Ads (728x90)

Photo: ဒီရာသီ မန်စီးတီးဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးပါ ဟု့ ပြောဆိုခဲ့ပြီး၊ အာဆင်နယ်ကို စာရင်းထဲ ထဲ့မတွက်ခဲ့တဲ့ အဂွဲရိုး

ယခုရာသီ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှူ့တွင် မန်စီးတီး အသင်းသာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးပါ ဟု့ အာဂျင်တိုင်းသား ဆာဂျီယို အဂွဲရိုးက ဖွင့်ဟပြောဆိုခဲ့ကာ အနီးကပ် ဇယားပြိုင်ဖက် အသင်းများ အကြောင်းကိုပါ ပြောကြားခဲ့ပေမယ့် အာဆင်နယ် အသင်း အကြောင်းကိုတော့ စာရင်းသွင်း ပြောဆိုခြင်း မပြုပဲ ချန်လှပ်ခဲ့ပါတယ်။

တိုက်စစ်မှူး အဂွဲရိုးက "ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီကထက် အင်အားပိုမိုတောင်းတင်းနေတယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ပရီးမီးယားလိဂ်ဟာ တစ်ကယ့်ကို ပြိုင်ဆိုင်မှူ့ ပြင်းထန်လာပါလိမ့်မယ်၊ ဒါပေမယ့် ချန်ပီယံဖြစ်ဖို့အတွက် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အသင်းအဖွဲ့ ရှိနေပါတယ်။ ယူနိုက်တက်နဲ့ ချယ်လ်ဆီး အသင်းတွေထက် ကျွန်တော်တို့ နည်းနည်းပိုကောင်းတယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။

ယူနိုက်တက်ဟာ နည်းပြ အပြောင်းအလဲ ရှိခဲ့တာတောင် ကျွန်တော်တို့အတွက်တော့ အကြီးကျယ်ဆုံး ပြိုင်ဖက်အသင်းပါ၊ ပြီးတော့ ချယ်လ်ဆီးပေါ့ဗျာ၊ သူတို့မှာ မော်ရင်က တစ်ကျော့ပြန် ပြန်လည် ကိုင်တွယ်နေပါတယ်။ စပါးအသင်းကလည်း ကြီးကျယ်တဲ့ အသင်းအဖွဲ့ကို တည်ဆောက်နေပါတယ်။ လီဗာပူးလ်ဟာလည်း အစဉ်အမြဲ ချိန်းခြောက်နိုင်တဲ့ အသင်းပါ။

မန်စီးတီးအသင်းဟာ ဒီဘက်နှစ်တွေမှာ ရင်းနှီးမြုပ်နှံမှူ့ အများအပြား ပြုလုပ်ထားပြီး၊ အလျင်အမြန်ပဲ အများကြီး တိုးတက်လာနေပါတယ်။ အောင်မြင်မှူ့ ရဖို့အတွက် ကျွန်တော်တို့ သိထားပါတယ်။ မန်စီးတီး အသင်းဟာ အသင်းကြီး တစ်သင်း ဖြစ်လာနေပြီးဆိုတာ အသစ်ရောက်လာတဲ့ သူတွေကလည်း သိထားပါတယ်" ဟု့ အာဆင်နယ်အကြောင်း ထဲ့မတွက်ပဲ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှူ့အကြောင်းနှင့် သူတို့အသင်းအပေါ် ချန်ပီယံ ဖြစ်မည်ဟု့ ယုံကြည်ထားမှူ့အကြောင်း များကို ပြောကြားသွားကြောင်း mirror သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...