Ads (728x90)

Photo: မန်ချက်စတာ ဒါဘီပွဲတွင် ပြန်လည် ကစားဖို့ ပစ်မှတ်ထားနေတဲ့ ရွန်နီ

ဦးခေါင်းတွင် စိုးရိမ်ဖွယ် ဒဏ်ရာ ရရှိခဲ့သော မန်ချက်စတာ ယူနိုက်တက် အသင်း၏ တိုက်စစ်မှူး ၀ိန်းရွန်နီသည် လာမည့် (၂၂)ရက်နေ့၌ ယှဉ်ပြိုင် ကစားရမည့် မန်ချက်စတာ ဒါဘီပွဲတွင် ပြန်လည် ပါဝင် ကစားနိုင်ရန် ပစ်မှတ်ထားနေကြောင်း Mirror သတင်းကဆိုသည်။

ဝိန်းရွန်နီသည် မန်ယူအသင်း၏ လေ့ကျင့်ရေး အစီအစဉ်၌ အသင်းဖော် ဖီးလ်ဂျုံးစ်နှင့် ထိ့ခိုက်မိပြီးနောက် နှဖူးတွင် နက်ရှိုင်းစွာ ကွဲပြဲခဲ့ခြင်းကြောင့် (၁၀)ချက်ထိ့ ချုပ်ခဲ့ရပြီး စက်တင်ဘာ (၁)ရက်နေ့က အန်ဖီးကွင်းတွင် တွေ့ဆုံခဲ့သည့် လီဗာပူးလ်ကို (၁-၀)နှင့် ရှူံးနိမ့်ခဲ့ရသည့် ပွဲစဉ်တွင် ပါဝင်မကစားနိုင်ခဲ့သလို၊ နိုင်ငံအသင်း ပွဲစဉ်များတွင်လည်း ပါဝင် ကစားနိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိအချိန် ပေါ်တူဂီ နိုင်ငံ ကမ်းခြေ၌ အပန်းဖြေ ခရီးထွက်နေသု ရွန်နီအနေဖြင့် မန်ချက်စတာ ဒါဘီပွဲအမှီ ပြန်လည် ကြံခိုင်လာမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရွန်နီဟာ အသင်းနှင့်အတူ အပေါ့စားလေ့ကျင့်ခန်းများ ပြန်ဆင်းနေပြီး ဖြစ်ကာ ယူနိုက်တက် ဆေးအဖွဲ့က အနီးကပ် စောင့်ကြည့်၍ အကူအညီ ပေးနေကြောင်း၊ သို့သော်လည်း ဒဏ်ရာကို ဘောလုံးနှင့် ထိ့ခိုက်မိပါက မည်သည့် အကျိုးဆက်မျာ ဖြစ်လာမည်ကိုတော့ အတိအကျ မသိရသေးကြောင်း၊ မိုရက်စ်အနေဖြင့် မန်ယူဆေးအဖွဲ့၏ ထောက်ခံချက် အပြည့် ရမှာသာ မန်ချက်စတာ ဒါဘီ ပွဲတွင် ရွန်နီကို ပွဲထွက် ကစားစေမည် ဖြစ်သည်။

ယူနိုက်တက် အသင်း၏ ယခုတစ်ပတ် စနေနေ့ ခရစ္စတယ်ပဲလေ့စ် အသင်းနှင့် ရင်ဆိုင်ရမည့် ပွဲစဉ်နှင့် လာမည့် အပတ် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ်ဖြစ်သည့် လေဘာကူဆင်နှင့် ရင်ဆိုင်ရမည့် ပွဲစဉ်များတွင်တော့ ရွန်နီအနေဖြင့် ပါဝင်ကစားနိုင်မည့် အခွင့်အရေး မရှိသေးကြောင်း သိရသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...