Ads (728x90)

Photo: ချယ်လ်ဆီးက သူ့ကို ခေါ်ယူသည့် တန်ဖိုးနှင့် ထိုက်တန်ကြောင်း သက်သေပြဖို့ အဆင်သင့် ဖြစ်နေတဲ့ ၀ီလီယံ

ချယ်လ်ဆီးအသင်းမှာ ပထမ ပွဲထွက် ကစားခွင့် ရရေး မလွယ်ကူမှန်း သိထားပေမယ့် သူ့ကို ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေး တန်ဖိုးနှင့် ထိုက်တန်ကြောင်းကို သက်သေပြဖို့ အဆင်သင့်ဖြစ်နေကြောင်း၊ စတန်းဖို့ဘရစ်ခ်ျမှာ သူ့ရဲ့ အမှတ်လက္ခဏာကို ပြသသွားဖို့ ဆုံးဖြတ်ထားကြောင်း အန်ဇီအသင်းမှ ရောက်ရှိလာသည့် ဘရာဇီး ကစားသမား ၀ီလီယံက ဖွင့်ဟပြောဆိုလိုက်သည်။

ဝီလီယံ  အနေဖြင့် ချယ်လ်ဆီးအသင်းမှာ မော်ရင်ဟိုအကြိုက် ကစားသမားများ ဖြစ်ကြတဲ့ ဟာဇတ်၊ အော်စကာ၊ မာတာ၊ ရာမေးရပ်စ်၊ အန်ဒါရှော်လီနှင့် ကီဗင်ဒီဘရိုင်ယန် တို့ကို ဖြတ်ကျော်ပြီး ပွဲထွက် ကစားခွင့် ရရရေးက မသေချာလှပါဘူး။

ဝီလီယံက "ချယ်လ်ဆီးရဲ့ အနေအထားကို ကျွန်တော် သိထားပါတယ်၊ ကျွန်တော့်နေရာအတွက် စိုးရိမ်ပူပန်မှူ့ မရှိပါဘူး၊ ဒါပေမယ့် နေရာတစ်နေရာနဲ့ ထိုက်တန်ဖို့အတွက်နဲ့ အခြားကစားသမားတွေရဲ့ လေးစားယုံကြည်မှူ့ ရဖို့အတွက် ကျွန်တော့်ရဲ့ အကောင်းဆုံးတွေကို ကျွန်တော် လုပ်ဆောင်သွားပါလိမ့်မယ်။

လေ့ကျင့်ရေး အစီအစဉ်နဲ့ ကစားပွဲတွေမှာ ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံကို ပြသရင်း နည်းပြနဲ့ အသင်းဖန်တွေရဲ့ ယုံကြည်မှူ့ကို ရရှိအောင် ကျွန်တော် လုပ်ဆောင်သွားပါလိမ့်မယ်" ဟု့ ပြောကြားသွားသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...