Ads (728x90)

Photo: ပြီးခဲ့သည့် ရာသီကကဲ့သို့ ပြသနာမျိုး မဖြစ်စေရန် ရဲအဖွဲ့က မန်ချက်စတာ ဒါဘီပွဲအတွက် လုံခြုံရေး ကြိုတင်ပြင်ဆင်နေ

လာမည့် (၂၂)ရက်နေ့၌ ယှဉ်ပြိုင် ကစားရမည့် မန်ချက်စတာ ဒါဘီပွဲတွင် ပြီးခဲ့သည့် နှစ်ကကဲ့သို့ ပြသနာမျိုး ထပ်မံ မဖြစ်ပေါ်စေရန်အတွက် ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့က လုံခြုံရေးကို ပိုမိုတင်းကျပ်သွားရန် ယခုကတည်းက ကြိုတင် ပြင်ဆင်နေကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက မန်စီးတီး အသင်း၏ အိမ်ကွင်း အိသဟဒ်၌ ယှဉ်ပြိုင်ခဲ့ကြသည့် မန်ချက်စတာ ဒါဘီပွဲစဉ်တွင် ယူနိုက်တက် နောက်ခံလူ ဖာဒီနန်မှာ အကြွေစေ့ဖြင့် ပစ်ပေါက်ခံရခြင်းကြောင့် မျက်ခုံးကွဲခဲ့ရသလို၊ မန်စီးတီး ပရိသတ်တစ်ဦး၏ ကွင်းအတွင်းထိ့ ၀င်ရောက်တိုက်ခိုက်သည့် အခြေအနေကို ရင်ဆိုင်ခဲ့ရကာ စီးတီးဂိုးသမား ဂျိုးဟဒ်၏ အကာအကွယ် ပေးနိုင်ခဲ့မှူ့ကြောင့် ဖာဒီနန်အား ရန်ရှာသည့် သူ၏ အန္တရယ်မှ လွတ်မြောက်ခဲ့ရသည့် အခြေအနေများ ဖြစ်ပွားခဲ့သည်။

ယခုတစ်ခေါက် အိသဟဒ်၌ (၂၂)ရက်နေ့တွင် ယှဉ်ပြိုင်ကြမည့် မန်ချက်စတာ ဒါဘီပွဲတွင် ရဲတပ်ဖွဲ့က ကင်းလှည့်ခြင်းများကို ပိုမိုတိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ကာ၊ ကွင်းပတ်ဝန်းကျင်၌ အရက်သေစာ သောက်စားခြင်းကို တားမြစ်ခြင်းများ ပြုလုပ်သွားမည့်အပြင်၊ အထူးလေ့ကျင့်ပေးထားသည့် အနံ့ခံ ခွေးများကို အသုံးပြုကာ လက်နက်များ ယူဆောင်လာခြင်း ရှိမရှိကိုပါ စစ်ဆေး သွားမည် ဖြစ်သည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များကို မျက်နာဖုံး အကာများ တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသွားမှာ ဖြစ်သလို၊ သက်ဆိုင်ရာ မန်ချက်စတာ ကလပ်(၂)သင်းလုံးကိုလည်း ခေါ်ယူဆွေးနွေးကာ ညှိ့နှိုင်း တိုင်ပင်မှူ့များ ပြုလုပ်၍ ကာကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...