလိမြတ်ထွန်း ၊ ဗိုလ်ချို
ဗိုလ်ရွဲ ၊ ဗိုလ်ဥတ္တမ
မင်းကြီးရွှေလရောင်၊ ၀န်းသိုစော်ဘွား
ဆုနကန်ဒူးဝါး ၊ဗိုလ်ဆွန်ပက်
စော်လှဘော် ၊ နော်ခမ်းဦး

(၁၉၀၆) ၀ိုင်အမ်ဘီအေ(YMBA)
(၁၉၁၇)ဖိနပ်တိုက်ပွဲ(အင်္ဂလိပ်တို့ရွှေတဂုံရင်ပြင်ပေါ်တွင်ဖိနပ်စီးသောကြောင့်)
(၁၂၈၂)တန်ဆောင်မုန်းလဆုတ်(၁၀)ရက် ပထမကျောင်းသားသပိတ်
(၁၉၃၀)ဆရာစံခေါင်းဆောင်သောတောင်သူလယ်သမားအရေးတော်ပုံ
(၁၉၃၆)တက္ကသိုလ်ကျောင်းသားသပိတ်(ဒုတိယသပိတ်)
(၁၉၃၈)(၁၃၀၀)ပြည့်ရေနံမြေသပိတ်
(၁၉၄၅)မတ်လ-ဖက်ဆစ်တော်လှန်ရေး
(၁၉၄၈)ဇန်န၀ါရီလ(၄)ရက်နေ့ လွပ်လပ်ရေးရ(ဗိုလ်ချူပ်အောင်ဆန်း၏ကြိုးပမ်းမူ)

အမျိုးသားနေ့>> ၁၉၂၀ တန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့
ပြည်ထောင်စုနေ့>> ၁၉၄၈ ဖေဖော်ဝါရီ(၁၂)ရက်နေ့
တပ်မတော်နေ့>>> မတ်လ(၂ရ)ရက်နေ့
အာဇာနည်နေ့ ၁၉၄၇ ဇူလိုင်လ(၁၉)ရက်နေ့
လွပ်လပ်ရေးနေ့ ၁၉၄၈ ဇန်န၀ါ၇ီလ(၄)ရက်နေ့
စာဆိုတော်နေ့ ၁၃၀၆ နတ်တော်လဆန်း(၁)၇က်နေ့
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...