Ads (728x90)

Photo: လီဗာပူးလ် အသင်း၏ ပြိုင်ဆိုင်လိုစိတ်ကို ချီးကျူးလိုက်သည့် ကိုလိုတိုရေး

အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ကိုလိုတိုရေးသည် မန်စီးတီးအသင်းမှ တစ်ဆင့် လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယခုအခါ သူ့အသင်းသစ် လီဗာပူးလ် အသင်း၏ တိုက်ပွဲဝင် စိတ်ဓါတ်ကြောင့် ယခုရာသီသည် မျှော်လင့်ထားသည်ထက် အောင်မြင်မှူ့များ ပိုမို ရရှိလာလိမ့်မည် ဖြစ်ကြောင်း ချီးကျူးပြောကြားလိုက်သည်။

(၃၂)နှစ်အရွယ် အိုင်ဗရီကို့စ် နိုင်ငံသား တိုရေးက "အသင်းမှာ ရှိနေတဲ့ သူ အားလုံးလိုလိုဟာ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် ကြိုးကြိုးစားစား လုပ်ဆောင်နေကြပြီး တိုက်ပွဲဝင် အသင်းစိတ်ဓါတ်တွေဟာ ဆထက်တံပိုး တိုးပွားလာနေပါတယ်၊ ဒီအချက်ကပဲ အသင်းကို ပိုမိုကောင်းမွန် လာစေအောင် ကျွန်တော်တို့ လုပ်နိုင်မယ့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ စိတ်ဓါတ်ကောင်းမွန်မှူ့က အရာအားလုံးကို အောင်မြင်နိုင်စွမ်း ရှိစေပါတယ်။ တစ်ဦးချင်း စွမ်းဆောင်မှူ့ကလည်း အရေးပါပေမယ့်၊ အသင်းလိုက် စွမ်းဆောင်ရည်ကသာ ပိုအခရာကျပါတယ်" ဟု့ ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၃)ပွဲ ကစားအပြီးတွင် (၃)ပွဲလုံးနိုင် (၉)မှတ်အပြည့် ရရှိခဲ့ကာ ဇယားထိပ်၌ ဦးဆောင်နေပြီး၊ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက်အသင်းကို (၁-၀)ဖြင့် အနိုင်ရသည့် ပွဲအပါအ၀င် (၃)ပွဲစလုံး (၁-၀)ဂိုး ရလဒ်များ ရရှိခဲ့သည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...