Ads (728x90)

 
Photo: ရင်နဲ့ ရင်းပြီး မုန်းတယ် 
-------------------------

" အသံကြောင့်ဖားသေ တဲ့ .....
စကားကြောင့် သား သေ " ... တော့
ဖြစ်နေရ ပြီ ဘပြောင် ~~ 

တခြားနိုင်ငံတွေမှာ 
စစ်မတိုက်ဖို့ စစ်သားမိသားစုတွေက
သမ္မတကိုဆန္ဒပြ သတဲ့ ..
ကျုပ်တို့ ဆီ မှာ 
စစ်တိုက်ဖို့ သမ္မတ ကို ဆန္ဒပြရတော့မယ်ထင်တယ် ~~

မင်းလည်းယောကျာင်္း ငါယောကျာင်္း 
သူလည်းစစ်သား ကိုယ်စစ်သား
ရင်ဆိုင် တိုက်ပွဲ ကြားမှာ
ညံ့ တဲ့ ကောင်ခံ လိမ့်မယ်
မှန်(ထိ) တဲ့ ကောင် သေလိမ့်မယ် 
မတရား တာ မရှိသလို 
သနားစရာ လည်း မရှိဘူး 
စစ်သားဆိုတဲ့ ဒီကောင်တွေ အသက်
တစက် လေးတောင် နှမျောဖို့ မလိုပါဘူး ~~ 

ကြော်ငြာမထည့်နဲ့
ပန်းခွေ မချနဲ့ 
သပိတ်မသွတ် နဲ့ 
ကိုယ့် ကိုယ်ကိုတောင် စွန့် ပြီးတဲ့နောက်
အားလုံး ကို လွှတ် ခဲ့ပြီးသား ...
တွယ်တာ စရာ မရှိတဲ့နောက်
ဝိဇ္ဇာပေါက်တဲ့ တစ်ဘဝ 
ကျုပ်တို့ တွေ ကောင်းရာကို ရောက်ကြလိမ့်မယ် ~~

အသံကြောင့်ဖားသေ..
စကားကြောင့် သား သေ တဲ့ 
" အပစ်ရပ် ဆိုတဲ့ စကား အောက်မှာ
နွားသေတွေ ကြိုးတုတ်ပြီး 
တဘုတ်ဘုတ် ရိုက်ခံ နေရတာ "
ဒဏ်ရာတွေ က ခန္ဓာမှာမဟုတ်ဘူး
ရင်ဘတ်မှာ ...
ဟောဒီ ... ရင်ဘတ် ကြီး တွေ ထဲမှာပါ ဘပြောင် ~~

သေသွားသူတွေ မသိပေမဲ့
ကျန်ရစ်သူတွေ က မချိအောင် နာတယ်
ရောမခေတ် စစ်သည်တွေ တောင် 
" မြင့်မြတ်သောသေခြင်းနဲ့ သေချင်တယ် " ဆိုရင်
တစ်ချက်တည်းသော ဓားချက်နဲ့ အသက်ထွက်ခွင့် ရသေးတယ် 
၂၁ ရာစု ဆိုတဲ့ လူယဉ်ကျေးတို့ခေတ်မှာ
ခွေးကိုက်ခံရပြီး ... ခွေးသေဝက်သေ ..သေခဲ့ရတဲ့ စစ်သားတွေ
များနေ ပြီ .... များလွန်းနေပြီ ... ဘပြောင် ~~ 

ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး 
အဟက် ..ဟက် 
တစ် ဖက် " သတ် " ငြိမ်းချမ်းရေး
တစ် ဖက် ကို သတ်တဲ့ ငြိမ်းချမ်းရေး ~~

အဲဒီ ငြိမ်းချမ်းရေး ဆိုတဲ့စကား
လျှာဖျားတော့ အတော် အေးပါတယ် 
ရင်တွင်းထိ မနွေးစေ တာက ခက်တယ်ဘပြောင် ~~

ကိုယ့်ကိုယ်ကို 
စစ်ဝါ ဒီ လို့ ဘယ်တော့မှ မတွေးပေမဲ့
ဖန် တောင်းလို့ ကောင်း
လမ်းလျှောက်လို့ ကောင်း
တေးဆိုလို့ ကောင်း
ဘုတ်ထောင်လို့ ကောင်း
ဝိုင်သောက်လို့ ကောင်း
ခေါင်းကြီးတွေ တင်ရောင်းလို့ ကောင်း ရုံ 
မိုးလုံးပြည့် " ငြိမ်းချမ်းရေး " ဆိုတဲ့သတင်းကို 
ရင်နဲ့ ရင်းပြီး မုန်းတယ် ... ဘပြောင် 
ရင်ဘတ်တွေ နဲ့ ရင်းပြီး မုန်းတယ် ~~~ ။

(ရုပ်ဆိုး)

-------------------------

" အသံကြောင့်ဖားသေ တဲ့ .....
စကားကြောင့် သား သေ " ... တော့
ဖြစ်နေရ ပြီ ဘပြောင် ~~

တခြားနိုင်ငံတွေမှာ
စစ်မတိုက်ဖို့ စစ်သားမိသားစုတွေက
သမ္မတကိုဆန္ဒပြ သတဲ့ ..
ကျုပ်တို့ ဆီ မှာ
စစ်တိုက်ဖို့ သမ္မတ ကို ဆန္ဒပြရတော့မယ်ထင်တယ် ~~

မင်းလည်းယောကျာင်္း ငါယောကျာင်္း
သူလည်းစစ်သား ကိုယ်စစ်သား
ရင်ဆိုင် တိုက်ပွဲ ကြားမှာ
ညံ့ တဲ့ ကောင်ခံ လိမ့်မယ်
မှန်(ထိ) တဲ့ ကောင် သေလိမ့်မယ်
မတရား တာ မရှိသလို
သနားစရာ လည်း မရှိဘူး
စစ်သားဆိုတဲ့ ဒီကောင်တွေ အသက်
တစက် လေးတောင် နှမျောဖို့ မလိုပါဘူး ~~

ကြော်ငြာမထည့်နဲ့
ပန်းခွေ မချနဲ့
သပိတ်မသွတ် နဲ့
ကိုယ့် ကိုယ်ကိုတောင် စွန့် ပြီးတဲ့နောက်
အားလုံး ကို လွှတ် ခဲ့ပြီးသား ...
တွယ်တာ စရာ မရှိတဲ့နောက်
ဝိဇ္ဇာပေါက်တဲ့ တစ်ဘဝ
ကျုပ်တို့ တွေ ကောင်းရာကို ရောက်ကြလိမ့်မယ် ~~

အသံကြောင့်ဖားသေ..
စကားကြောင့် သား သေ တဲ့
" အပစ်ရပ် ဆိုတဲ့ စကား အောက်မှာ
နွားသေတွေ ကြိုးတုတ်ပြီး
တဘုတ်ဘုတ် ရိုက်ခံ နေရတာ "
ဒဏ်ရာတွေ က ခန္ဓာမှာမဟုတ်ဘူး
ရင်ဘတ်မှာ ...
ဟောဒီ ... ရင်ဘတ် ကြီး တွေ ထဲမှာပါ ဘပြောင် ~~

သေသွားသူတွေ မသိပေမဲ့
ကျန်ရစ်သူတွေ က မချိအောင် နာတယ်
ရောမခေတ် စစ်သည်တွေ တောင်
" မြင့်မြတ်သောသေခြင်းနဲ့ သေချင်တယ် " ဆိုရင်
တစ်ချက်တည်းသော ဓားချက်နဲ့ အသက်ထွက်ခွင့် ရသေးတယ်
၂၁ ရာစု ဆိုတဲ့ လူယဉ်ကျေးတို့ခေတ်မှာ
ခွေးကိုက်ခံရပြီး ... ခွေးသေဝက်သေ ..သေခဲ့ရတဲ့ စစ်သားတွေ
များနေ ပြီ .... များလွန်းနေပြီ ... ဘပြောင် ~~

ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး
အဟက် ..ဟက်
တစ် ဖက် " သတ် " ငြိမ်းချမ်းရေး
တစ် ဖက် ကို သတ်တဲ့ ငြိမ်းချမ်းရေး ~~

အဲဒီ ငြိမ်းချမ်းရေး ဆိုတဲ့စကား
လျှာဖျားတော့ အတော် အေးပါတယ်
ရင်တွင်းထိ မနွေးစေ တာက ခက်တယ်ဘပြောင် ~~

ကိုယ့်ကိုယ်ကို
စစ်ဝါ ဒီ လို့ ဘယ်တော့မှ မတွေးပေမဲ့
ဖန် တောင်းလို့ ကောင်း
လမ်းလျှောက်လို့ ကောင်း
တေးဆိုလို့ ကောင်း
ဘုတ်ထောင်လို့ ကောင်း
ဝိုင်သောက်လို့ ကောင်း
ခေါင်းကြီးတွေ တင်ရောင်းလို့ ကောင်း ရုံ
မိုးလုံးပြည့် " ငြိမ်းချမ်းရေး " ဆိုတဲ့သတင်းကို
ရင်နဲ့ ရင်းပြီး မုန်းတယ် ... ဘပြောင်
ရင်ဘတ်တွေ နဲ့ ရင်းပြီး မုန်းတယ် ~~~ ။

(ရုပ်ဆိုး)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...