Ads (728x90)

Photo: ထရက်ဖို့ဒ်ကောင်စီက မန်ယူနည်းပြဟောင်း ဖာဂူဆန်ကို ဂုဏ်ပြုမည့် အပြင်၊ အိုးထရက်ဖို့ဒ်သို့ သွားရာလမ်းကို ဆြာအဲလက်စ် ဖာဂူဆန်လမ်းဟု့ အမည်ပြောင်းပေးမည်

မန်ယူအသင်းအတွက် အောင်မြင်မှူ့များ ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြဟောင်း ဆြာအဲလက်စ် ဖာဂူဆန်ကို ထရက်ဖို့ဒ်ကောင်စီက ဂုဏ်ပြုသည့် အနေဖြင့် freedom of the Borough of Trafford ဆုကို ပေးအပ်သွားမည် ဖြစ်ကြောင်း BBC သတင်းအရ သိရသည်။

ဆြာအဲလက်စ်က မန်ယူအသင်းကို (၂၆)နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် အဓိက ဆုဖလားများ ဖြစ်သည့် ပရီးမီးယားလိဂ် ချန်ပီယံ (၁၃)ကြိမ်နှင့် ချန်ပီယံလိဂ် ချန်ပီယံ(၂)ကြိမ် ရရှိအောင် စွမ်းဆောင် ပေးနိုင် ခဲ့ခြင်းကြောင့်၊ ဗြိတိန် ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံး နည်းပြတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့စေသည်။

ထို့အတွက်ကြောင့် ထရက်ဖို့ဒ်ကောင်စီက ဖာဂူဆန်အား ဂုဏ်ပြုမည့် အခန်းအနားကို လာမည့် အောက်တိုဘာလ (၁၄)ရက်နေ့တွင် ကျင်းပမည့် ကောင်စီအစည်းအဝေး၌ ဂုဏ်ပြုသွားမည် ဖြစ်ကြောင်းကို ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

ထို့အပြင် အိုးထရက်ဖို့ဒ်ကွင်းသို့ ဦးတည်ရာ လမ်းတစ်ခုကိုလည်း Sir Alex Ferguson Way ဟု့ အမည်ပြောင်းကာ ဖာဂူဆန်ကို ဂုဏ်ပြုသွားမည် ဖြစ်ပြီး၊ အဆိုပါ လမ်း၏ လက်ရှိလမ်းအမည်မှာ Waters Reach ဖြစ်ကာ လာမည့် အောက်တိုဘာလ (၁၄)ရက်နေ့မှ စတင်ကာ  ဆြာအဲလက်စ် ဖာဂူဆန်လမ်းဟု့ ပြောင်းလဲခေါ်တွင် သွားစေမည် ဖြစ်သည်။

ဖာဂူဆန်က "ထရက်ဖို့ဒ်ကောင်စီက ဒီလိုဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်တာကြောင့် ကျွန်တော့်အနေနဲ့ ကျေနပ်အားရစွာနဲ့ လက်ခံ ရယူသွားမှာပါ။ (၁၉၈၆)က အိုးထရက်ဖို့ဒ်ကို စရောက်တော့ ဒီလောက်အကြာကြီး နည်းပြပေးဖို့ စိတ်ကူးမရှိခဲ့ပါဘူး၊ ဒါပေမယ့်လည်း ရာစုနှစ်တစ်ခုရဲ့ လေးပုံတစ်ပုံလောက် ကိုင်တွယ်နည်းပြနိုင်ခဲ့တဲ့အပြင် အခုလို freedom of the Borough of Trafford ဂုဏ်ပြုဆုကိုပါ ချီးမြှင့်ခံရပြီး၊ ကျွန်တော့်နာမည်နဲ့ လမ်းနာမည်ပါ အမှတ်တရ ပြောင်းလဲပေးမယ် ဆိုတဲ့အတွက် ကျေနပ်မိပါတယ်" ဟု့ ပြောကြားခဲ့သည်။

ထရက်ဖို့ဒ်ကောင်စီ၏ အကြီးအကဲ ဖြစ်သူ မက်သ်ကောလက်ခ်ျက "ဆြာအဲလက်စ်ရဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှူ့ စွမ်းရည်တွေကြောင့်၊ မန်ယူအသင်းနဲ့အတူ အိုးထရက်ဖို့ဒ် ရပ်ဝန်းဒေသကို သိသိသာသာပဲ များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်၊ ဒါကြောင့်ပဲ ကျွန်တော်တို့ကလည်း သူ့ကို ပြန်လည် ဂုဏ်ပြုပေးရခြင်းဖြစ်ပြီး၊ လမ်းအမည်ကိုပါ သူ့နာမည်နဲ့ ပြောင်းလဲ မှည့်ခေါ် ဂုဏ်ပြုပေးမှာ ဖြစ်ပါတယ်။ သူ့ကြောင့်ပဲ ယူနိုက်တက် အသင်းဟာလည်း အောင်မြင်တဲ့ အသင်းတစ်သင်း အဖြစ် ရပ်တည်နိုင်ခဲ့ပြီး၊ ကမ္ဘာ့အအောင်မြင်ဆုံး အသင်းတွေထဲက အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်" ဟု့ ပြောကြားခဲ့သည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...