Untitled Album (5 photos)
အင်္ဂလန်အသင်း လူစာရင်း မပြည့်စုံပဲ ခြေစစ်ပွဲအတွက် ရုန်းကန်နေရချိန်မှာ အင်္ဂလန်နဲ့ ယူနိုက်တက်စတား ရွန်နီဟာ ဇနီးဖြစ်သူ ကောလင်းနဲ့အတူ ပေါ်တူဂီ ကမ်းခြေမှာ သာယာကြည်နူးစွာ အပန်းဖြေလျက် ရှိနေကြာင်း mirror သတင်းက ဖော်ပြထားသည်။
ဝိန်းရွန်နီသည် မန်ယူအသင်း၏ လေ့ကျင့်ရေးတွင် အသင်းဖော် ဖီးလ်ဂျုံးစ်နဲ့ ထိခိုက်မိပြီး နဖူးတွင် ဒဏ်ရာ နက်ရှိုင်းစွာ ရခဲ့ပြီးနောက် ဒဏ်ရာမှာ (၁၀)ချက်မျှ ချုပ်ခဲ့ရသည်ထိ့ ပြင်းထန်ခဲ့သည်။
ဒဏ်ရာ နက်ရှိုင်းမှူ့ကြောင့် အမာရွန် မကျန်စေရန်အတွက် ချုပ်ရိုးဖြည်ပြီးလျင် ပလပ်စတစ် ဆာဂျရီ ထပ်မံ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်မှာတော့ ရွန်နီဟာ ချစ်ဇနီး ကောလင်းနှင့်အတူ ပေါ်တူဂီ နိုင်ငံရှိ ဖိုက်စတား အဆင့် Conrad ဟိုတယ်မှာ တည်းခိုနေပြီး၊ Anco Nascente ကမ်းခြေဘားတစ်ခုမှာ အနားယူနေကာ ထိုပုံရိပ်များကို သတင်းသမားများက အမိအရ ရိုက်ကူးပြီး သတင်းတင်ခဲ့ကြပါတယ်။ ပုံတွင် ရွန်နီက သူ၏ နဖူးမှ ဒဏ်ရာကို ဦးထုပ်ဖြင့် ဖုံးကွယ်ထားသည်ကို တွေ့ရှိရသည်။
ရွန်နီရဲ့ ဒဏ်ရာမှာ နက်ရှိုင်းသည့်အတွက် မည်သည့် အချိန်တွင် အင်္ဂလန်နဲ့ မန်ယူအသင်းမှာ ပြန်လည် ကစားပေးနိုင်မည်လဲ ဆိုသည်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း mirror သတင်းအရ သိရသည်။
Admin Team
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။