Ads (728x90)

Photo: ကမ္ဘာ့အဆင့်မှီ ကစားသမား ခေါ်ယူနိုင်ခဲ့ခြင်း မရှိမှူ့အပေါ် အဖြေတစ်ခု သိချင်နေတဲ့ ယူနိုက်တက် သူဌေး ဂလေဇာ

မန်ယူအသင်း၏ အမှူ့ဆောင်ချုပ် အသစ် အဒ်ဝဒ်ဝုဒ်သည် ပြီးခဲ့သည့် နွေရာသီက မန်ယူအသင်းအတွက် ကစားသမား ခေါ်ယူမှူ့အပိုင်း၌ စီမံခန့်ခွဲမှူ့ ညံ့ဖျင်းသည် ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယခုလို အသင်းပိုင်ရှင်တို့၏ ဖြေရှင်းချက် တောင်းဆိုသည့် ကိစ္စနှင့် ရင်ဆိုင်ခဲ့ရသည်။

မန်ယူအသင်းက အနည်းဆုံး နာမည်ကြီး ကစားသမား တစ်ယောက် အသင်းသို့ ခေါ်ယူရန် ပစ်မှတ်ထားခဲ့ပြီး၊ ရော်နယ်လ်ဒိုနဲ့ ဖာဘရီဂတ်စ် တို့ကို ပစ်မှတ် ထားခဲ့ပါတယ်။

သို့ပေမယ့် မန်ယူအသင်း ပစ်မှတ် ထားခဲ့တဲ့ ကစားသမား အတော်များများကိုတော့ အသင်းသို့ ရောက်အောင် ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ရော်နယ်လ်ဒိုကို အရခေါ်ယူနိုင်ခဲ့ခြင်း မရှိသလို၊ ဖာဘရီဂတ်စ်ကိုလည်း မဆွဲဆောင်နိုင်ခဲ့ပါဘူး၊ ဘာစီမှ စပိန် လူငယ် ကစားသမား တီယာဂိုကို ခေါ်ယူရေး ကိစ္စမှာလည်း ဘိုင်ယန်မြူးနစ် အသင်းရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရပါသေးတယ်။ 

ထို့အပြင် အက်သလက်တစ် ဘီဘာအို အသင်းမှ အန်ဒါဟာရီယာ ခေါ်ယူရေး ကိစ္စမှာလည်း စပိန်အမြတ်ခွန် ကိစ္စကို ပီပြင်အောင် မကိုင်တွယ် နိုင်ခဲ့ခြင်းကြောင့် ကစားသမား ခေါ်ယူရေး လက်လွတ်ခဲ့ရပါတယ်။

အဲဗာတန်မှ ဘိန်းစ်ကိုလည်း အရမယူနိုင်ခဲ့သလို၊ ရီးရဲလ်မှ ကွန်ထရာအိုနှင့် ခီဒီယာ တို့ကို ခေါ်ယူရာ၌လည်း အချိန်နှောင်းမှ ကြိုးစားခဲ့ခြင်းကြောင့် လက်လွတ်ခဲ့ရသည့်အပြင်၊ အချိန်ကပ်ပြီး ဂါလာတာစာရေးမှ ရှနိုက်ဒါကို ခေါ်ယူဖို့ ကြိုးစားခဲ့ရာမှာလည်း အချည်းနှီး ဖြစ်ခဲ့ပါတယ်။

နောက်ဆုံး အရခေါ်ယူနိုင်ခဲ့တဲ့ အဲဗာတန်မှ ဖယ်လိုင်နီကို ပေါင်(၂၇.၅)သန်းဖြင့်  ခေါ်ယူခဲ့သည့် ဖြစ်စဉ်တွင်လည်း အဲဗာတန် အသင်းနဲ့ စာချုပ်ပါ အချက်အရ ဇူလိုင်လကုန်က ခေါ်ယူခဲ့လျင် ယခု ခေါ်ယူသည့် ကြေးထက် ပေါင်(၄)သန်းခန့် သက်သာမည် ဖြစ်သော်လည်း ထိုစဉ်က မခေါ်ခဲ့ပဲ အချိန်ကုန်ခါနီး ကပ်ပြီးမှ အလျင်စလိုနဲ့ ခေါ်ခဲ့ခြင်းကြောင့် ပေါင်(၄)သန်း ပိုမို ကုန်ကျခဲ့သည့် အဒ်ဝဒ်ဝုဒ်၏ စီမံခန့်ခွဲမှူ့သည် မေးခွန်း ထုတ်စရာများ ဖြစ်ခဲ့ရသည်။

ထို့အတွက်ကြောင့် အဒ်ဝဒ်ဝုဒ်၏ လုပ်ရပ်များအတွက် ဖလော်ရီဒါ အခြေစိုက် မန်ယူအသင်းပိုင်ရှင် ဂလေဇာ မိသားစုက .... အသင်းမှ ရည်မှန်းထားသည့် ပစ်မှတ်ထားသည့် ကမ္ဘာ့အဆင့် ထိပ်တမ်း ကစားသမား တစ်ယောက်မှ ခေါ်ယူနိုင်ခဲ့ခြင်း မရှိသည့် အကြောင်းအရင်းရဲ့ အဖြေ ၊ ဖြေရှင်းချက်ကို သိချင်နေကြောင်း၊ ကလပ်ရဲ့ ကစားသမား ခေါ်ယူရေး မူဝါဒရဲ့ အဖြေကိုလည်း သိချင်နေကြောင်း ဒေးလီးမေးလ် သတင်းစာက သုံးသပ် ဖော်ပြသွားသည်။

အဒ်ဝဒ်ဝုဒ်ကတော့ ယခုနွေရာသီ အဆင်မပြေခဲ့သည့် ကစားသမား ခေါ်ယူရေး မူဝါဒကို အကာအကွယ် ပြုလုပ်ရန်အတွက် လာမည့် ဆောင်းရာသီ ဇန္န၀ါရီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်တွင် နွေရာသီက ခေါ်ယူရာ၌ မအောင်မမြင် ဖြစ်ခဲ့သည့် ရော်နယ်လ်ဒို၊ ဖာဘရီဂတ်စ်နဲ့ အခြားကစားသမား များကိုပါ အသင်းသို့ အရခေါ်ယူနိုင်ရန်အတွက် အခုကတည်းက ကြိုတင် စီစဉ်နေကြောင်း သိရသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...