Ads (728x90)

Photo: မန်ယူကင်းထောက် စံနစ်တစ်ခုလုံးကို အကြီးစားပြင်ဆင်ဖို့ စီစဉ်နေတဲ့ မိုရက်စ်

ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွင်တွင် ယူနိုက်တက် အသင်း၏ ပစ်မှတ် ကစားသမားများကို ခေါ်ယူရေးတွင် မသေချာ မရေရာမှူ့များ ဖြစ်ခဲ့ပြီးနောက် ပြစ်တင် ဝေဖန်မှူ့များနှင့်လည်း ရင်ဆိုင်ခဲ့ရပြီး ယခုအခါ မန်ယူနည်းပြ မိုရက်စ်က အသင်း၏ ကင်းထောက် အစီအမံကို အသစ်တစ်ဖန် အကြီးစား ပြန်လည် ပြုပြင်ဖို့ စီမံလာကြောင်း Mirror သတင်းက ဖော်ပြထားပါတယ်။

အစကနဦး၌ ထိပ်တန်း ကစားသမား ခေါ်ယူရေးတွင် အရေးနိမ့်ခဲ့ရသည့် အချက်များကို ပြန်လည် သုံးသပ်ခြင်းများ ပြုလုပ်ရန်၊ သူ၏ ကိုယ်ပိုင် စိတ်ချရသော သူများကို ခေါ်ယူဖြည့်တင်းရန်၊ စိတ်ချရသည့် သူများကိုသာ ထဲ့သွင်းပြီး အခြေအနေကို စေ့စပ်သေချာစွာ စစ်ဆေးရန်၊ အပြောင်းအရွှေ့ ပေါ်လစီများကို ပြန်လည် သုံးသပ်ရန်၊ လူငယ်စီမံကိန်းများကို ပြန်လည်သုံးသပ်ရန် အစရှိသဖြင့် အကြီးစား ပြန်လည် ပြင်ဆင်မှူ့များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုရာသီအစ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်တွင် ရော်နယ်လ်ဒို၊ ဖာဘရီဂတ်စ်၊ သီယာဂို၊ ဟာရီယာ၊ ဘိန်းစ်၊ ကွန်ထရာအိုနှင့် ခီဒီယာ တို့ကိုခေါ်ယူရေး ကိစ္စများ လွဲချော်ခဲ့ရမှူ့နှင့် ဖယ်လိုင်နီကို ခေါ်ယူရာ၌လည်း ပေါင်(၄)သန်းကျော် ပိုကုန်ကျခဲ့ရသည့် အက်ဒ်ဝဒ်ဝုဒ်၏ စီမံခန့်ခွဲမှူ့နှင့် ပတ်သက်ပြီး အသင်းပိုင်ရှင် ဂလေဇာတို့မှ ရှင်းလင်းချက် တောင်းခံခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ မိုရက်စ်၏ ပြန်လည် ပြုပြင်ရေး သတင်း ဆက်လက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...