Ads (728x90)

Photo: မြှာပွေသည်ဟူသော ရီးရဲလ်မက်ဒရစ်၏ စွပ်စွဲချက်ကို အိုဇေးလ်က ပြန်လည်တုံ့ပြန်

ရီးရဲလ်မက်ဒရစ် အသင်း ဥက္ကဌ ပီရက်ဇ်က အိုဇေးလ်၏ ကွင်းပြင်ပ နေထိုင်မှူ့ ပုံစံသည် ပရော်ဖက်ရှင်နယ် မပီသပဲ အမျိုးသမီး များစွာဖြင့် ပျော်ပါးမြှာပွေလွန်းသူ တစ်ယောက် ဖြစ်သည်ဟု့ စွတ်စွဲပြောဆိုခဲ့သလို ...... အိုဇေးလ်အနေဖြင့် လုပ်ခလစာ (၂)ဆ တိုးတောင်းခဲ့ခြင်းကြောင့် အာဆင်နယ်သို့ ရောင်းချခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ..... အိုဇေးလ်ကလည်း မိမိ၏ ပရော်ဖက်ရှင်နယ် ပီသမှူ့ကို အားလုံးက သိရှိနားလည် ထားခြင်းကြောင့် သူ့အပေါ် စွပ်စွဲချက်များသည် အရာထင်လိမ့်မှာ မဟုတ်ကြောင်း ပြန်လည်တုံ့ပြန် ချေပပြောဆိုခဲ့သည်။

အိုဇေးလ်က "ကျွန်တော် ဘယ်လောက် ပရော်ဖက်ရှင်နယ် ပီသတယ်ဆိုတာကို ပြည်သူတွေ အားလုံးက သိကြပါတယ်၊ ဒီလောက်ပြောတာနဲ့တင် ရီးရဲလ်ရဲ့ စွပ်စွဲချက်ကို နားလည် သဘောပေါက်သင့်ပါတယ်" ဟု့ ပြန်လည် တုံ့ပြန်ရှင်းလင်းခဲ့သည်။

ဆက်လက်၍ အိုဇေးလ်က သူ့အနေဖြင့် လက်ရှိအချိန်မှာ ရီးရဲလ်အသင်းအကြောင်းကို ခေါင်းထဲမှာ ထဲ့မထားကြောင်း၊ အာဆင်နယ် အသင်းအတွက်သာ အာရုံအပြည့် စိုက်ထားကြောင်း ဖြည့်စွက်ပြောကြားသွားသည်။

ထို့အပြင် လစာ(၂)ဆ တိုးတောင်းသည် ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ အိုဇေးလ်၏ ဖခင်လည်းဖြစ်၊ သူ၏အေးဂျင့်လည်း ဖြစ်သော မူစတာဖာအိုဇေးလ်က  လုပ်ခလစာ (၂)ဆ တိုးတောင်းခဲ့သည် ဆိုသော ရီးရဲလ်၏ စွပ်စွဲချက်ကို ပယ်ချပြောဆိုခဲ့သည်။

အာဆင်နယ်သို့ အိုဇေးလ် ပြောင်းရွှေ့သွားသည့် ကိစ္စနှင့် ပတ်သက်၍ ရီးရဲလ်ရှိ အသင်းဖော် အများအပြားက စိတ်ပျက်လျက် ရှိနေကြကြောင်း၊ သို့သော်လည်း စပိန်မှ လာသော သတင်းများအရ အိုဇေးလ်သည် အသင်းအတွက် ပေးဆပ်လိုစိတ် နည်းပါးသည့် ကစားသမား ဖြစ်သည်ဟု့ သတင်းများလည်း ထွက်ပေါ်လျက် ရှိနေသည်။

ရီးရဲလ်သို့ အစ္စကိုနှင့် ဂါရတ်ဘေးလ်တို့ ရောက်ရှိလာခြင်းကြောင့် ပွဲထွက်ခွင့် ပုံမှန်ရရှိရန် အာမခံချက် မရှိတော့သဖြင့် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟု့ အိုဇေးလ်၏ အသိုင်းအ၀ိုင်းမှ ထွက်ရှိလာသော သတင်းများအရ သိရသည်။

သို့သော်လည်း စပိန်သတင်းများ၌မူ အိုဇေးလ်သည် အမျိုးသမီးများနှင့် ပျော်ပါးရန် အခြားနိုင်ငံများသို့ စင်းလုံးငှား ဂျက်လေယာဉ်များဖြင့် သွားရောက်ပျော်ပါးသည့် အချိန်က ပိုများနေခြင်းကြောင့် ရီးရဲလ်အသင်းက ထုတ်ရောင်းခဲ့ခြင်း ဖြစ်သည်ဟု့ သိရသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...