Ads (728x90)

Photo: အဲဗာတန်နှင့် ရင်ဆိုင်ရမည့် ပွဲ၌ ပြန်လည်ပါဝင်လာနိုင်မည့် ဟာဇတ် 

လာမည့် စနေနေ့၌ အဲဗာတန် အသင်းနှင့် အဝေးကွင်း ပွဲစဉ်အဖြင့် သွားရောက် ယှဉ်ပြိုင် ကစားရမည့် ချယ်လ်ဆီးအသင်းတွင် ဒဏ်ရာ ရရှိနေသည့် ကွင်းလယ်လူ အီဒင်ဟာဇတ် ပြန်လည် ပါဝင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဟာဇတ်သည် ပြီးခဲ့သည့် သောကြာနေ့က စကော့တလန် အသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် နိုင်ငံအသင်း ပွဲစဉ်၌ ခြေဖနောင့်ကြော ဒဏ်ရာ ရရှိခဲ့ပြီး၊ ပြီးခဲ့သည့် တနင်္လာနေ့က ချယ်လ်ဆီးအသင်းသို့ ပြန်လည် ရောက်ရှိလာကာ ဒဏ်ရာကို ဆေးစစ်မှူ့ ခံယူခဲ့ပြီးနောက်၊ ဆေးအဖွဲ့၏ ခွင့်ပြုချက်အရ လာမည့် စနေနေ့ အဲဗာတန်နှင့် ပွဲစဉ်တွင် ပြန်လည် ကစားနိုင်တော့မည် ဖြစ်သည်။

ဟာဇတ်သည် နည်းပြသစ် မော်ရင်ဟို လက်အောက်တွင် ပထမပွဲထွက် ကစားသမားအဖြစ် ပုံမှန်နေရာ ရနေကာ ခြေစွမ်းပြ ကစားပေးနေသော ကစားသမား တစ်ယောက် ဖြစ်သည်။

မော်ရင်ဟိုက ဟာဇတ်အနေဖြင့် ဒဏ်ရာမှ ပြန်လည် သက်သာလာသော်ငြားလည်း ကစားသမား၏ အခြေအနေကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး မသေချာပဲ အရဲစွန့် အသုံးပြု သွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...