Ads (728x90)

Photo: အပြီးသတ် ဒဏ်ရာရ စာရင်းကို စိတ်ပူစွာ စောင့်ဆိုင်းနေရသည့် အာဆင်ဝင်းဂါး

အာဆင်နယ် အသင်းတွင် ဒဏ်ရာရ ကစားသမားများ များပြားနေလျက် ရှိသည့်အချိန်တွင် ယခုရက်သတ္တပတ် နိုင်ငံလက်ရွေးစင် အသင်းများတွင် သွားရောက် ကစားခဲ့သည့် အာဆင်နယ် ကစားသမားများ၏ အခြေအနေများမှာလည်း ဒဏ်ရာအနေအထား စိုးရိမ်နေရသည့်အတွက် လာမည့် စနေနေ့ ဆန်းဒါးလန်း အသင်းနှင့် ရင်ဆိုင်ရမည့် ပွဲအတွက် ကြိုတင် ပြင်ဆင်နေသည့် အာဆင်ဝင်းဂါး အဖို့ ကစားသမားတို့၏ အခြေအနေကို စိတ်ပူစွာ စောင့်ဆိုင်း နေရကြာင်း ယူရိုစပို့ သတင်းအရ သိရသည်။

ပေါင်သန်း(၄၀)ကျော် ပေးဝယ် ထားရသည့် အိုဇေးလ်၊ ၀ဲလ်ကော့၊ ၀ီလ်ရှိုင်းယားနှင့် ရမ်ဆေး တို့ နိုင်ငံပွဲများ ကစားပြီးနောက် ဒဏ်ရာရ အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း .....

အခမဲ့ ပြောင်းရွှေ့ကြေးဖြင့် ရောက်လာသူ ယာယာဆာနိုဂို ဒဏ်ရာရခဲ့ခြင်း၊ ဂိုးသွင်းကောင်းနေသည့် အိုလီဗာဂျီးရော့ဒ် ဒဏ်ရာရနေခြင်း၊ ပိုဒေါ့စကီး ဒူးကောက်ကြော ဒဏ်ရာ ရနေခြင်း၊ ဘန်တနာ ကြံ့ခိုင်မှူ့ အပြည့်မရသေးခြင်း၊ အာတီတာ ပြန်မကစားနိုင်သေးခြင်း စသည့် အခြေအနေများကြောင့် အာဆင်ဝင်းဂါးအတွက် ပွဲထွက် လူစာရင်း ရွေးချယ်ရာတွင် အခက်တွေ့နေကြောင်း သိရသည်။

အသင်းခေါင်းဆောင် ဗာမယ်လန်းကတော့ ဒဏ်ရာမှ ပြန်ကောင်းလာပြီးဖြစ်ပေမယ့် ပွဲထွက် ကစားဖို့တော့ မသေချာသေးပါဘူး၊ ဆန်းဒါးလန်းနဲ့ ပွဲမှာ အိုဇေးလ်၊ ကာဇိုလာနှင့် ၀ီလ်ရှိုင်းယားတို့ဖြင့် စိတ်လှူပ်ရှားဖွယ် လိုင်းအပ် ထုတ်ဖွယ် ရှိကြောင်း၊ အာတီတာနေရာမှာ ဖလာမီနီဖြင့် ဗျူဟာခင်း ပွဲထွက်စေနိုင်ကြောင်း ယူရိုစပို့က သုံးသပ် ဖော်ပြထားပါတယ်။

Admin Team

Football Myanmar
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...